လာမယ့်နှစ်ပတ်အတွင်း မြန်မာ့လူဦးရေရဲ့ထက်၀က်ခန့် ကိုဗစ်ကူးစက်နိုင်တယ်လို့ ဗြိတိန်သတိပေး

နယူးယောက်၊ ဇူလိုင်-၃၀-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ လာမယ့်သီတင်းနှစ်ပတ်အတွင်း နိုင်ငံ့လူဦးရေ ၅၄ သန်းအနက် ထက်၀က်ခန့်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဇူလိုင် ၂၉ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလမှဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်အပြီးမှာတော့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေအပေါ် အမေရိကန်၊ ဗြိတိန်အပါအ၀င် အခြားနိုင်ငံအချို့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
 
အဲဒီလိုနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ပြိုလဲကာ ကျန်းမာရေး၀န်ထမ်းတွေဟာလည်း တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအလွတ်သဘော ဆွေးနွေးပွဲမှာ ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေဟာ အလွန်မြန်ဆန်နေပြီး ခန့်မှန်းချက်အချို့အရ လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာ နိုင်ငံ့လူဦးရေရဲ့ ထက်၀က်ကို ဗိုင်းရပ်စ်ကူးစက်နိုင်တယ်လို့ သူမကပြောပါတယ်။
 
မြန်မာနိုင်ငံဟာ မကြာသေးမီက တရုတ်နိုင်ငံကကာကွယ်ဆေးနှစ်သန်းရရှိထားပေမယ့် လက်ရှိအချိန်ထိ နိုင်ငံ့လူဦးရေ ၃ ဒသမ ၂ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးထိုးနှံပေးရသေးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
 
Ref : Reuters
Photo: AFP
 
#voiceofmyanmar #vom #COVID19 #မြန်မာကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW