ပဲခူးမှာ ဒီကနေ့မနက်ပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ ၄ ဦး သေဆုံး

ဧပြီ ၉-၂၀၂၁
KLY(VOM)

ပဲခူးမှာ မနေ့ညပိုင်းက ညသပိတ်ပြုသူ အဆမတန်များပြားခဲ့ပြီးနောက်ပိုင်း ဒီကနေ့မနက် ၅ နာရီကျော်က စပြီး ဆံတော်တွင်း၊ မဂ္ဂတစ်၊ အင်းဝင်၊ ပုဏ္ဏားစု အပါအဝင် ရပ်ကွက်တွေထဲကို စစ်တပ်နဲ့ရဲတွေ လာရောက်ပစ်ခတ်
နေတာကြောင့် အမည်မသိ အမျိုးသား ၄ဦး ကျဆုံးပြီး သေနတ်ဒဏ်ရာရရှိသူ ဦးရေများတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” နေရာအနှံ့ဝင်ပစ်နေတာ။ လက်နက်ကြီးလို့ဟာတွေပါတယ်လို့ သိရတယ်။ လက်တလော ၄ ဦးဆိုပေမယ့် သေဆုံးတာ အခုထက်ထိများနိုင်တယ်။ မနေ့ညက ပဲခူးမြို့ ကျောက်တန်းပန်းပျိုးလက်ကို တပ်နဲ့ရဲဝင်စီးပြီး ဖမ်းတာမျိုးလုပ်ကတည်းက ပဲခူးက လူတွေလမ်းပေါ်ပြန်ရောက်ကုန်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက် ၅ နာရီခန့်ကနေ မနက် ၉ နာရီနီးပါးအထိ ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပြီး ပဲခူးမြို့နယ် ၊ မှော်ကန် ၁၄ လမ်း၊ စူဌာမဏိဘုရားနားမှာ ရဲ့နဲ့စစ်တပ်အင်အားအများအပြား နေရာယူထားတဲ့အပြင် မှော်ကန်၂၄ လမ်းမှာလည်း စစ်တပ်နဲ့ရဲအင်အား ဆယ်ဂဏန်းအထက်နေရာယူထားတယ်လို့ သိရပါတယ်။

ပဲခူးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒဖော်ထုတ်သူ အင်အားအနည်းငယ်လျော့ကျသွားပေမယ့်လည်း မနေ့ညပိုင်းမှာ ညသပိတ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့သူ ထောင်ဂဏန်းမက ရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒီကနေ့မနက် ပစ်ခတ်ခံရမှာမှာ သေဆုံးသူ ၉ ဦး
ခန့်ရှိတယ်လို့လည်း ‌စုံစမ်းသိရှိရပါတယ်။

ဓါတ်ပုံ-CJ

#coiceofmyanmar #VOM #ပဲခူး #ပစ်ခတ်မှု #၄ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW