ဧပြီ ၉-၂၀၂၁ YAT(VOM) မြစ်ကြီးနားမြို့၊ ယုဇနရက်ကွက်မှာ ဒီနေ့ ဧပြီ ၉ ရက်နေ့ မနက်က ပင်မသပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကနေ အမျိုးသမီး ၂ ဦး အဖမ်းအဆီးခံလိုက်ရပါတယ်။ ဆန္ဒဖော်ထုတ်ပြီး လူစုခွဲကာနီးမှာ မြို့တော်ခန်းမမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတဲ့အကြောင်းကို ပင်မသပိတ်ပါဝင်သူ လူငယ်က ” လမ်းကြားထဲပြန်ရောက်ပြီးမှ လုံခြုံရေးတွေက မြို့တော်ခန်းမမှာ လူကြီးတွေ အစည်းအဝေးရှိလို့ လုံခြုံရေးယူနေတယ်လို့ သတင်းရလို့ လမ်းမပေါ်နောက်တစ်ခေါက်ပြန်ထွက်တာ အဲ့ဒီလုံခြုံရေးယူထားတဲ့ ရဲတွေကပဲ ကျွန်တော်တို့ကို ပြန်လိုက်ဖမ်းတာ ၂ ယောက်အဖမ်းခံလိုက်ရတာ “လို့ ပြောပါတယ်။ အဖမ်းဆီးခံရသူတွေဟာ အသက် (၂၁နှစ်) အရွယ်ရှိ ဥပဒေနောက်ဆုံးနှစ်ကျောင်းသူမဒွဲနန်နဲ့ အသက် (၂၀) အရွယ်ရှိ ဆယ်တန်းအောင်ထားသူ နန်လိုင်အောင်တို့ဖြစ်ပါတယ်။ အခုအချိန်အထိ အဲ့ဒီ မိန်းကလေး ၂ ဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ #voiceofmyanmar…
Read MoreMonth: April 2021
တောင်ကြီးမြို့က မြေအိုးခွဲသပိတ်
ဧပြီ ၉-၂၀၂၁ ဓါတ်ပုံ – CJ #voiceofmyanmar #vom #တောင်ကြီး #မြေအိုးခွဲသပိတ်
Read Moreကျောက်မြောင်းသပိတ် လူစုခွဲချိန် ရဲနဲ့စစ်သား အင်အားအမြားအပြားနဲ့ ဝင်ဖမ်း
ရန်ကုန် ဧပြီ ၉-၂၀၂၁ MHS(VOM) ဒီနေ့ ဧပြီ ၉ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်က တာမွေမြို့နယ်၊ ကျောက်မြောင်း ကျားကွက်သစ်သပိတ် လူစုခွဲချိန်မှာ ရဲနဲ့ စစ်သား အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းခဲ့လို့ လူငယ် ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ “လူစုခွဲပြီးသွားတော့ အေးဆေးလမ်းလျှောက်လာတဲ့ လူငယ်တွေကို ဖမ်းသွားတာ”လို့ ကျားကွက်သစ်လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ အဲ့ဒီလမ်းထဲမှာ နေ့လယ် ၁၂ အချိန်ထိ စစ်ကား ၈စီး နဲ့ ရဲကား ၇ စီးဝန်းကျင်ရှိနေပြီး မလွှကုန်းလမ်း၊ သြဘာလမ်း၊ သီတာလမ်းနဲ့ အောင်မင်္ဂလာလမ်းတွေမှာလည်း ရဲနဲ့ စစ်သားတွေ နေရာယူထားကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တာမွေမြို့နယ်က လူငယ် ၈ဦး တစ်ကြိမ်၊ ၁၂ဦးတစ်ကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။ လူငယ်တွေကလည်း ရဲ့ စစ်သားတွေ ထွက်ခွာသွားတာနဲ့ အချိန်ရရင်ရသလို ပြောက်ကျားသပိတ်…
Read Moreမဟာမြိုင်တောထဲက တောဂျင် စုပေါင်းစစ်ဆေးရေးဂိတ် မီးရှို့ဖျက်စီးခံရ
ဧပြီ ၉-၂၀၂၁ KTG(VOM) မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကထား သွားလာနေရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မဟာမြိုင်တောထဲက တောဂျင် အဖွဲ့ပေါင်းစုံ စုပေါင်း စစ်ဆေးဂိတ် စခန်းဟာ မနေ့ ဧပြီ ၈ ရက်ညက မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီ ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံ ပူးပေါင်းစစ်ရေးဂိတ်ဟာ တန့်ဆည်မြို့နယ် တောဂျင်ကျေးရွာ မုံရွာ ကလေးဝ တမူး သွားကားလမ်းပေါ်မှာ တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအတွက် အဓိက အရေးပါးတဲ့ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်ပါတယ်။ ” မီးရှို့ခံရတာဖြစ်တယ် ၊ ဝန်ထမ်းအိမ်ရာ အဆောက်အဦး ကာလတန်ဘိုး သိန်း ၅၈၀ ကျော်နဲ့ စက်ရေတွင်း အဆောင် ကာလတန်ဘိုး ၂ သိန်း အားလုံး မီးလောင်ဆုံးရှုံးသွားတယ် ” လို့ တန့်ဆည်မြို့နယ်…
Read Moreကသာမြို့မှာ ဆန္ဒပြသူတွေနဲ့ စစ်တပ် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့
ကသာ၊ ဧပြီ ၉-၂၀၂၁ SKT ဒီနေ့ ဧပြီ ၉ရက်မနက်ပိုင်းက ကသာမြို့က ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်လှည့်လည်ပြီးအပြန် စစ်ကား၊ ရဲကားနဲ့ အချုပ်ကားတွေ အချက်ပေးသံတွေနဲ့ရောက်လာကာ ကားတွေပေါ်ကနေ စစ်သားတွေလက်နက်တွေနဲ့ ဆင်းလာလို့ ဆန္ဒပြသူတွေ ထိတ်လန့်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဆန္ဒထုတ်ဖော်တဲ့ လမ်းအပြန်လို့ပြောရမှာ။ သပိတ်စစ်ကြောင်း ထိပ်ပိုင်းကတော့ လမ်းအကွေ့ထဲဝင်သွားပြီ။အနောက်ပိုင်းက လူစုပဲ လမ်းအကွေ့ထဲဝင်ခါးနီးမှာ စစ်ကားရဲကားက ဝိုင်ယာလက်အသံနဲ့အတူ ရပ်လိုက်ပြီး ကားပေါ်ကနေ လက်နက်တွေနဲ့ ဆင်းလာကြတော့ နောက်ဆုံးကျန်တဲ့ ပြည်သူတွေက ထင်မှတ်ထားပဲကြုံလိုက်ရတာပါ။ ဒါနဲ့ ထိတ်လန့်တကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတယ်” လို့ ကသာမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ ကသာမြို့မှာ ဖေဖော်ဝါရီလ(၇)ရက်နေ့ကတည်းက နေ့စဉ်ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး ခုလို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ကြုံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #vom #ကသာ
Read Moreမန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသား၊သူများ သပိတ်စစ်ကြောင်း
ဧပြီ ၉-၂၀၂၁ KK ရတနာပုံတက္ကသိုလ်ကျောင်းသား၊သူများ သပိတ်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းက မန္တလေးမြို့တွင်း လှည်လည်ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ #voiceofmyanmar #vom #ရတနာပုံတက္ကသိုလ်
Read Moreပဲခူးမှာ ဒီကနေ့မနက်ပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ ၄ ဦး သေဆုံး
ဧပြီ ၉-၂၀၂၁ KLY(VOM) ပဲခူးမှာ မနေ့ညပိုင်းက ညသပိတ်ပြုသူ အဆမတန်များပြားခဲ့ပြီးနောက်ပိုင်း ဒီကနေ့မနက် ၅ နာရီကျော်က စပြီး ဆံတော်တွင်း၊ မဂ္ဂတစ်၊ အင်းဝင်၊ ပုဏ္ဏားစု အပါအဝင် ရပ်ကွက်တွေထဲကို စစ်တပ်နဲ့ရဲတွေ လာရောက်ပစ်ခတ် နေတာကြောင့် အမည်မသိ အမျိုးသား ၄ဦး ကျဆုံးပြီး သေနတ်ဒဏ်ရာရရှိသူ ဦးရေများတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” နေရာအနှံ့ဝင်ပစ်နေတာ။ လက်နက်ကြီးလို့ဟာတွေပါတယ်လို့ သိရတယ်။ လက်တလော ၄ ဦးဆိုပေမယ့် သေဆုံးတာ အခုထက်ထိများနိုင်တယ်။ မနေ့ညက ပဲခူးမြို့ ကျောက်တန်းပန်းပျိုးလက်ကို တပ်နဲ့ရဲဝင်စီးပြီး ဖမ်းတာမျိုးလုပ်ကတည်းက ပဲခူးက လူတွေလမ်းပေါ်ပြန်ရောက်ကုန်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒီကနေ့မနက် ၅ နာရီခန့်ကနေ မနက် ၉ နာရီနီးပါးအထိ ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပြီး ပဲခူးမြို့နယ် ၊ မှော်ကန် ၁၄ လမ်း၊…
Read Moreသာကေတလူငယ်အဖွဲ့ရဲ့ “ပိုရင်လှူ လိုရင်ယူ” အစီအစဉ်
ဧပြီ ၉ -၂၀၂၁ Photo: MHS သာကေတလူငယ်အဖွဲ့က အခြေခံလူတန်းစားတွေ အထောက်အကူဖြစ်စေဖို့ “ပိုရင်လှူ လိုရင်ယူ” အစီအစဉ်အနေနဲ့ ဟင်းသီးဟင်းရွက် သားငါးတွေကို လှည်းတွေနဲ့တင်ပြီး ရပ်ကွက်တွေကို လှည့်လည်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #သာကေတ #လူငယ်
Read Moreစစ်ကိုင်းမြို့ခံပြည်သူများ ဆန္ဒပြ
စစ်ကိုင်း၊ ဧပြီ ၉- ၂၀၂၁ ဓာတ်ပုံ- AMW
Read Moreမန္တလေးက မြတောင်သပိတ်စစ်ကြောင်း
ဧပြီ ၉ – ၂၀၂၁ HK (VOM) မန္တလေးမြို့မှာ ဆန္ဒပြတဲ့ သပတ်စစ်ကြောင်းတွေ အများကြီးရှိတဲ့အထဲက မြတောင်သပိတ်စစ်ကြောင်းကတော့ ဖြိုခွင်းခံရမှု အကြိမ်ရေအများဆုံး သပိတ်စစ်ကြောင်းဖြစ်ပေ့မယ် ဒီကနေ့မနက်ပိုင်းမှာ ပုံမှန်အတိုင်း ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင် #သပိတ်စစ်ကြောင်း
Read More