ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ရှေ့ ဗုံးပေါက်

ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၂၁
KK

မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဝင်/ထွက်ပေါက်ရှေ့အနီးမှာ ဒီကနေ့ နေ့လယ်၂နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။

နိူင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ရှေ့က ရဲတပ်ဖွဲ့ဝင်တွေကို ကားတစ်စီးပေါ်ကနေ ဗုံးနဲ့လှမ်းပစ်ခဲ့ရာ မထိမှန်ဘဲ အခြားကားတစ်စီးကိုသာ ထိမိခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

“ကားပေါ်ကနေ အထုပ်လှမ်းပစ်တာ အသံတော့ အတော်ကျယ်တယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူး၊ ရပ်ထားတဲ့ကားတစ်စီးပဲ လေကာမှန်ကွဲသွားတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သက်ဆိုင်ရာက သွားရောက်စိစစ်ခဲ့ရာ ပေါက်ကွဲတဲ့နေရာကနေ Keypad ဖုန်းအပိုင်းအစများ၊ ရေသန့်ဗူး ပလပ်စတစ်အပိုင်းအစများ၊ ဆားကစ်ပြား(၁)ခု၊ ဘောစေ့များ၊ ဓါတ်ခဲ အပိုင်း အစများ၊ ဝါယာကြိုးစများ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

လက်တလောမှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းတွေကိုပိတ်ဆို့ကာ ဗုံးဖောက်ခွဲတဲ့မော်တော်ကားကို ရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW