အရာတော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ဧပြီ ၁၁ ၊ ၂၀၂၁
KTG (VOM)
စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှာ ဧပြီ ၁၀ ရက် မနေ့မနက်ပိုင်းက ဆန္ဒပြလူစု လူဝေးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တာမှာ ဆန္ဒပြသူ လူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဝါးရောင်းရွာခံတွေဆီက သိရပါတယ်။
.” ကျည်ဆံထိမှန် သေဆုံးတဲ့သူဟာ ကိုရှိုင်းဝေဖြိုး အသက် ၂၁ နှစ်ဖြစ်တယ် ” လို့ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတော်စပ်သူ တစ်ယောက်က VOM ကိုပြောပါတယ်။
ဒါ့အပြင် ဆန္ဒပြ လူငယ် တစ်ယောက်လည်းသေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဝါးရောင်း တွဲဖက် အထက ကျောင်းအနီးမှာ လူအင်အား ၄၀၀ လောက်က ဆန္ဒပြနေတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့က လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ပစ်ခတ်ဖြိုခွဲရာက အခုလို လူသေဆုံး ဒဏ်ရာရတာတွေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW