ကျောက်မြောင်းတကသသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ်​ခြောက်ဦးထက်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊ဇူလိုင် ၃၀-၂၀၂၁
KK
 
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သဓိပဌာန်လမ်းမှာ ဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရန်ကုန်) နဲ့ မြို့နယ်သပိတ်အင်အားစုများသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းပြီးလူငယ်ခြောက်ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေဆီကနေ သိရပါတယ်။
 
ဆန္ဒပြကျောင်းသားလူငယ်တွေဟာ “တိုက်ပိတ်လိုက်လို့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရားမပါဘူး”စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြလမ်းလျှောက်လာချိန် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်က ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
 
“သပိတ်စစထွက်ချင်းမှာ တစ်ယောက်၊ ပုညလမ်းနဲ့သတိပဌာန်လမ်းထဲမှာ လေးယောက်၊ အသောကလမ်းထဲမှာလည်း အဖမ်းခံရတယ်၊ သေနတ်တစ်ယောက်ထိတယ်လို့လည်ူကြားတယ်”လို့ သူကပြောပါတယ်။
 
ဆန္ဒပြတဲ့လူငယ်စုစုပေါင်း ၆ဦးခန့်ကို ရဲတပ်ဖွဲ့နဲ့စစ်တပ်မှ ဖမ်းဆီးခဲ့တာကိုVOMကလက်တလောမှာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိဖမ်းဆီးခံရသူအရေအတွက်အတိအကျကို မသိရသေးပါဘူး။
 
လက်တလောမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က တာမွေ၊ကျောက်မြောင်း၊သတိပဌာန်လမ်း၊အသောကလမ်းတွေမှာ ဆန္ဒပြလူငယ်တွေကိုရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
 
Photo-CJ
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW