တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့

ဧပြီ ၂၂ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မနေ့ ဧပြီ၂၁ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ လက်ရှိအချိန်ထိ မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းနေပြီး အုပ်ချုပ်ရေးမှူးရုံးရဲ့ တံခါးရွက်တွေနဲ့ မျက်နှာကျက်တွေ မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ၂သိန်း ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ကနေ တွက်ချက်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။ #voicofmyanmar #VOM #မန္တလေး #ရပ်ကွက်ရုံးမီးလောင်မှု

Read More

ရေဖြူမြို့နယ် ကံပေါက်ဒေသ

ဧပြီ-၂၂-၂၀၂၁ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ မှာ စစ်အာဏာရှင်ကို( ၇၄ )ရက်မြောက် သပိတ်စစ်ကြောင်းနဲ့ ဒီကနေ့ ဧပြီ ၂၂မနက်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ အင်အား ၁၂၀ လောက်ရှိပြီး ဖမ်းဆီးထိန်းသိမ်း​ခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဆန္ဒထုတ်ဖော်ကြတဲ့ပြည်သူလူထုမတွေက အသစ်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ N U Gကိုလည်း ထောက်ခံ ကြိုဆိုခဲ့ကြတဲ့ ဆိုင်းဘုတ်တွေကိုင်ထားတာတွေ့ရပါတယ်။ ဇွဲနိုင်/(ရေဖြူ) #voiceofmyanmar #vom #ရေဖြူ

Read More

လွိုင်ကော်မြို့က ကျေးရွာ ၂ရွာပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဧပြီ ၂၂-၂၀၂၁ KLY(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက ဘာဒိုကျေးရွာနဲ့ ထေးငှားလျားကျေးရွာ ၂ရွာက ဒေသခံတွေနဲ့ တက်ကြွသူတွေက ဒီကနေ့မနက် ၈ နာရီကျော်ခန့်မှာအာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က အမျိုးသမီးထုဦးဆောင်ပြီးအပြာရောင်သပိတ် ကျင်းပခဲ့ကြတယ်။ဒီနေ့တော့ ဘာဒိုနဲ့ထေးငှားလျားပြည်သူတွေဟာ သပိတ်ကို အမျိုးသားတွေ ဦးဆောင်ပြီးအမျိုးသားထုသပိတ်အဖြစ် ဆန္ဒပြခဲ့ကြတာပါ”လို့ဒေသခံတစ်ဦးက ပြောပါတယ်။ လွိုင်ကော်အမျိုးသားသပိတ်နဲ့အတူ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာမှာလည်း အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုသပိတ်ကြီးကို ဒီကနေ့မနက်က တစ်ချိန်တည်း အတူတူ ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုပြည်သူတွေဟာ ဖေဖော်ဝါရီလ၉ ရက်‌နေ့ကတည်းက ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပြီး တပ်နဲ့ရဲ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် လူသေဆုံးမှု၊ ဖမ်းဆီးခံရမှုတွေရှိနေပေမယ့်လည်း အာဏာရှင်စနစ်အလိုမရှိကြောင်း သပိတ်စစ်ကြောင်းတွေကို နာမည်အမျိုးမျိုးတပ်ပြီး ဒေသခံများက ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။ ဓါတ်ပုံ-PKPF+CJ #voiceofmyanmar #VOM #လွိုင်ကော်

Read More

မြစ်ကြီးနားမြို့မှာ အထွေထွေသပိတ် ဆက်လက်ဆင်နွှဲ

ဧပြီ ၂၂-၂၀၂၁ YAT(VOM) မြစ်ကြီးနားမြို့မှာ ဒီနေ့ ဧပြီလ ၂၂ ရက် မနက်ပိုင်းက အာဏာရှင်စနစ်ကို ကန့်ကွက်တဲ့ မြစ်ကြီးနား အထွေထွေသပိတ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နေ့က စစ်သားနဲ့ ရဲတွေက သပိတ်ခေါင်းဆောင်နဲ့ ဆန္ဒထုတ်ဖော်မှုမှာပါဝင်သူတွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက ဒီကနေ့မှာ ပင်မသပိတ်နဲ့ အထွေထွေသပိတ်တို့ ဆက်လက် ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #vom #မြစ်ကြီးနား #အထွေထွေသပိတ်

Read More

မဟာအောင်မြေမြို့နယ် သပိတ်စစ်ကြောင်း

ဧပြီ ၂၂ -၂၀၂၁ Photo- TZH မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More
VOM News

FREE
VIEW