ကျောက်မြောင်းတကသသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူငယ်​ခြောက်ဦးထက်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊ဇူလိုင် ၃၀-၂၀၂၁ KK   ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သဓိပဌာန်လမ်းမှာ ဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရန်ကုန်) နဲ့ မြို့နယ်သပိတ်အင်အားစုများသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းပြီးလူငယ်ခြောက်ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေဆီကနေ သိရပါတယ်။   ဆန္ဒပြကျောင်းသားလူငယ်တွေဟာ “တိုက်ပိတ်လိုက်လို့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရားမပါဘူး”စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြလမ်းလျှောက်လာချိန် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်က ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးက ပြောပါတယ်။   “သပိတ်စစထွက်ချင်းမှာ တစ်ယောက်၊ ပုညလမ်းနဲ့သတိပဌာန်လမ်းထဲမှာ လေးယောက်၊ အသောကလမ်းထဲမှာလည်း အဖမ်းခံရတယ်၊ သေနတ်တစ်ယောက်ထိတယ်လို့လည်ူကြားတယ်”လို့ သူကပြောပါတယ်။   ဆန္ဒပြတဲ့လူငယ်စုစုပေါင်း ၆ဦးခန့်ကို ရဲတပ်ဖွဲ့နဲ့စစ်တပ်မှ ဖမ်းဆီးခဲ့တာကိုVOMကလက်တလောမှာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိဖမ်းဆီးခံရသူအရေအတွက်အတိအကျကို မသိရသေးပါဘူး။   လက်တလောမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က တာမွေ၊ကျောက်မြောင်း၊သတိပဌာန်လမ်း၊အသောကလမ်းတွေမှာ ဆန္ဒပြလူငယ်တွေကိုရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။   Photo-CJ #voiceofmyanmar #VOM #ရန်ကုန်

Read More

ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ရှေ့ ဗုံးပေါက်

ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၂၁ KK မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဝင်/ထွက်ပေါက်ရှေ့အနီးမှာ ဒီကနေ့ နေ့လယ်၂နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ နိူင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ရှေ့က ရဲတပ်ဖွဲ့ဝင်တွေကို ကားတစ်စီးပေါ်ကနေ ဗုံးနဲ့လှမ်းပစ်ခဲ့ရာ မထိမှန်ဘဲ အခြားကားတစ်စီးကိုသာ ထိမိခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။ “ကားပေါ်ကနေ အထုပ်လှမ်းပစ်တာ အသံတော့ အတော်ကျယ်တယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူး၊ ရပ်ထားတဲ့ကားတစ်စီးပဲ လေကာမှန်ကွဲသွားတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သက်ဆိုင်ရာက သွားရောက်စိစစ်ခဲ့ရာ ပေါက်ကွဲတဲ့နေရာကနေ Keypad ဖုန်းအပိုင်းအစများ၊ ရေသန့်ဗူး ပလပ်စတစ်အပိုင်းအစများ၊ ဆားကစ်ပြား(၁)ခု၊ ဘောစေ့များ၊ ဓါတ်ခဲ အပိုင်း အစများ၊ ဝါယာကြိုးစများ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ လက်တလောမှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းတွေကိုပိတ်ဆို့ကာ ဗုံးဖောက်ခွဲတဲ့မော်တော်ကားကို ရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်…

Read More

မြန်မာနဲ့ တရုတ် အဓိက ကုန်သွယ်ရာဝမ်တိန်ကို Lockdown ဖြေလျှော့

ဇူလိုင် ၂၉- ၂၀၂၁ Shy V မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ရာနယ်စပ်မြို့ငယ်ဖြစ်တဲ့ ဝမ်တိန်ကို ဇူလိုင်လ ၂၉ ရက်နေ့ တရုတ်နာရီ နေ့လယ် ၁၂ နာရီကစ Lockdown ဖြေလျှော့လိုက်ပြီး Stay at Home အဖြစ် သတ်မှတ်ဖြေလျှော့လိုက်တယ်လို့ ရွှေလီ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနနဲ့ ဝမ်တိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနတို့ သဘောတူညီချက်နဲ့ အသိပေးကြေညာလိုက်ပါတယ်။ ဝမ်တိန် ရန်ကွမ်းရွှေ့အန်း ဧရိယာနဲ့ ၇.၀၈ မှာ ကွာရန်တင်းဝင်နေတဲ့ လူတွေ အနေနဲ့ Stay at Home အဖြစ် ဆက်လက် နေထိုင်ရမှာ ဖြစ်ကြောင်း ပါရှိပါတယ်။ ဝမ်တိန်‌ ဒေသမှ မည်သည့်နေရာကိုမဆို Stay at Home ကာလအတွင်း ထွက်ခွာခွင့်မပြုကြောင်း၊ အရေးကြီးကိစ္စကြောင့် ထွက်ခွာလိုပါက…

Read More

မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ဆွေးနွေးဖို့ ဂျပန်စီစဉ်

တိုကျို၊ ဇူလိုင်-၃၀-၂၀၂၁ မျိုးဆက် (VOM) ဂျပန်နိုင်ငံဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်နေတဲ့ မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လာမယ့်သီတင်းပတ်မှာ အွန်လိုင်းဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကပြောပါတယ်။ ဆွေးနွေးပွဲကို မတ်လအတွင်းမှာကျင်းပဖို့ ကနဦးစီစဉ်ခဲ့ပေမယ့် ဒီလိုအစီအဝေးကျင်းပလိုက်တာဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ် အသိအမှတ်ပြုသလိုဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဂျပန်နိုင်ငံက ဆိုင်းငံ့ထားလိုက်ပြီးနောက် လက်ရှိမှာတော့ သြဂုတ် ၆ ရက်မှာ ကျင်းပဖို့စီစဉ်လိုက်တာဖြစ်ပါတယ်။ ဇွန်လအတွင်းက မြန်မာအပါအဝင် အာဆီယ ံ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံက ဆွေးနွေးခဲ့သလို အမေရိကန်ကလည်း ဇူလိုင် ၁၄ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းကဆွေးနွေးပြီးနောက် ဂျပန်နိုင်ငံကလည်း မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဆွေးနွေးပွဲကို ကျင်းပဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မဲခေါင်ဒေသနိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ အခြား မဲခေါင်ဒေသနိုင်ငံတွေကတော့ မြန်မာနိုင်ငံရေးအပြောင်းအလဲဘယ်လိုပင်ဖြစ်ပါစေ ဂျပန်နိုင်ငံနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့…

Read More

လာမယ့်နှစ်ပတ်အတွင်း မြန်မာ့လူဦးရေရဲ့ထက်၀က်ခန့် ကိုဗစ်ကူးစက်နိုင်တယ်လို့ ဗြိတိန်သတိပေး

နယူးယောက်၊ ဇူလိုင်-၃၀-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ လာမယ့်သီတင်းနှစ်ပတ်အတွင်း နိုင်ငံ့လူဦးရေ ၅၄ သန်းအနက် ထက်၀က်ခန့်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဇူလိုင် ၂၉ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလမှဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်အပြီးမှာတော့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေအပေါ် အမေရိကန်၊ ဗြိတိန်အပါအ၀င် အခြားနိုင်ငံအချို့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။   အဲဒီလိုနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ပြိုလဲကာ ကျန်းမာရေး၀န်ထမ်းတွေဟာလည်း တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအလွတ်သဘော ဆွေးနွေးပွဲမှာ ပြောပါတယ်။   မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေဟာ အလွန်မြန်ဆန်နေပြီး ခန့်မှန်းချက်အချို့အရ လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာ နိုင်ငံ့လူဦးရေရဲ့ ထက်၀က်ကို ဗိုင်းရပ်စ်ကူးစက်နိုင်တယ်လို့ သူမကပြောပါတယ်။   မြန်မာနိုင်ငံဟာ မကြာသေးမီက…

Read More

အောင်မြေသာစံကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း

မန္တလေးက ဆန္ဒပြပွဲတွေကို ပစ်ခတ် ဖမ်းဆီးနေ​ပေမယ့်လည်း အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံစစ်ကြောင်းကတော့ ဆက်လုပ်နေဆဲဖြစ်ပါတယ်။   photo-KA   #voiceofmyanmar #vom #အောင်မြေသာစံ

Read More

ခန္တီးနယ်မှာ ကုန်တင်ရေယာဥ်တွေ ဝင်ရောက်မှုမရှိတဲ့အတွက် လူသုံးကုန်ပစ္စည်းနဲ့ စက်သုံးဆီ စျေးမြင့်တက်နေ

ဇူလိုင် ၃၀ ၊၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ခန္တီးမြို့ကို ဇူလိုင် ၁၅ ရက်နောက်ပိုင်း ကုန်တင်ရေယာဥ် ဝင်ရောက်မှု သိသိသာသာ လျော့နည်းသွားပြီး ၂၀ ရက်နောက်ပိုင်း အဝင်လုံးဝမရှိတာကြောင့် လူသုံးကုန်ပစ္စည်းနဲ့ စက်သုံးဆီစျေးနူန်းဟာ တဟုန်ထိုး မြင့်တက်လာတယ်လို့ ခန္တီးဒေသခံတွေဆီက သိရပါတယ် ။   ” ဓာတ်ဆီ ၁ လီတာကို ၁၅၀၀ ကျပ်ကနေ အခုဆို ၂ ထောင်ဖြစ်သွားတယ် ၊ ကြက်ဥ လက်ကျန်ပစ္စည်း များသေးတာကြောင့် ၂ ရာနဲ့ရသေးတယ် ၊ ခေါက်ဆွဲ ကြာဇံ နဲ့ ပဲမျိုးစုံကတော့ တပိသာကို ၅ ရာနဲ့ ၆ အကြားစျေးမြင့်လာနေတယ် ” လို့ ခန္တီးမြိုခံ တစ်ယောက်က ပြောပါတယ် ။   ခန္တီးမြို့ဟာ မြန်မာနိုင်ငံရဲ့…

Read More

ဟုမ္မလင်းနယ် မာန်ဟုန်ရွာအုပ်ချုပ်ရေးမှူး နေအိမ်ပေါ်ကဆွဲချပြီး သေနတ်နဲ့ ပစ်ခတ်သတ်ခံရ

ဇူလိုင် ၃၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာအုပ်စုနေ ၊ မာန်ဟုန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇူလိုင် ၂၈ မနေ့ည ၈ နာရီဝန်းကျင်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံရတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီက သိရပါတယ် ။ ” ဆိုင်ကယ် ၂ စီးနဲ့ လက်နက်ကိုင် လူ ၄ ယောက်ရောက်လာပြီး အုပ်ကြီးကို အိမ်ပေါ်ကဆွဲချလို့ သေနတ်နဲ့ ပစ်သတ်သွားတာ ၊ အုပ်ကြီး ဦးကျော်မြင့်ဟာ နေရာမှာတင် အသက်ကုန်သွားတယ် “လို့ နားမော််ရွာခံ တစ်ယောက်က ပြောပါတယ် ။ သေဆုံးသူ မာန်ဟုန်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်ကျေးစည်းရုံးရေးမှူး တစ်ယောက်လဲဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW