တန့်ဆည်နယ် ဇီးဖြူကုန်း အုပ်ချုပ်ရေးမှူး သတ်ခံရတာ အပါအဝင် ၂၄ နာရီအတွင်း လူသတ်မှု ၂ ကြိမ်ဖြစ်

ဇူလိုင် -၃၁-၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်မှာ ဇူလိုင် ၃၀ မနေ့က ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး သတ်ခံရတာ အပါအဝင် ၂၄ နာရီအတွင်း လူသတ်မှု ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်လို့ တန့်ဆည် လမ်းဆုံ အဝိုင်းပတ် အနီးမှာနေတဲ့ ဒေသခံ တစ်ယောက်က ” မနေ့က ၁ ရက်ထဲမှာ လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ၊ ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဘို က မနက် ၁ နာရီဝန်းကျင်မှာ သတ်ခံရတယ် ၊ အင်ကုက္ကားရွာက သတင်းပေး ဒလန်လို့ စွပ်စွဲခံရတဲ့
ငမော့စ်ကတော့ နေ့ခင်း ၃ နာရီဝန်းကျင် အိမ်မှာတင် သတ်ခံရတာ ” လို့ ပြောပါတယ် ။
အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ တန့်ဆည် မြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကို VOM က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ မနက်က တန့်ဆည်မြို့နယ် ရွာသာအုပ်စု၊ ချောင်းရိုး ၊ ရွာသာလမ်း ထန်းတောရွာ ကိုဗစ်စစ်ဆေးရေးဂိတ်ကို သေနတ်နဲ့ပစ်လို့ လူ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ တဲ့ လူသတ်မှုဖြစ်ပြီးနောက် ၊ ဇူလိုင် ၈ ရက်နေ့ ညဦးပိုင်းမှာ တန့်ဆည် လမ်းဆုံဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ဂျပ်ဖာနဲ့ထည့်ထားတဲ့ လူဦးခေါင်းပြတ် တခုထပ်မံတွေ့ခဲ့ရပါတယ်။
 
အဲ့ဒီ ဦးခေါင်းပြတ် သေဆုံးရသူဟာ ဆင်ငယ်ရွာ ထွေအုပ် စာရေး ကိုချပ်ပြား ဆိုသူဖြစ်ပါတယ် ။
 
ဒါ့အပြင် ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းက ကံထူးမ တိုက်နယ် တန့်ဆည် ကလေးဝ ကားလမ်း ဘေးမှာ ဦးခေါင်းပြတ် လူသတ်မှု နောက် ၁ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပါတယ် ။
 
အဲ့ဒါကြောင့် တန့်ဆည်မြို့အတွင်း ပြီးခဲ့တဲ ဇူလိုင်လမှာ လူသတ်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW