ရှေ့နေတွေနဲ ဥပဒေကျောင်းသားတွေ အပါအဝင် လူ ၂၀ ကို လဖက်ရည်ဆိုင်ထဲ ဝင်ရောက်ဖမ်းဆီး

မုံရွာ_မတ် ၁၂ ၊ ၂၀၂၁ Voice Of Myanmar (KTG) စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် တိုင်းရင်းဆေးရုံလမ်းနဲ့ ဗန္ဓုလမ်းလမ်းအနီးမှာ ဖွင့်ထားတဲ့ ပွင့်သစ်လဖက်ရည်ဆိုင်ထဲကို ဒီကနေ့ မတ် ၁၂ ရက် မနက် ၁၁ နာရီက လုံခြုံရေးတပ်ဖွဲ့ကာ ရုတ်တရက်ဝင်ရောက်ပြီး လက်လက်ရည်ဆိုင်ထဲက လူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲ့ဒီ ဖြစ်စဥ်ကို မြင်တွေ့လိုက်သူ တစ်​ယောက် ပြောတာက ” လက်လက်ရည်ဆိုင် ပိုင်ရှင်က ဒု မြို့နယ်တရားသူကြီး (ဟောင်း)ဒေါ်သဇင်မြင့်ဇော်ရဲ့ဆိုင်ဖြစ်တယ် ၊ ဖမ်းသွားတဲ့ထဲမှာ ဆိုင်ရှင် လင်မယားပါတယ်၊ ရှေ့နေ နှစ်ယောက်နဲ့ ဥပဒေ ကျောင်းသား သုံးလေးယောက်လည်း ပါသွားတယ် အားလုံး ဖမ်းဆီးခံရတာ ၂၀ ကျော်လောက်ရှိတယ် ၊ သူတို့အား လုံးက ဆိုင်ထဲမှာ လက်လက်ရည်သောက်နေကြတာဖြစ်တာ “လို့…

Read More

ကမ္ဘာ့အေမွအနှစ်ဒေသ စာရင်းဝင် သရေခေတ္တရာဇုန်ထဲမှာလည်း ဆန္ဒပြ

ပြည်-မတ် ၁၂-၂၀၂၁ TG(VOM) ပြည်မြို့က ဆန္ဒပြ ကျောင်းသားပြည်သူလူထုက စစ်တပ်နဲ့ရဲ အကြမ်းဖက်ခံရမှုကို ရှောင်ပြီး ကမ္ဘာအမွေအနှစ်ဒေသစာရင်းဝင် သရေခေတ္တရာမြို့ဟောင်းဇုန်ထဲကိုသွားရောက်ပြီး ဒီကနေ့မတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ပြည်မြို့က စစ်တပ်နဲ့ရဲက ဆန္ဒပြမယ့်လူထုကို လူစုချိန်မှာပဲ အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်တိုက်ပြုလုပ်နေလာတာ​မို့ ဆန္ဒပြပွဲကို ပျောက်ကျားစနစ်နဲ့ပြုလုပ်လာကြတာဖြစ်တယ်လို့သိရပါတယ်။ ဆန္ဒပြမှုကို မနက်အစောပိုင်း စျေးတွေထဲ လှည့်လည် ထုတ်ဖော်တာ၊ ဆိုင်ကယ်တွေနဲ့ ာပ်ကွက်တွေထဲ လှည့်လည်ဆန္ဒထုတ်ဖော်တာ၊ ရပ်ကွက်အလိုက်ညသပိတ်လုပ်တာမျိုးတွေ ပြောင်းလုပ်လာကြ တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ နဲ့စစ်တပ်ကတော့ ဆန္ဒပြသူတွေကိုလူစုလို့မရအောင် မြို့ပေါ်မှာ ကင်းလှည့်တာတွေကို နေ့စဉ်ပြုလုပ်နေပါတယ်။ #voiceofmyanmar #VOM #သရေခေတ္တရာ

Read More

ကသာမြို့က ပုံမှန်စုရပ်နေရာမှာ လုံခြုံရေးတွေရှိနေလို့ နေရာပြောင်းဆန္ဒပြ

ကသာ၊ မတ်လ ၁၂-၂၀၂၁ စပ်ခွန်သာ(VOM) ဒီနေ့ မတ်လ ၁၂ရက်နေ့ ကသာမြို့က ပုံမှန်စုရပ်နေရာမှာ လုံခြုံရေးချထားလို့ အခြားနေရာတစ်ခုမှာပြောင်းရွေ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ စုရပ်အသစ်နေရာမှာ လူစုကြပြီး မြို့တွင်းလမ်းမကြီးတွေကို ရှောင်ကွင်းကာ ရပ်ကွက်လမ်းသွယ်တွေကနေ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲတွေကို ကသာမြို့မှာ မနက်ပိုင်းလမ်းလျောက်ချီတက်တာ၊ ညနေပိုင်း ဆိုင်ကယ်နဲ့လှည့်လည်တာ၊ ထိုင်သပိတ်လှုပ်ရှားမှုပြုလုပ်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။ #VoiceOfMyanmar #VOM #ကသာမြို့ #ဆန္ဒပြ

Read More

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ် ရာဇာဝတ်မှုကျုးလွန်နေဖွယ်ရှိကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး

ဂျီနီဗာ၊ မတ်-၁၂-၂၀၂၁ မျိုးဆက်(VOM) မြန်မာစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ပုံစံမျိုးတွေ ကျူးလွန်နေဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကသတိပေးပြောကြားလိုက်ပြီး ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံက သူ့နိုင်ငံသားတွေကို ပြန်လာဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ ပုံစံမျိုးတွေ ကျူးလွန်နိုင်ဖွယ်ရှိတဲ့ သတ်ဖြတ်မှုနဲ့ တရားမဝင်ထိန်းချုပ်မှုတွေရှိတယ်လို့ Thomas Andrewsက ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ဒီလိုကျူးလွန်ရာတွေမှာ သတ်ဖြတ်မှု၊ အစဖျောက်မှု၊ ဖိနှိပ်မှုနဲ့ ညှဉ်ပန်းနှိပ်စက်မှုတွေ ပါဝင်ဖွယ်ရှိတယ်လို့ Thomas Andrews ကဆိုပါတယ်။ အာဏာပိုင်တွေဟာ လက်နက်မဲ့ဆန္ဒပြသူတွေအပေါ် စစ်မြေပြင်သုံးလက်နက်တွေနဲ့ ဖြိုခွင်းခဲ့ပြီး ဒါဟာသတ်ဖြတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း မတ် ၁၁ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးအကျယ်ဆန္ဒပြမှုတွေ နေ့စဉ်တိုးပွားလာနေတာကို…

Read More

မြောက်ဥက္ကလာပစ်ခတ်မှုမှာ ဆီးခုံကျည်ထိမှန်ခဲ့သူ သေဆုံး

မတ် ၁၂-၂၀၂၁ TG(VOM) မတ်လ ၁၀ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့ သပိတ်ပစ်ခတ်ဖြိုခွဲမှုမှာ ဆီးခုံကျည်ထိမှန်ခဲ့တဲ့ ကိုဇော်ဇော်မိုးဟာ ဒီနေ့ မတ်လ ၁၂ရက်နေ့ မနက် ၄ နာရီလောက်မှာ သေဆုံးသွားတယ်လို့ ဆွေမျိုးတော်စပ်သူတဦးကနေ သိရပါတယ် ။ “မနေ့ကတည်းကသတင်းရတာအခြေအနေမကောင်းတော့ဘူး။ စိတ်လျှော့ထားဖို့ ဆရာဝန်ကပြောတယ်။ ည၈ နာရီလောက်မှာ အောက်ဆီဂျင်တွေရော၊ သွေးပေါင်ချိန်တွေရော သွေးအားတွေရော အကုန်ထိုးကျသွားတယ်။ ည ၁၀ နာရီလောက်ကျ အောက်ဆီဂျင်တက်လာတယ်ကောင်းတယ်ဆိုပေမယ့် ၄ နာရီလောက်ကျတော့ ဆုံးသွားပြီ။ ပထမဖြစ်တဲ့နေ့သိရတဲ့အခြေအနေရဆိုရင် အကိုက ဆီးခုံကျည်မှန်တဲ့အတွက်ကြောင့် သွေးကြောပြတ်သွားတယ်၊ သွေးတောက်လျှောက်သွင်းနေရတယ်။ ပိတ်မိနေတဲ့ကလေးတွေကိုပြန်သွားကယ်ဖို့လုပ်တဲ့အချိန် သူထိသွားတာပေါ့” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောပြပါတယ်။ လက်ရှိမှာတော့ ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကနေ ထုတ်ယူဖို့ မိသားစုကဆောင်ရွက်နေတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဥိးကပြောပါတယ်။ သေဆုံးသူဟာ မြောက်ဥက္ကလာမြို့နယ်က ဘုမ္မာ၁၃လမ်း၊ အမှတ်၄၉၉မှာနေထိုင်ပြီး အမျိုးသမီးနဲ့ ကလေး ၄…

Read More

ထားဝယ်မှာ စစ်တပ်ကပစ်ခတ်လို့ လူတဦးသေဆုံး

မတ် ၁၂-၂၀၂၁ STY မနေ့ မတ်လ ၁၁ရက်နေ့ ညပိုင်းက ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်မှာ ရပ်ကွက်ကပိတ်ထားတဲ့လမ်းကို စစ်တပ်နဲ့ရဲတွေက လာရောက်ရှင်းလင်းခဲ့ပြီး ကင်းစောင့်နေတဲ့သူတွေကို မီးခိုးဗုံး၊ အသံဗုံး၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ကိုဝင်းလှိုင်ထွန်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ်မြို့ #ပစ်ခတ် #သေဆုံး

Read More

အကြမ်းဖက်ဖြိုခွဲတာတွေရှိပေမယ့် မြတောင်သပိတ်စစ်ကြောင်း ပုံမှန်အတိုင်း လှည့်လည်ဆန္ဒပြ

မတ် ၁၂ -၂၀၂၁ LK မန္တလေးမြို့မှာ ဆန္ဒပြတာတွေ လျော့နည်းလာပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ မြတောင်သပိတ်စစ်ကြောင်းဟာ ပုံမှန်အတိုင်း လှည့်လည်ဆန္ဒပြမှုပြုလုပ်ခဲ့ပါတယ်။ မနေ့ မတ်လ ၁၁ရက်နေ့က မြတောင်သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဖြိုခွင်းမှုပြုလုပ်ခဲ့ပြီး လူသေဆုံးမှုနဲ့ ဖမ်းဆီးခံထားရတာတွေလည်း ရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်စစ်ကြောင်း

Read More

စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ ရှမ်းဝိုင်းရပ်ကွက်အတွင်းကို ဝင်ရောက်ဖျက်ဆီးသွား

မန္တလေး၊ မတ်- ၁၂- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ ၈၆ လမ်း ၃၆×၃၇ နားမှာရှိတဲ့ ရှမ်းဝိုင်းရပ်ကွက်အတွင်းကို မနေ့ညပိုင်းမှာ စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ သေနတ်ပစ်ဖောက်ပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ “မနေ့ည ၁၂ နာရီကျော်လောက်မှာ သေနတ်တွေပစ်ပြီး ဝင်လာတာ၊ ဝင်လာပြီးတော့ ရပ်ကွက်ထဲကို အကုန်လိုက်ဖျက်ဆီးတာ၊ ဟိုဘက်အိမ်က ဒီဘက်ကို လက်ညိုးထိုးပြလိုက်တော့ အန်တီ အိမ်ကို တအားဘဲ သေနတ်နဲ့ အချက် ၃၀ လောက် ပစ်သွားတာ၊ မှန်တွေရိုက်ခွဲလို့ မရတော့ သေနတ်တွေနဲ့ပစ် ဘက်ခွတွေနဲ့ထုပြီးတော့ တအားကိုဆဲသွားတာ၊ သံပုံးတီးပြီး သီချင်းဆိုလို့တဲ့ ဖြစ်သွားတဲ့ အဖြစ်က တစ်ရပ်ကွက်လုံးကို ရစရာမရှိတော့ဘူး၊ ဗိုလ်ရဲ့ မိန်းမအိမ်ကို ပစ္စည်းတွေလာတင်ရင်းနဲ့ ဘာပြောလိုက်မှန်းမသိဘူး ငါ့တူမြင်တဲ့အတိုင်း တစ်ရပ်ကွက်လုံးကို ရစ ရာမရှိဘူးဖြစ်သွားတာ၊ ဒါ…

Read More

မြန်မာနိုင်ငံကို ရန်ပုံငွေထောက်ပံ့မှု အာရှဖွံ့ဖြိုးရေးဘဏ် ရပ်ဆိုင်း

မနီလာ၊ မတ်-၁၂-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ရန်ပုံငွေပေးအပ်မှုတွေကို အာရှဖွံ့ဖြိုးရေးဘဏ်က ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးမီးကဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး အထူးသဖြင့် ဆန္ဒပြပွဲတွေမှာ အရပ်သားတွေသေဆုံးမှုတွေကြောင့်ဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ စာချုပ်သစ်တွေနဲ့ပတ်သက်ပြီး ရန်ပုံငွေပေးအပ်မှုတွေကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ယာယီဆိုင်းငံ့ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ သောက်သုံးရေးရရှိရေးနဲ့ အခြေခံလမ်းပန်းဆက်သွယ်မှုလိုမျိုး စီမံကိန်းတွေအတွက် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရန်ပုံငွေပေးအပ်ခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ကဆိုပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အခြားသောဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေပေးအပ်မှုဟာ မြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပြီး ရန်ပုံငွေတွေရပ်တန့်လိုက်တာဟာ အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်ဘက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ သူတို့က…

Read More

NLD ပါတီနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာစစ်တပ်ကို ထိုင်းအစိုးရ တိုက်တွန်းထား

ဘန်ကောက်၊ မတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေပြန်လည်တည်ငြိမ်ရေးအတွက် အင်န်အယ်လ်ဒီပါတီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံက အဆိုပြုကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အခြားအဆိုပြုချက်တွေကတော့ အကောင်အထည်ဖော်ဖို့ခက်ခဲမယ်လို့ မိမိတို့ရှုမြင်ကြောင်း၊ နို်င်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို အဖြေရှာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒါကတော့ နှစ်ဘက်အကြား ညှိနှိုင်းဆွေးနွေးမှုဆက်ဆံရေးတစ်ရပ်ကို ရှာဖွေရန်ဖြစ်တယ်လို့ Asia News Network နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီး Don Pramudwinai ပြောပါတယ်။ နှစ်ဘက်အနေနဲ့ ရံဖန်ရံခါ အငြင်းပွားမှုတွေဖြစ်ခဲ့တာကို ဘေးချိတ်ပြီး တစ်ဘက်နဲ့တစ်ဘက် စည်းလုံးညီညွွှတ် အားကိုးအားထားပြုပြီး အတူတကွရှေ့ဆက်လျှောက်လှမ်းတာဟာ အကောင်းဆုံးဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီလိုညှိနှိုင်းဆွေးနွေးဖို့နဲ့ပတ်သက်ပြီး စစ်ကောင်စီကခန့်အပ်ထားတဲ့ ကိုယ်စားလှယ် ဦး၀ဏ္ဏမောင်လွင်နဲ့ အွန်လိုင်းကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက တိုက်တွန်းခဲ့တာဖြစ်ပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုတော့ အကဲဖြတ်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ…

Read More
VOM News

FREE
VIEW