ပဲခူးမြို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဖမ်းဆီးခံ ၁၀၀ ကျော်ရှိတယ်လို့ Legal Aid Bago ထုတ်ပြန်

ဧပြီလ ၆-၂၀၂၁
KLY(VOM)

တပ်မတော်က နိုင်ငံတော်အာဏာကို ရ ယူထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီလ၅ ရက်နေ့အထိ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပဲခူးမြို့နယ်တစ်ခုထဲက ဖမ်းဆီးထိန်းသိမ်းခံအမျိုးသား၊အမျိုးသမီး ၁၀၀ ကျော်ခန့်ရှိနေတယ်လို့ Legal Aid Bago က မနေ့ ဧပြီ ၅ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

Legal Aid Bago တာဝန်ရှိသူ တစ်ဦးက “ပဲခူးမှာ မတ်လ ၁၁ ရက်နေ့က ဖမ်း ဆီးခံရတာ အများဆုံးဖြစ်နေပါတယ်။တစ်နေ့ထဲစုစုပေါင်း၂၅ ဦးဖမ်းခံခဲ့ရပြီး ခုနောက်ပိုင်းမှာဖမ်းဆီးခံရသူ နည်းလာပေမယ့် အိမ်မှာလမ်း‌ပေါ်မှာ ဖမ်းခံရတာမျိုးပါ “လို့ ပြောပါတယ်။

အခု အချက်အလက််တွေဟာ Legal Aid Bago ကို သတင်းပေးတိုင်ကြား သိရှိရသူတွေရဲ့ အချက်အ လက်တ္ဖဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ ဖမ်းဆီးခံရသူ အချက်အလက််တွေတော့ လက်ဝယ်မရှိသေးဘူးလို့ အဲ့ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Legal Aid Bago အဖွဲ့ကို ပဲခူးမှာ နွေဦးတော်လှန်ရေးကာလ ဖမ်းဆီးအရေးယူခံရသူ၊ သတ်ဖြတ်ခံရသူစာရင်းတွေ မှတ်တမ်းတင်၊ စောင့်ကြည့်ဖို့နဲ့ ဖမ်းဆီးခံတွေကို ကူညီဖို့ ဖွဲ့စည်းထားတာလို့သိရပါတယ်။

Photo-Legal Aid Bago

#voiceofmyanmar #vom #LegalAidBago #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW