ရုပ်ရှင်သရုပ်ဆောင်ဇာဂနာ နေအိမ်မှာ ဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၆၊၂၀၂၁
အေးချမ်းသူ(VOM)

ရုပ်ရှင်သရုပ်ဆောင်ဇာဂနာကို ဒီနေ့ ဧပြီ ၆ ရက် နံနက်ပိုင်းမှာ တာမွေမြို့နယ် ၁၆၆လမ်း နေအိမ်မှာ စစ်တပ်က လာရောက်​ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇာဂနာနဲ့ ဆွေမျိုးတော်စပ်သူတဦးကနေ သိရပါတယ်။

ဆွေမျိုးတော်စပ်သူတဦးက”ဒီနေ့ မနက်၉နာရီခွဲအချိန်က စစ်တပ်ရယ် ရဲတွေရယ် လာခေါ်သွားတာပါ ပြောရရင် ဖမ်းသွားတာပါ”လို့ VOMကို အတည်ပြု ပြောဆိုပါတယ်။

တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တွေ ၊ထင်ပေါ် ကျော်ကြားသူတွေနဲ့သတင်းထောက်တွေကို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #vom #ဇာဂနာ

Related posts

Leave a Comment

VOM News

FREE
VIEW