မဟာမြိုင်တောထဲက တောဂျင် စုပေါင်းစစ်ဆေးရေးဂိတ် မီးရှို့ဖျက်စီးခံရ

ဧပြီ ၉-၂၀၂၁
KTG(VOM)

မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကထား သွားလာနေရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မဟာမြိုင်တောထဲက တောဂျင် အဖွဲ့ပေါင်းစုံ စုပေါင်း စစ်ဆေးဂိတ် စခန်းဟာ မနေ့ ဧပြီ ၈ ရက်ညက မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံ ပူးပေါင်းစစ်ရေးဂိတ်ဟာ တန့်ဆည်မြို့နယ် တောဂျင်ကျေးရွာ မုံရွာ ကလေးဝ တမူး သွားကားလမ်းပေါ်မှာ တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအတွက် အဓိက အရေးပါးတဲ့ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်ပါတယ်။

” မီးရှို့ခံရတာဖြစ်တယ် ၊ ဝန်ထမ်းအိမ်ရာ အဆောက်အဦး ကာလတန်ဘိုး သိန်း ၅၈၀ ကျော်နဲ့ စက်ရေတွင်း အဆောင် ကာလတန်ဘိုး ၂ သိန်း အားလုံး မီးလောင်ဆုံးရှုံးသွားတယ် ” လို့ တန့်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ မီးလောင်ဆုံးရှုံးသွားတဲ့ စုပေါင်း စစ်ဆေးရေးဂိတ် လမ်းကြောင်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၉၁ / ၄ နဲ့ ၅ အကြား ကလေးမြို့နယ် ချောင်းဆုံကျေးရွာအနီးက အုန်းရှစ်ကျောက်တံတား အလျား ပေ ၅၀ အနံ ၁၃ ပေ ရဲ့ တံတားကြမ်းခင်းတွေနဲ့ တံတားအောက်ခံ ထောက်တိုင်တွေ မီးရှို့ဖျက်စီးခံရလို့ ကာလတန်ဘိုး သိန်း ၁၅၀ ကျော် ပျက်စီးဆုံးရှုံးသွားရပြီး ဖြတ်သန်းသွားလာဖို့အတွက် သက်ဆိုင်ရာက ကွင်းလမ်းဖောက်ပေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #တန့်ဆည်မြို့နယ် #တောဂျင်ဂိတ်

Related posts

Leave a Comment

VOM News

FREE
VIEW