မန္တလေးမြို့မှာ စစ်ကားတစ်စီးက ဆိုင်ကယ်တစ်စီးကိုတိုက်လို့ လူငယ် ၃ဦး ပြင်းထန်ဒဏ်ရာရ

မတ် ၈ -၂၀၂၁ Voice Of Myanmar ဒီကနေ့ မတ်လ ၈ ရက်နေ့ ၁၀နာရီဝန်းကျင်က မန္တလေး၊ချမ်းမြသာစည်၊ ၅၇လမ်းနဲ့ မနော်ဟရီလမ်းမှာ စစ်ကား ဒဘယ်ကပ်က တိုက်သွားလို့ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မောင်ဟန်ဝင်းအောင်ဆိုသူဟာ စိုးရိမ်ရတဲ့ အခြေအနေရှိနေပြီး မမြသွေးခြယ် ၂၂ နှစ်လည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #စစ်ကား #ဆိုင်ကယ်တိုက်

Read More

မြစ်ကြီးနားသပိတ်ကို ရဲနဲ့စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ ဖြိုခွဲ

မတ် ၈-၂၀၂၁ YAT မြစ်ကြီးနားမြို့မှာ ဒီနေ့ မတ်လ ၈ ရက်မနက်က လူသောင်းနဲ့ချီပြီး အာဏာသိမ်းမှုကန့်ကွက်ဆန္ဒဖော်ထုတ်မယ့် သပိတ်လူစုနေတုန်းမှာ ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့လာပြီး လူစုဖြိုခွဲတာကြောင့် ဆန္ဒထုတ်ဖော်သူတွေ စိန်ကိုလဘံဘုရားကျောင်းအတွင်း ပိတ်မိနေခဲ့ပါတယ်။ အပြင်ဘက်ကလည်း လမ်း ၂ ဘက်ညှပ်ပြီး လူထုက ဆန္ဒဖော်ထုတ်နေတာပါ။ ရဲနဲ့ စစ်ကားတွေက အပြင်က ထပ်ဝိုင်းပြီး အသံဗုံးပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။ လူငယ်တွေကတော့ တစ်ခြားနေရာကနေ ဆန္ဒ ထပ်ပြနေကြပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနားမြို့ #သပိတ် #ဖြိုခွဲ

Read More

မန္တလေးမြို့က လူငယ်တချို့ Mobile Band campaign ပြုလုပ်

မန္တလေး၊ မတ် ၈ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က လူငယ်တချို့ စုပေါင်းပြီးတော့ မြို့ရဲ့ နေရာအနှံ့မှာ Band campaign ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #Band-Campaign

Read More

တောင်ငူသပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက မျက်ရည်ယိုဗုံးသုံး လူစုခွဲလို့ တစ်ဦးဒဏ်ရာရ

‌မတ် ၈-၂၀၂၁ ကောင်းလက်ျာ(VOM) ပြည်သူနဲ့ကျောင်းသား အင်အားသုံးသောင်းနီးပါးနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်‌နေကြတဲ့ တောင်ငူမြို့ သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၈ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကြက်ပန်းပဲဖိုကြီးနားမှာ ပထမဆုံးစခွဲတယ်။ နောက်ထပ်နံပါတ် ၁ လမ်းနဲ့ မီးသတ်ထောင့်မှာ နောက်ထပ်ခွဲပြီး ဆန္ဒပြလူအုပ်နောက်ကို ဇွတ်တက်ပြီးပစ်ခတ်တယ်။ အသံဗုံးတွေနဲ့ မျက်ရည်ယိုဗုံးတွေကော ထပ်ပစ်တာ၊ အိမ်တွေပေါ်လည်းကျကုန်တယ်။ ကလေးတစ်ဦးကို ဖမ်းမိပေမယ့် ပြန်လွှတ်ပေးသွားတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။ တစ်‌လကျော်ခန့်ရှိ‌လာပြီဖြစ်တဲ့ တောင်ငူသပိတ်စစ်ကြောင်းကို ဒီနေ့ပထမဆုံး စတင်ဖြိုခွဲခံရတာဖြစ်ပြီး ဒီနေ့ မနက်ကတည်းက တိုင်းစစ်ဌာနချုပ် အကြီးအကဲနဲ့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ‌နေရာများကို န.စ.အကောင်စီက ပြောင်းလဲလိုက်တယ်လို့ သတင်းတွေ ထွက်ပေါနေပေမယ့် အတည်ပြုချက် မရရှိသေးပါဘူး။ #VoiceOfMyanmar #VOM #တောင်ငူ #သပိတ်စစ်ကြောင်း #မျက်ရည်ယိုဗုံး…

Read More

ပဲခူး သပိတ်စစ်ကြောင်း စတင်ဖြိုခွဲခံနေရ

မတ် ၈-၂၀၂၁ VOM(TG) ဒီနေ့ မတ်လ၈ရက်နေ့ မနက် ပဲခူးမြို့က ဆန္ဒပြလူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးတွေသုံးပြီး စတင်ဖြိုခွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။ ရဲနဲ့စစ်တပ်အင်အား အများအပြားက ဖြိုခွဲမှုကိုပြုလုပ်နေတာဖြစ်တယ်လို့ ဆန္ဒပြ ပြည်သူတစ်ဦးကပြောပါတယ်။ #VoiceOfMyanmar #VOM #ပဲခူးမြို့ #သပိတ်စစ်ကြောင်း #ဖြိုခွဲ #မျက်ရည်ယိုဗုံး

Read More

မြန်မာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သြစတြေးလျရပ်ဆိုင်း

ဆစ္ဒနီ၊ မတ်-၈-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းလို့ ဆန္ဒပြမှုအကြီးအကျယ်ဖြစ်ပွားနေတဲ့အပေါ် အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်ဆောင်နေချိန်မှာဘဲ မြန်မာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး Marise Payne က ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေကို လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေတဲ့ ကဏ္ဍနဲ့  လူနည်းစုတိုင်းရင်းသားတွေအတွက် ပြောင်းလဲအသုံးပြုသွားမယ်လို့ သူရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာတွေကိုပဲ မိမိတို့ဦးစားပေးထောက်ပံ့သွားမှာဖြစ်ပြီး ဒီလိုဆောင်ရွက်မှုမှာ အစိုးရသို့မဟုတ် အစိုးရနဲ့ ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေနေရာမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အစားထိုးလက်တွဲသွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။ မြန်မာနဲ့ သြစတြေးလျနိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးတာမျိုးအပါအ၀င် စစ်မြေပြင်တိုက်ခိုက်ရေးမဟုတ်တဲ့ ပုံစံမျိုးအဖြစ်သာ ကန့်သတ်ထားပြီး လက်ရှိမှာ ဒါကိုလည်းရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ သြစတြေးလျအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် ကိုလွှတ်ပေးရေးအတွက် ဆက်လက်တောင်းဆိုသွားမှာဖြစ်ပြီး သူဟာ ဖေဖော်ဝါရီ ၁…

Read More

လှိုင်သာယာမှာ FGWMအဖွဲ့က ထဘီတပ်ဦးအလံသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြပြီး  အလုပ်ရပ်ဆိုင်းရေးကမ်ပိန်းမှာ လုပ်သားအားလုံးပါဝင်ရေး သမဂ္ဂ ၁၈ ဖွဲ့တိုက်တွန်း

ရန်ကုန်၊မတ် ၈၊၂၀၂၁ အေးချမ်းသူ+မင်းဝဿန်(VOM)   လှိုင်သာယာမြို့နယ်နယ်မှာ မြန်မာနိူင်ငံအ ထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FGWM)က စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရေးအတွက် ဒီနေ့နံနက်ပိုင်းက ထဘီတပ်ဦးအလံသပိတ်စစ်ကြောင်းနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။   လှိုင်သာယာမြို့နယ်မှာ  စစ်အာရှင်ဆန့်ကျင်ရေးအတွက် ထိုင်သပိတ်တွေကို မီးခွက်စျေးနဲ့ တစ်ထိပ်အစရှိတဲ့ ကားမှတ်တိုင်တွေမှာလည်း လုပ်နေကြတာပါတယ်။   ပုဂ္ဂလိကလုပ်သားတွေ၊ စက်ရုံလုပ်သားတွေအနေနဲ့ မတ်လ ၈ ရက်က စတင်ပြီး  အလုပ်ရပ်ဆိုင်းရေးကမ်ပိန်းမှာ ပါဝင်လှုပ်ရှားဖို့အတွက် အလုပ်သမား သမဂ္ဂ ၁၈ ဖွဲ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။   “မတ်လ ၈ ရက်မှာ တရားဝင်အစိုးရကတော့ CDM အတွက် အစိုးရဝန်ထမ်းတွေကိုပြောတာပေါ့။ အမတို့ကတော့ တနိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိကအလုပ်သမားအကုန်လုံးကိုအလုပ်ရပ်ကမ်ပိန်းလုပ်ဖို့ပြောတာပါ။ အလုပ်သမားတွေအားလုံးကိုတိုက်တွန်းတာပါ။ သမဂ္ဂအဖွဲ့ဝင်တွေရော ၊ မဝင်သူတွေရော အားလုံး စစ်အာဏာရှင်စနစ်ကိုဖီဆန်ဖို့ ဒီကမ်ပိန်းမှာ တက်တက်ကြွကြွပါဝင်ဖို့တိုက်တွန်းပါတယ်။”လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်သူ မမိုးစန္ဒာမြင့်ကပြောပါတယ်။   မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်းတွေဖြစ်တဲ့ သမဂ္ဂ ၁၈ ဖွဲ့က…

Read More

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို ထုတ်ချေးထားတဲ့ နှစ်လစာချေးငွေ ပြန်ဆပ်ဖို့မလိုတော့

ရန်ကုန်-မတ်-၈-၂၀၂၁ ကျော်သူမြင့်   NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလက နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) တွေကို အတိုးမဲ့ကြိုတင်ထုတ်ချေးထားတဲ့ နှစ်လစာချေးငွေတွေဟာ ပြန်ဆပ်ရန်မလိုတဲ့ ချေးငွေအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ခန့်တဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ခေ တ္တပြည်ထောင်စုဝန်ကြီး၊ ဦးတင်ထွန်းနိုင်က ဒီကနေ့ မတ်လ ၈ ရက်ရက်စွဲနဲ့ လက်မှတ်ရေးထိုး ကြေညာခဲ့ပါတယ်။   “ကျွန်မတို့က CDM လှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက် ဒီကြေညာချက်ကိုသဘောတူလက်ခံတယ် ကျွန်မတို့ပြန်ဆပ်လိုက်တဲ့ပိုက်ဆံက အာဏာကိုမတရားရယူထားတဲ့ စစ်အစိုးရလက်ထဲကို အရောက်မခံနိုင်ဘူး အရပ်သားအစိုးရလက်ထဲကိုအာဏာပြန်ရရင် ကျွန်မတို့ချေးထားတဲ့ နှစ်လစာကိုပြန်ဆပ်ပါလို့ပြောရင် ကျေကျေနပ်နပ်ကြီးပြန်ဆပ်လိုက်မယ် အခုစစ်အစိုးရကိုတော့မဆပ်နိုင်ဘူး အခုပြည်ထောင်စုဝန်ကြီးက ကြေညာသလို ချီးမြှင့်ငွေအဖြစ်သတ်မှတ်တဲ့အပေါ်မှာလက်ခံတယ် ကြိုဆိုတယ်”လို့ CDM လှုပ်ရှားမှုမှာ ပါတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီးတစ်ဦးက သူ့သဘောထားကို ပြောပါတယ်။ CDM လှုပ်ရှားမှုမှာမပါတဲ့ အကောက်ခွန်ဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးကတော့   “ကျွန်တော်တို့အမြင်ကတော့…

Read More

ပခုက္ကူတက္ကသိုလ်ထဲ တပ်စွဲတဲ့ကိစ္စ မောင်းထုတ်တဲ့ပြည်သူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ

မတ် ၇-၂၀၂၁ NLP ပခုက္ကူတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ရဲကို မောင်းထုတ်ခဲ့တဲ့ ပြည်သူတွေကို ဒီနေ့ညနေ ၃နာရီက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပခုက္ကူတက္ကသိုလ် #တပ်စွဲ #မောင်းထုတ် #ပစ်ခတ်ဖြိုခွဲ

Read More

ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ ဦးခင်မောင်လတ်ကို သင်္ဂြိုလ်

မတ် ၇-၂၀၂၁ MHS မနေ့ မတ်လ ၆ရက်နေ့ ညပိုင်းက ပန်းပဲတန်းမြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့တဲ့ ပန်းပဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ်ကို ဒီနေ့ မတ်လ ၇ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုဿန်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့အတိုင်း သင်္ဂြိုလ်ခဲ့ပါတယ်။ ဦးခင်မောင်လတ်ကို မနေ့ ညပိုင်းမှာ ရဲနဲ့စစ်တပ်က ဖမ်းဆီးပြီးနောက် ဒီနေ့မနက်မှာ မိသားစုထံကို သေဆုံးကြောင်း အသိပေးပြီး အလောင်းလာထုတ်ခိုင်းခဲ့တာပါ။ ရဲတပ်ဖွဲ့ကတော့ ဦးခင်မောင်လတ်ဟာ ဖမ်းဆီးပြီးပြီးချင်း ကားပေါ်အရောက်မှာပဲ အသံဗုံးကြောင့် ရှော့ဖြစ်ပြီး သေဆုံးတာလို့ ပြောထားပါတယ်။ ဦးခင်မောင်လတ်ဟာ ၂၀၂၀ရွေးကောက်ပွဲဝင် ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လည်း ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၈နှစ် ရှိပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဦးခင်မောင်လတ် #သင်္ဂြိုလ်

Read More
VOM News

FREE
VIEW