ရန်ကုန်၊ဇူလိုင် ၃၁-၂၀၂၁
KK(VOM)
ရန်ကုန်တိုင်းရှိ စားဝတ်နေရေးအခက်အခဲရှိသောမြို့နယ်(၆)မြို့နယ်မှာ စားဝတ်နေရေးအခက်ခဲဖြစ်နေသူတွေအတွက် လူတစ်ဦးကို ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်အစရှိတဲ့ ကုန်ပစွည်း(၄)မျိုးကို တစ်ရာကျပ်နဲ့သြဂုတ်လ ၁ရက်နေ့က စတင်ပြီး လှူဒါန်းသွားမယ်လို့ Mazely Flannelအဖွဲ့ကနေ သိရပါတယ်။
လှူဒါန်းမယ်မြို့နယ်တွေဟာ လှိုင်၊ရွှေပြည်သာ၊လှိုင်သာယာ၊တောင်ဒဂုံ၊သာကေတမြို့နယ်တို့ဖြစ်ပြီး စားသောက်ကုန်တွေကတော့ ဆန်တစ်ပြည်၊ဆီငါးဆယ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားပါဝင်ကာ ကျသင့်ငွေမှာ တစ်ရာကျပ်သာဖြစ်ကြောင်း Mazely Flannelအဖွဲ့တာဝန်ခံက VOMကိုပြောပါတယ်။
“ရောင်းတာထက်စာရင် လှူတယ်လို့ပြောရမှာပေါ့၊ မနက်ဖြန် လှိုင်မြို့နယ်မှာ စလှူမယ်၊ နောက်ရက်တွေက အခြားမြို့နယ်တွေကို လှူသွားမှာပါ”လို့ သူကရှင်းပြပါတယ်။
စားဝတ်နေရေးအခက်အခဲရှိသူတွေအတွက် စားသောက်ကုန်လှူဒါန်ပေးမှုကို Mobile Serviceဆရာများနှင့်အတူ Myanmar Mobile Service Association (MMSA) အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ စေတနာအလှူရှင်များနဲ့Mazely Flannel မှလည်း လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားတယ်လို့သိရပါတယ်။
ရောင်းချမယ့်အစီအစဥ်ကို လှိုင်မြို့နယ် Mazely Flannel ဘူတာရုံလမ်းမှတ်တိုင်အနီးမှာ မနက်ဖြန် ဩဂုတ်(၁)ရက်နေ့မှစတင်ကာ လူသုံးရာစာအတွက် မနက်၈နာရီကနေ ညနေ ၄နာရီအထိရောင်းချပေးသွားမယ်လို့ ပြောပါတယ်။
ဇူလိုင်လအစောပိုင်းကနေ မနေ့ကထိ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ ကြက်ဥ ၁ လုံး ကို ၅ ကျပ်၊ ၁၀လုံး ကို ကျပ် ၅၀ ဈေးနှုန်းနဲ့ Flannel Box ဆိုင်က ရောင်းချပြီးနောက် ကုန်ပစွည်းလေးမျိုးကိုတစ်ရာကျပ်နဲ့ ပြည်သူတွေကို ရောင်းချပေးခဲ့တာလည်းရှိပါတယ်။
အလားတူ တာမွေမြို့နယ် တာမွေဗလီနဲ့ အာသောကလမ်းကြား Orange Super Market အနီး ပြည်သူအချင်းချင်း ကူညီတဲ့အနေနဲ့ ဆန်တစ်ပြည်ကို ၁၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာလည်းရှိပါတယ်။
ပုံစာ- တာမွေမြို့နယ် orange super market အနီးဆန်တစ်ပြည် တစ်ရာကျပ်ဖြင့် ရောင်းချမှုမြင်ကွင်း
#voiceofmyanamr #VOM #ရန်ကုန်