မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ဆွေးနွေးဖို့ ဂျပန်စီစဉ်

တိုကျို၊ ဇူလိုင်-၃၀-၂၀၂၁
မျိုးဆက် (VOM)

ဂျပန်နိုင်ငံဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်နေတဲ့ မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လာမယ့်သီတင်းပတ်မှာ အွန်လိုင်းဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဆွေးနွေးပွဲကို မတ်လအတွင်းမှာကျင်းပဖို့ ကနဦးစီစဉ်ခဲ့ပေမယ့် ဒီလိုအစီအဝေးကျင်းပလိုက်တာဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ် အသိအမှတ်ပြုသလိုဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဂျပန်နိုင်ငံက ဆိုင်းငံ့ထားလိုက်ပြီးနောက် လက်ရှိမှာတော့ သြဂုတ် ၆ ရက်မှာ ကျင်းပဖို့စီစဉ်လိုက်တာဖြစ်ပါတယ်။

ဇွန်လအတွင်းက မြန်မာအပါအဝင် အာဆီယ ံ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံက ဆွေးနွေးခဲ့သလို အမေရိကန်ကလည်း ဇူလိုင် ၁၄ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းကဆွေးနွေးပြီးနောက် ဂျပန်နိုင်ငံကလည်း မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေကို ဆွေးနွေးပွဲကို ကျင်းပဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်ဒေသနိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ အခြား မဲခေါင်ဒေသနိုင်ငံတွေကတော့ မြန်မာနိုင်ငံရေးအပြောင်းအလဲဘယ်လိုပင်ဖြစ်ပါစေ ဂျပန်နိုင်ငံနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

မဲခေါင်ဒေသဟာ တောင်တရုတ်ပင်လယ်ရဲ့ အရေးပါတဲ့ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် ဒေသတွင်းအဓိကအင်အားကြီး အိန္ဒိယနဲ့တရုတ်နိုင်ငံတို့အနီးတည်ရှိတာကြောင့် ပထဝီနိုင်ငံရေးအရ အရေးပါတယ်လို့ ဂျပန်နိုင်ငံက ရှုမြင်ထားပါတယ်။

Ref : Japan Today
Photo: Getty Images
#voiceofmyanmar #VOM #မဲခေါင်ဒေသ #ဂျပန်

Related posts

Leave a Comment

VOM News

FREE
VIEW