ဟုမ္မလင်းနယ် မာန်ဟုန်ရွာအုပ်ချုပ်ရေးမှူး နေအိမ်ပေါ်ကဆွဲချပြီး သေနတ်နဲ့ ပစ်ခတ်သတ်ခံရ

ဇူလိုင် ၃၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာအုပ်စုနေ ၊ မာန်ဟုန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇူလိုင် ၂၈ မနေ့ည ၈ နာရီဝန်းကျင်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံရတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီက သိရပါတယ် ။
” ဆိုင်ကယ် ၂ စီးနဲ့ လက်နက်ကိုင် လူ ၄ ယောက်ရောက်လာပြီး အုပ်ကြီးကို အိမ်ပေါ်ကဆွဲချလို့ သေနတ်နဲ့ ပစ်သတ်သွားတာ ၊ အုပ်ကြီး ဦးကျော်မြင့်ဟာ နေရာမှာတင် အသက်ကုန်သွားတယ် “လို့ နားမော််ရွာခံ တစ်ယောက်က ပြောပါတယ် ။
သေဆုံးသူ မာန်ဟုန်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်ကျေးစည်းရုံးရေးမှူး တစ်ယောက်လဲဖြစ်တယ်လို့ သူရဲ့ မိသားစု အသိုက်အဝန်းထံက သိရပါတယ် ။
ဒါ့အပြင် အခု လုပ်ကြံသတ်ဖြတ်ခံရတဲ့ နားမော်ကျေးရွာ အနီးမှာ ဒီလ (ဇူလိုင်) ၁၄ ရက်က ခန္တီးကနေ မုံရွာကို စုန်ဆင်းလာတဲ့ ချင်းတွင်းမြစ်ကြောင်းသွား ကုန်တင်ရေယာဥ်တွေကို မြစ်ကမ်းဘေးကနေ သေနတ်နဲ့ ချောင်းမြှောင်း ပစ်ခတ်ခဲ့အတွက် ရေယာဥ်ပဲ့ကိုင် လုပ်သား ၁ ဦ သေဆုံးခဲ့ရပြီး ၊ ရေယာဥ်လုံခြုံးရေး ၁ ယောက်လဲ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ် ။
စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်မှာ ဇွန် ၊ ဇူလိုင် ၂ လအတွင်း လူသတ်မှုဖြစ်စဥ်တွေကြောင့် သေဆုံးသူ ၇၀ နဲ့ ဒဏ်ရာရသူ ၁ ဒါဇင်နီးပါးရှိရာ မြောင်မြို့နယ်မှာ ၂ လောင်းပြိုင်လူသတ်မှု ၃ ကြိမ်နဲ့ ၃ လောင်းပြိုင် လူသတ် ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ် ။
ဒါ့အပြင် တန့်ဆည်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ ဦးခေါင်ဖြတ် သတ်ဖြတ်မှု ၃ ကြိမ်ရှိခဲ့ပြီး ကျန်လူသတ်မှု အများစုကတော့ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ်တာတွေဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW