ပေါက်မြို့နယ် ကျောက္ကာကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဇူလိုင် ၊ ၃၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ၊ဝန်ခြုံရွာ​မြောက်ဘက် တောင်ကုန်းပေါ်မှာ ဒီကနေ့ ( ဇူလိုင် ၃၁) နေ့လယ် ၁ နာရီ ဝန်းကျင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ယောက်ကို အမည်မသ်ိအဖွဲ့က ဖမ်းဆီးသွားပြီး သတ်ဖြတ်ခံရတယ်လို့ ပေါက်မြိုခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောက္ကာရွာခံတစ်ယောက်က ” အသတ်ခံရတဲ့ အုပ်ကြီးက ဦးထီမြို့ ဆိုသူဖြစ်တယ် ၊ သူက ပင်တောင်ရွာမှာနေတယ် ၊ ကျောက္ကာကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တယ် ၊ ဒီမနက် ၁၀ နာရီလောက်မှာ အုပ်ကြီးကို ရွာထဲဝင်ဖမ်းပြီး ဝန်ခြုံရွာမြောက်ဘက် ၃ မိုင်လောက်ဝေးတဲ့ တောင်ကုန်းပေါ်ကို ခေါ်သွားတာ ” လို့ ပြောပါတယ် ။  …

Read More

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင်ရှန်းထန်ကွယ်လွန်

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင်ရှန်းထန်ဟာ ဒီနေ့ ဇူလိုင် ၃၁ရက် ညနေ ၅:၃၅ မိနစ်က သူရဲ့ နေရပ် ကလေးမြို့မှာ ကွယ်လွန်သွားကြောင်း ဇိုမီးနိုင်ငံရေးအသိုင်းအဝိုင်းက သိရပါတယ်။   ပူးကျင့်ရှင်းထန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။   ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီအနေဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။   သို့သော်လည်း ZNC ပါတီသည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်လည်မှတ်ပုံတင်ရာတွင် ZNC အမည်နှင့် လက်မခံတော့သည့်အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD အနေဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။   ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့်…

Read More

ခန္တီးမြို့မရဲစခန်းမှာ ကိုဗစ်ပိုးတွေ့ အချုပ်သား ၁ ဦး ပထမဆုံးအကြိမ်သေဆုံး

ဇူလိုင် ၃၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ ၊ ခန္တီးမြို့မရဲစခန်း အချုပ်ခန်းမှာ တရားရုံးရဲ့ အမှုကြားနာစစ်ဆေးနေဆဲ အချုပ်သားတွေထဲက ၁ ယောက်ဟာ ကိုဗစ်ရောဂါကြောင့် ဒီကနေ့ (ဇူလိုင် ၃၁)နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ နာမှုကူညီရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒီလ ၂၇ ရက်နေ့က ရဲစခန်းက တပ်ဖွဲ့ဝင်တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ရဲတပ်ဖွဲ့ဝင် ၁၈ ယောက်နဲ့ အမှုရင်ဆိုင် ကြားနာစစ်ဆေးဆဲ အချုပ်သား ၁၀၁ ယောက်ဟာ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု တွေ့ရှိခဲ့တာဖြစ်တယ် ၊ အဲ့ဒီ ပိုးတွေ့အတည်ပြု အချုပ်သား ၁ ရာကျော်ထဲက ၁ ယောက်ဟာ ဒီကနေ့ စသေတာ ” လို့ နာမှုကူညီရေး စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ် ။  …

Read More

ရန်ကုန်မြို့မှာ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်(၄)မျိုးကို ငွေတစ်ရာနဲ့ ရောင်းချပေးမယ်

ရန်ကုန်၊ဇူလိုင် ၃၁-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းရှိ စားဝတ်နေရေးအခက်အခဲရှိသောမြို့နယ်(၆)မြို့နယ်မှာ စားဝတ်နေရေးအခက်ခဲဖြစ်နေသူတွေအတွက် လူတစ်ဦးကို ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်အစရှိတဲ့ ကုန်ပစွည်း(၄)မျိုးကို တစ်ရာကျပ်နဲ့သြဂုတ်လ ၁ရက်နေ့က စတင်ပြီး လှူဒါန်းသွားမယ်လို့ Mazely Flannelအဖွဲ့ကနေ သိရပါတယ်။   လှူဒါန်းမယ်မြို့နယ်တွေဟာ လှိုင်၊ရွှေပြည်သာ၊လှိုင်သာယာ၊တောင်ဒဂုံ၊သာကေတမြို့နယ်တို့ဖြစ်ပြီး စားသောက်ကုန်တွေကတော့ ဆန်တစ်ပြည်၊ဆီငါးဆယ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားပါဝင်ကာ ကျသင့်ငွေမှာ တစ်ရာကျပ်သာဖြစ်ကြောင်း Mazely Flannelအဖွဲ့တာဝန်ခံက VOMကိုပြောပါတယ်။   “ရောင်းတာထက်စာရင် လှူတယ်လို့ပြောရမှာပေါ့၊ မနက်ဖြန် လှိုင်မြို့နယ်မှာ စလှူမယ်၊ နောက်ရက်တွေက အခြားမြို့နယ်တွေကို လှူသွားမှာပါ”လို့ သူကရှင်းပြပါတယ်။   စားဝတ်နေရေးအခက်အခဲရှိသူတွေအတွက် စားသောက်ကုန်လှူဒါန်ပေးမှုကို Mobile Serviceဆရာများနှင့်အတူ Myanmar Mobile Service Association (MMSA) အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ​​စေတနာအလှူရှင်များနဲ့Mazely Flannel မှလည်း လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားတယ်လို့သိရပါတယ်။   ရောင်းချမယ့်အစီအစဥ်ကို လှိုင်မြို့နယ် Mazely Flannel ဘူတာရုံလမ်းမှတ်တိုင်အနီးမှာ…

Read More

ရခိုင်မှာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စထိုးပေး

စစ်တွေ၊ ဇူလိုင် ၃၁- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်အတွင်း မနေ့ ဇူလိုင်လ ၃၀ ရက်နေ့က ရောက်ရှိတဲ့ တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကို ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်ကစတင်ပြီး မြို့မ အထက (၂)နဲ့ အထက (၄) စာသင်ကျောင်း၊ မင်းဂံရပ်ကွက် အထက (၉) နဲ့ စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှာ စတင်ထိုးပေးတယ်လို့ သိရပါတယ်။   တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးအပေါ်ဝေဖန်မှုများရှိနေပေမယ့်လည်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ရေမြေဒေသ၊ ရာသီဥတုတွေနီးစပ်မှုရှိတဲ့အတွက် ကြီးမားတဲ့ဆိုးကျိုးမရှိလို့မြင်ကြောင်း ရခိုင်ပြည်နယ်အတွင်း ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောပါတယ်။   ဦးခိုင်ကောင်းစံက ” ကျနော်တို့နိုင်ငံက နိုင်ငံရေးအခြေအနေတွေအရ မိမိတို့နိုင်ငံအတွင်းမှာလည်းမထုတ်နိုင်ဘူးလေ။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ကထုတ်တဲ့ ကာကွယ်ဆေးတွေကို သုံးကြရတယ်။ ကျနော်တို့နိုင်ငံမှာရှိတဲ့…

Read More

ကသာနယ် ရေနီရွာခွဲ အုပ်ချုပ်ရေးမှူး လမ်းမှာ အသတ်ခံရ

ဇူလိုင် ၃၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာအုပ်စု ၊ ရေနီရွာခွဲ အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီမနက် (ဇူလိုင် ၃၁) ၁၁ နာရီဝန်းကျင်က သတ်ခံရတယ်လို့ မိုးတာလေးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးတာလေးရွာခံ တစ်ယောက်က ” ရေနီကနေ ရွှေပြည်သစ်ရွာဘက်ကိုအသွား လမ်းမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေက ရေနီ ရွာခွဲ အုပ်ချုပ်ရေးမှူး ဦးငြိမ်းဌေးကိုဖမ်းခေါ်သွားတာ ၊ ဟဲနားရွာတောင်ဘက် တောစပ်အရောက်နေရာမှာ အုပ်ကြီးကို သတ်ထားခဲ့တာ ” လို့ ပြောပါတယ် ။   သေဆုံးသူ ရေနီရွာခွဲ အုပ်ချုပ်ရေးမှူး ဦးငြိမ်းဌေး ဆိုသူဟာ မနေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသွားတဲ့ ရွာကတံတားကို…

Read More

မြန်မာ့ရွေးကောက်ပွဲရလဒ် ပယ်ဖျက်မှု ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဝေဖန်

တိုကျို၊ ဇူလိုင်-၃၁-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် လအနည်းငယ်အလိုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တဲ့အပေါ် ဂျပန်နိုင်ငံက ဝေဖန်ပြောဆိုလိုက်ပါတယ်။   ဒီလိုလုပ်ဆောင်လိုက်တာဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ရေး ဂျပန်နိုင်ငံရဲ့ တောင်းဆိုမှုနဲ့ ဆန့်ကျင်နေတာကြောင့် လျော်ကန်တဲ့လုပ်ဆောင်မှုမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတီဂီက တိုကျိုမှာ ဇူလိုင် ၃၀ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   နို၀င်ဘာလအတွင်း မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဲရလဒ်ရဲ့ သုံးပုံတစ်ပုံနီးပါးဟာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံခြားရေး၀န်ကြီး မိုတီဂီကတော့ မြန်မာနိုင်ငံမှာနောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ စောင့်ကြည့်မှုအောက်မှာ လွတ်လပ်မျှတစွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။   မြန်မာနိုင်ငံမှာ ရပ်တည်ချက်မတူတဲ့ သက်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အရေးကြီးတယ်လို့ရှုမြင်ကြောင်း သူကဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ…

Read More

တန့်ဆည်နယ် ဇီးဖြူကုန်း အုပ်ချုပ်ရေးမှူး သတ်ခံရတာ အပါအဝင် ၂၄ နာရီအတွင်း လူသတ်မှု ၂ ကြိမ်ဖြစ်

ဇူလိုင် -၃၁-၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်မှာ ဇူလိုင် ၃၀ မနေ့က ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး သတ်ခံရတာ အပါအဝင် ၂၄ နာရီအတွင်း လူသတ်မှု ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်လို့ တန့်ဆည် လမ်းဆုံ အဝိုင်းပတ် အနီးမှာနေတဲ့ ဒေသခံ တစ်ယောက်က ” မနေ့က ၁ ရက်ထဲမှာ လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ၊ ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဘို က မနက် ၁ နာရီဝန်းကျင်မှာ သတ်ခံရတယ် ၊ အင်ကုက္ကားရွာက သတင်းပေး ဒလန်လို့ စွပ်စွဲခံရတဲ့ ငမော့စ်ကတော့ နေ့ခင်း ၃…

Read More

မန္တလေးမြို့ပေါ်မှာ ဆန္ဒပြနေတဲ့ လူငယ်(၇)ဦး ဖမ်းဆီးခံရ

မန္တလေး၊ ဇူလိုင် ၃၁-၂၀၂၁ VoiceOfMyannar   မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရွာသစ်ထဲက နေအိမ်တစ်အိမ်ကို ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲတွေ ဝင်ရောက်ဖမ်းဆီးရာ နေ့စဉ်ဆန္ဒပြနေတဲ့လူငယ်(၇)ဦး ဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။   “ဖမ်းမိတာ(၇)ဦးရှိတယ်၊ (၂)ဦးကတော့ ဒဏ်ရာရထားတယ်”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။   ကျည်မှန်ဒဏ်ရာရသူ(၂)ဦးထဲက (၁)ဦးဟာ ဆီးခုံပေါက်ထွက်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း သိရပြီး အခုဖမ်းဆီးခံရသူတွေဟာ မြတောင်၊ ဘုရားကြီးနဲ့ မန္တလေးလူငယ်သပိတ်စစ်ကြောင်းက လူငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။   ဒီကနေ့မနက်အစောပိုင်းကလည်း မန္တလာတက္ကသိုလ်သပိတ်ကို အရပ်ကားနဲ့ဖမ်းဆီးမှုတွေပြုလုပ်ချိန် အမျိုးသား(၁)ဦး ဖမ်းဆီးခံလိုက်ရတယ်လို့လည်း သ်ိရပါတယ်။   ပြီးခဲ့တဲ့ ဇူလိုင်(၂၉)ရက်နေ့ ညနေပိုင်းကလည်း မန္တလေးမြို့ပေါ်က မြတောင်ဘုန်းကြီးကျောင်းတိုက်အတွင်းကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လူတချို့ဖမ်းဆီးခံရတယ်ဆိုတာကို န.စ.ကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။   Photo-CJ #voiceofmyanmar #VOM #မန္တလေး

Read More

ကျောက်မြောင်းတကသသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ်​ခြောက်ဦးထက်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊ဇူလိုင် ၃၀-၂၀၂၁ KK   ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သဓိပဌာန်လမ်းမှာ ဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရန်ကုန်) နဲ့ မြို့နယ်သပိတ်အင်အားစုများသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းပြီးလူငယ်ခြောက်ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေဆီကနေ သိရပါတယ်။   ဆန္ဒပြကျောင်းသားလူငယ်တွေဟာ “တိုက်ပိတ်လိုက်လို့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရားမပါဘူး”စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြလမ်းလျှောက်လာချိန် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်က ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးက ပြောပါတယ်။   “သပိတ်စစထွက်ချင်းမှာ တစ်ယောက်၊ ပုညလမ်းနဲ့သတိပဌာန်လမ်းထဲမှာ လေးယောက်၊ အသောကလမ်းထဲမှာလည်း အဖမ်းခံရတယ်၊ သေနတ်တစ်ယောက်ထိတယ်လို့လည်ူကြားတယ်”လို့ သူကပြောပါတယ်။   ဆန္ဒပြတဲ့လူငယ်စုစုပေါင်း ၆ဦးခန့်ကို ရဲတပ်ဖွဲ့နဲ့စစ်တပ်မှ ဖမ်းဆီးခဲ့တာကိုVOMကလက်တလောမှာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိဖမ်းဆီးခံရသူအရေအတွက်အတိအကျကို မသိရသေးပါဘူး။   လက်တလောမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က တာမွေ၊ကျောက်မြောင်း၊သတိပဌာန်လမ်း၊အသောကလမ်းတွေမှာ ဆန္ဒပြလူငယ်တွေကိုရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။   Photo-CJ #voiceofmyanmar #VOM #ရန်ကုန်

Read More
VOM News

FREE
VIEW