မန္တလေး သံဃသမဂ္ဂစစ်ကြောင်းရဲ့ ညနေခင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း

ဧပြီ ၆ -၂၀၂၁ မန္တလေးသံဃသမဂ္ဂစစ်ကြောင်းရဲ့ ငြိမ်းချမ်းရေးသပိတ် ၃၄ ရက်မြောက်အဖြစ် မြန်မာပြည်သူပြည်သားများ ဆင်းရဲဒုက္ခအပေါင်းကနေ အမြန်လွတ်မြောက်စေဖို့ ဒီကနေ့ညနေပိုင်းမှာ ပရိတ်ရွတ်မေတ္တာပို့ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

ဆန္ဒပြလို့ ကျဆုံးခဲ့ရတဲ့သူတွေအတွက် ဒုဌဝတီမြစ်သောင်ပြင်နဲ့ ရေပေါ်မှာ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

မန္တလေး၊ ဧပြီ ၆ – ၂၀၂၁ (Voice Of Myanmar) ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတွေက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ဖြစ်စဥ်တွေကြောင့် ကျဆုံးခဲ့ရတဲ့သူတွေအတွက် ပညာ ရေးစစ်ကြောင်းများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီနဲ့ ဗကသများအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ဒုဌဝတီမြစ် သောင် ပြင်နဲ့ ရေပြင်ပေါ်မှာ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အောက်မေ့ဖွယ် အခမ်းအနားမှာတော့ သမဂ္ဂအလံနဲ့ သူ ရဲကောင်းတွေကို အလေးပြုခဲ့သလို ခေတ်အဆက် ဆက်က ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူတွေကိုလည်းအလေးပြုခဲ့ကြတယ်လို့ အခမ်းအနားမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။ အဲ့ဒီအခမ်းအနားမှာ ကမ္ဘာမကြေဘူးသီချင်းသီဆိုခြင်း၊ အမှတ် တရ ကဗျာရွတ်ဖတ်ခြင်းနဲ့ စက္ကူလှေငယ်လေးများပေါ်မှာ ကျဆုံးခဲ့တဲ့သူတွေရဲ့ ဓာတ်ပုံတွေတင်ကာ မြစ်ရေပြင်မှာမျှောကာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ PHOTO- Swan Htet Aung – Thet Soe Htike #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #အောက်မေ့ဖွယ်အခမ်းအနား #ပညာရေး

Read More

ပဲခူးမြို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဖမ်းဆီးခံ ၁၀၀ ကျော်ရှိတယ်လို့ Legal Aid Bago ထုတ်ပြန်

ဧပြီလ ၆-၂၀၂၁ KLY(VOM) တပ်မတော်က နိုင်ငံတော်အာဏာကို ရ ယူထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီလ၅ ရက်နေ့အထိ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပဲခူးမြို့နယ်တစ်ခုထဲက ဖမ်းဆီးထိန်းသိမ်းခံအမျိုးသား၊အမျိုးသမီး ၁၀၀ ကျော်ခန့်ရှိနေတယ်လို့ Legal Aid Bago က မနေ့ ဧပြီ ၅ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ Legal Aid Bago တာဝန်ရှိသူ တစ်ဦးက “ပဲခူးမှာ မတ်လ ၁၁ ရက်နေ့က ဖမ်း ဆီးခံရတာ အများဆုံးဖြစ်နေပါတယ်။တစ်နေ့ထဲစုစုပေါင်း၂၅ ဦးဖမ်းခံခဲ့ရပြီး ခုနောက်ပိုင်းမှာဖမ်းဆီးခံရသူ နည်းလာပေမယ့် အိမ်မှာလမ်း‌ပေါ်မှာ ဖမ်းခံရတာမျိုးပါ “လို့ ပြောပါတယ်။ အခု အချက်အလက််တွေဟာ Legal Aid Bago ကို သတင်းပေးတိုင်ကြား သိရှိရသူတွေရဲ့ အချက်အ လက်တ္ဖဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ…

Read More

ကလေးမြို့မှာ ‌အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်ပိုင်း အင်အားအများဆုံးဆန္ဒပြ

ကလေး-ဧပြီ-၆-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ စစ်တပ်က ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှု ဆက်တိုက်ပြုလုပ်ပြီးနောက်ပိုင်း ဒီနေ့ဧပြီလ ၆ ရက်နေ့မှာတော့ အင်အားအများဆုံးနဲ့ ဆန္ဒပြကြပါတယ်။ ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး တစ်ရက်မှမနားဘဲ ဆက်တိုက်ပြုလုပ်ခဲ့ကြသလို ဒီနေ့ဆိုရင် ဆန္ဒပြမှု ၅၈ ရက်မြောက်အထိရှိပြီဖြစ်ပါတယ်။ လွတ်လပ်စွာ ဆန္ဒပြခွင့်ရစဉ်ကာလက နေ့စဉ် လူပေါင်း သောင်းချီသိန်းချီနဲ့ ဆန္ဒပြခဲ့ကြပေမယ့် အကြမ်းဖက်ဖြိုခွင်းခံရမှုတွေ ဆက်တိုက်ပြုလုပ်ခံရပြီးနောက်မှာတော့ ရပ်ကွက်အလိုက် သပိတ်စစ်ကြောင်းတွေများစွာခွဲပြီး ပြောက်ကျားစနစ်နဲ့ပြုလုပ်ခဲ့ရသလို သပိတ်စစ်ကြောင်းတစ်ကြောင်းမှာ လူအင်အား ၁၀၀ ကနေ ၃၀၀ အထိသာ ပါ၀င်ခဲ့ကြတာပါ။ ဒီကနေ့ပြုလုပ်တဲ့ တာဟန်းသပိတ်စစ်ကြောင်းမှာတော့ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်ပိုင်း အင်အားအများဆုံးအဖြစ် လူအင်အား နှစ်ထောင်ခန့်ပါ၀င်ကာ ဆန္ဒပြကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #vom #ကလေးမြို့

Read More

ပင်လည်ဘူး မြို့နယ်ထွေအုပ်ရုံးနဲ့ တရားရုံး မီးလောင်

ဧပြီ ၆ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်တရားရုံး အဆောက်အဦးတွေ မနေ့ ဧပြီ ၅ ရက်ည ၉ နာရီက မီးလောင်ခဲ့တယ်လို့ ပင်လည်ဘူး မြို့ခံတွေကနေ သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ရဲတွေက ဆန္ဒပြ လူတွေကို ပစ်ခတ်ဖြိုခွဲတယ် ၊ ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရတယ် ၊ လူ ၂ ဦး အဖမ်းခံရတယ် ၊ ဒါကို မြို့လူထုက ကျေနပ်မှုမရှိလို့ ညပိုင်းမှာ ညသပိတ်လုပ်တယ် ၊ အဲ့ဒီ ညသပိတ်မှာပဲ ထွေအုပ်ရုံး၊ တရားရုံးနဲ့ စစ်ပြန် လက်ဘက်ရည်ဆိုင် မီးလောင်ခဲ့တာဖြစ်တယ် ” လို့ ပင်လည်ဘူး မြို့ခံ တစ်ယောက်က…

Read More

လွိုင်ကော်မှာ ဖမ်းဆီးခံရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံး

ဧပြီ ၆-၂၀၂၁ KLY(VOM ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ မနေ့ ဧပြီ ၅ရက် မနက်က ဆန္ဒပြသူ၁၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့အထဲက အသက် ၅၀ အရွယ် အမျိုးသားကြီးတစ်ဦး ဒီနေ့ ဧပြီ ၆ ရက် မနက် အစောပိုင်းကသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ “သေဆုံးသူက ဖမ်းဆီးခံရစဉ် ရာဘာကျည်ဆန် ထိမှန်ထားတယ်။ မနေ့ည၉ နာရီလောက်က အဖမ်းခံထားရသူတွေထဲက အချို့ပြန်လွတ်လာချိန်သူလည်းပါတယ်။ကနေ့ မနက် ၅ နာရီလောက်မှာဆုံးသွားတာပါ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ မနေ့က မနက် ၇ နာရီကျော်လောက်က စတင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ‌ဒေါဥခူရပ်ကွက်က သပိတ်စစ်ကြောင်းတွေလူစုခွဲချိန် စစ်တပ်နဲ့ရဲက ရပ်ကွက်တွေထဲအထိဝင်ရောက်ဖမ်းဆီးခဲ့တဲ့အပြင် မိုင်းလုံးရထားသံလမ်းအနီးမှာလည်း ခရီးသွားပြည်သူအချို့ကို စစ်ဆေးဖမ်းဆီးမှုတွေလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ သေဆုံးသူ အမျိုးသားဟာ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက် ၊ အုန်းတောလမ်းနဲ့စနေသင်းဘုးရားကျောင်းအနီး နေထိုင်သူဖြစ်ပြီး ဒေါဥခူရပ်ကွက်၊သပိတ်စစ်ကြောင်း လူစုခွဲ‌နေချိန်…

Read More

ရုပ်ရှင်သရုပ်ဆောင်ဇာဂနာ နေအိမ်မှာ ဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၆၊၂၀၂၁ အေးချမ်းသူ(VOM) ရုပ်ရှင်သရုပ်ဆောင်ဇာဂနာကို ဒီနေ့ ဧပြီ ၆ ရက် နံနက်ပိုင်းမှာ တာမွေမြို့နယ် ၁၆၆လမ်း နေအိမ်မှာ စစ်တပ်က လာရောက်​ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇာဂနာနဲ့ ဆွေမျိုးတော်စပ်သူတဦးကနေ သိရပါတယ်။ ဆွေမျိုးတော်စပ်သူတဦးက”ဒီနေ့ မနက်၉နာရီခွဲအချိန်က စစ်တပ်ရယ် ရဲတွေရယ် လာခေါ်သွားတာပါ ပြောရရင် ဖမ်းသွားတာပါ”လို့ VOMကို အတည်ပြု ပြောဆိုပါတယ်။ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တွေ ၊ထင်ပေါ် ကျော်ကြားသူတွေနဲ့သတင်းထောက်တွေကို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #vom #ဇာဂနာ

Read More

မန္တလေး စက်မှုစုပေါင်းသပိတ် ဆန္ဒပြနေချိန် ဖြိုခွဲခံရ

ဧပြီ ၆ -၂၀၂၁ မန္တလေးမြို့ စက်မှုစုပေါင်းသပိတ်ဟာ ဒီကနေ့မနက်ပိုင်း ဆန္ဒပြနေချိန် လာရောက်ဖြိုခွဲခံခဲ့ရပြီး အချိန်မှီ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More
VOM News

FREE
VIEW