တန့်ဆည်လမ်းဆုံမှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၁၁ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ဧပြီ ၊၈ -၂၀၂၁
KTG (VOM)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့ လမ်းဆုံနေရာမှာ ဧပြီ ၇ ရက် မနေ့ညနေပိုင်းက ဆန္ဒပြ ပင်မသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲရာမှာ လူ ၁၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

တန့်ဆည်မြို့ ပါရမီလူမှုကူညီရေးအသင်း စေတနာ့ဝန်ထမ်းတစ်ယောက်က ” ကျဆုံး ၁၁ ယောက်ရှိတယ် ၊ ဟိုတရွာ တစ်ယောက် ဒီတရွာတစ်ယောက်ဆိုတော့ နာမည်နဲ့ အသက်တွေ ပြောဖို့ အခက်အခဲရှိတယ် ၊ ကျွန်တော်တို့ပဲ လိုက်ကောက်ပေးနေတာ ” လို့ VOM ကိုပြောပါတယ်။

မနေ့ ဧပြီ ၇ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက် ကျည်ဆံထိမှန် ဒဏ်ရာသူတွေ ညဦးပိုင်းကစပြီး ဒီမနက်ပိုင်းအထိ သေဆုံးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ကျည်ဆံထိမှန် ဒဏ်ရာထားသူ ၂၀ ကျော်ရှိနေပြီး ဖမ်းဆီးခံထားရသူ ၆ ယောက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW