ပဲခူးမြို့သပိတ် ပစ်ခတ်ဖြိုခွဲခံရပြီး ၃ ဦးကျည်အစစ်ထိမှန် ဒဏ်ရာရ

မတ် ၁၄-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်က စုပေါင်းသပိတ်စစ်‌ကြောင်းကို ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၉ နာရီကျော်လောက်က စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၃ဦး သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာတွေ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

“ပုဏ္ဍားစု ၅ လမ်းမှာ တပ်နဲ့ရဲတွေ ပိတ်ဆို့ပစ်ခတ်တယ်။ ကျွန်တော့်ဘေးကညီလေးတစ်ယောက် နှစ်နေရာ ကျည်ဆန်ထိမှန်တယ်။ ပြီးတဲ့အခါ ၁၇ လမ်းနားမှာ နှစ်ဦးထိမှန်ပြီး တစ်ဦးကျဆုံးသိရပေမယ့် သေဆုံးတာ အတည်မပြုနိုင်သေးဘူး” လို့ မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။

နေ့စဉ်ရက်ဆက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပဲခူးမြို့ ဆန္ဒပြသူ သုံးဦးသေဆုံးခဲ့ပြီး သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရတာတွေ ရှိနေပေမယ့် နေ့စဉ်ဆန္ဒဖော်ထုတ်နေကြတဲ့ သပိတ် စစ်ကြောင်းတွေ ရှိနေဆဲပဲလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးမြို့မဇင်း ၁ လမ်းမှာ ဆန္ဒဖော်ထုတ်နေသူတွေကို ပစ်ခတ်ဖြိုခွင်းစဉ် လမ်းဘေးမှာရပ်ကြည့်နေတဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ရွှေအ(ခ)ဇော်ဇော်အောင် ဆိုသူ ဦးခေါင်းကို ကျည်ဆံ‌တစ်ချက်ထိမှန် သေဆုံးခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM #ပဲခူး #ဆန္ဒပြ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW