တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့

ဧပြီ ၂၂ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မနေ့ ဧပြီ၂၁ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိအချိန်ထိ မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းနေပြီး အုပ်ချုပ်ရေးမှူးရုံးရဲ့ တံခါးရွက်တွေနဲ့ မျက်နှာကျက်တွေ မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ၂သိန်း ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ကနေ တွက်ချက်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။

#voicofmyanmar #VOM #မန္တလေး #ရပ်ကွက်ရုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW