တောင်ငူသပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက မျက်ရည်ယိုဗုံးသုံး လူစုခွဲလို့ တစ်ဦးဒဏ်ရာရ

‌မတ် ၈-၂၀၂၁
ကောင်းလက်ျာ(VOM)

ပြည်သူနဲ့ကျောင်းသား အင်အားသုံးသောင်းနီးပါးနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်‌နေကြတဲ့ တောင်ငူမြို့ သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၈ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကြက်ပန်းပဲဖိုကြီးနားမှာ ပထမဆုံးစခွဲတယ်။ နောက်ထပ်နံပါတ် ၁ လမ်းနဲ့ မီးသတ်ထောင့်မှာ နောက်ထပ်ခွဲပြီး ဆန္ဒပြလူအုပ်နောက်ကို ဇွတ်တက်ပြီးပစ်ခတ်တယ်။ အသံဗုံးတွေနဲ့ မျက်ရည်ယိုဗုံးတွေကော ထပ်ပစ်တာ၊ အိမ်တွေပေါ်လည်းကျကုန်တယ်။ ကလေးတစ်ဦးကို ဖမ်းမိပေမယ့် ပြန်လွှတ်ပေးသွားတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

တစ်‌လကျော်ခန့်ရှိ‌လာပြီဖြစ်တဲ့ တောင်ငူသပိတ်စစ်ကြောင်းကို ဒီနေ့ပထမဆုံး စတင်ဖြိုခွဲခံရတာဖြစ်ပြီး ဒီနေ့ မနက်ကတည်းက တိုင်းစစ်ဌာနချုပ် အကြီးအကဲနဲ့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ‌နေရာများကို န.စ.အကောင်စီက ပြောင်းလဲလိုက်တယ်လို့ သတင်းတွေ ထွက်ပေါနေပေမယ့် အတည်ပြုချက် မရရှိသေးပါဘူး။

#VoiceOfMyanmar #VOM #တောင်ငူ #သပိတ်စစ်ကြောင်း #မျက်ရည်ယိုဗုံး #ဒဏ်ရာရ #လူစုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW