ဩဂုတ် ၁၈-၂၀၂၁ Voice Of Myanmar မကွေးတိုင်း၊ မင်းတုန်းမှာ တာဝန်ကျတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဦးစီးမှုးကို စစ်တပ်အရာရှိ(၁)ဦးနဲ့အဖွဲ့က ဝိုင်းဝန်ူ ရိုက်နှက်ပြီး ဆဲဆိုခြိမ်းခြောက်သေနတ်ပစ်ဖောက်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဩဂုတ် ၁၅ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ လက္ဘက်ရည်ဆိုင်ထိုင်နေတဲ့ မီးသတ်ဦးစီးမှူး Mask မတတ်တာကို စစ်ဗိုလ်က ပြောလို့ အပြန်အလှန်အချင်းများကြကာ အော်ဟစ်ကြပြီး လူစုခွဲပြီးနောက်ပိုင်း ဦးစီးမှူးဖြစ်သူ မီးသတ်စခန်းကို ပြန်ရောက်ပြီးချိန်မှာ စစ်သားတွေက ဆိုင်ကယ်၄စီးနဲ့လိုက်လာပြီး ထိုးကြိတ်ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ”သေနတ် သုံး၊လေးချက်လောက် ဖောက်ပြီး အနားမကပ်နဲ့ သေသွားမယ်ဆိုပြီး ဦးစီးကိုဝိုင်းထိုးတာမျက်နှာတစ်ခုလုံး ယောင်ကိုင်းနေတာမြင်မကောင်းဘူး”လို့ မီးသတ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဖေဖေါ်ဝါရီ၁ရက်ကစပြီး သရက်မြို့မှာ ကပစ-၁၂ က ဗိုလ်မှူးတစ်ဦး ဦးစီးတဲ့တပ်ခွဲတစ်ခွဲရောက်ရှိပြီး မြို့လုံခြုံရေးဆိုကာ နေရာယူထားတာရှိတယ်လို့လည်း သိရပါတယ်။ ဒေသခံတဦးကလည်း “၂ဘက်လုံးမူးနေတာ၊ ညနေကတည်းက ရန်စရန်ကြွင်း…
Read MoreMonth: August 2021
တောင်သာနယ် မီးပေါက်ရွာက အုပ်ချုပ်ရေးမှူးသားအဖ ၂ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
သြဂုတ် ၊ ၁၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ် ၊ မီးပေါက်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ၂ ယောက်ဟာ မနေ့ သြဂုတ် ၁၇ နေ့လယ်ပိုင်းက လယ်ထွန်သွားရာက ယာခင်းတောထဲမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် သားအဖ ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ ဒေသခံခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အခင်းတောကို ယာထွန်ဖို့ မနက်ပိုင်းမှာ အိမ်ကထွက်သွားတယ် ၊ နေ့ခင်းပိုင်းမှာ တောသွားတဲ့သူတွေက ဖုန်းဆက်ပြောတယ် ၊ ဦးအောင်မြင့်တို့ သားအဖ ၂ ယောက်စလုံး အခင်းတောမှာ အသတ်ခံထားရတယ်ဆိုမှ ရွာကသိရတာ ” လို့ မီးပေါက်ရွာခံ တစ်ယောက်က ပြောပါတယ်။ သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဟာ အုပ်ချုပ်ရေးမှူးတာဝန်ယူတာ လပိုင်းပဲရှိသေးပြီး…
Read Moreအိန္ဒိယနယ်စပ်မှာ ခိုလှုံခွင့်ရ မြန်မာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစတင်
သြဂုတ် ၊ ၁၈ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ထဲမှာ ခိုလှုံနေထိုင်ခွင့်ရ မြန်မာတွေကို မီဇိုရမ်း ပြည်နယ် ကျန်းမာရေးဌာနနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဦးစားပေးအဆင့် တရပ်အနေနဲ့ မနေ့ သြဂုတ် ၁၇ ကစလို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ စတင် ထိုးနှံ လုပ်ဆောင်နေပြီလို့ မီဇိုရမ်ရောက် မြန်မာတချို့ရဲ့ ဆက်သွယ် ပြောပြချက်အရ သိရပါတယ် ။ ” ကျန်ဖိုင်း (Champhai) ရောက် မြန်မာ တွေကို မီဇိုရမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ (Zoramtjanga ) ဦးဆောင်မှုနဲ့ အရပ်ဖက် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းတွေက အဲ့ဒီ ကာကွယ်ဆေးတွေကို ထိုးနှံပေးတာဖြစ်တယ် ” လို့ ကာကွယ်ဆေးထိုး…
Read Moreကျောက်တော်မှာ နွားကျောင်းနေသူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
ကျောက်တော်၊ ဩဂုတ် ၁၇- ၂၀၂၁ HAS(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့ နေ့လယ် ၁ နာရီကျော်ခန့်က နွားကျောင်းနေသူတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားသူဟာ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာက အသက် (၃၇) နှစ်အရွယ် ဦးအောင်သိန်းဆန်းဖြစ်ကြောင်းသိရပြီး ဘယ်ဘက်ခြေထောက် ခြေဖဝါးနဲ့ ခြေသလုံး ပွတ်သွားကာ ဖြတ်ရမယ့် အနေအထားရှိတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိသွားတဲ့ ဦးအောင်သိန်းဆန်းရဲ့ မိသားစုဝင် ကိုအောင်ဆန်းဦးက “ဖြစ်စဉ်ကတော့ သူ့တို့က ပုံမှန်နွားကျောင်းနေကျနေရာပါ။ အဲ့ဒီနေရာက ရွာနဲ့နည်းနည်းအလှမ်းဝေးပါတယ်။ တောင်ကုန်းလေးတွေ ကျော်ပြီးသွားရပါတယ်။ မိုင်းထိတဲ့နေရာနဲ့ မနီးမဝေးမှာတော့ (၃၇၇) အမြောက်တပ် ရှိပါတယ်။ နွားကျောင်းနေရင်းနဲ့ အဲ့ဒီလိုဖြစ်သွားတာပါပဲ။” လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူကို ကျောက်တော်မြို့နယ်၊…
Read Moreထိုင်၀မ်ကျွန်းအနီးမှာ တရုတ်စစ်ဘက် အကြီးစား စစ်ရေးလေ့ကျင့်
ပေကျင်း၊ သြဂုတ်-၁၇-၂၀၂၁ မျိုးဆက် (VOM) တရုတ်စစ်ဘက်ဟာ ထိုင်၀မ်ကျွန်းအနီး အနောက်တောင်ဘက်နဲ့အရှေ့တောင်ဘက်ရေပြင်မှာ စစ်သင်္ဘောတွ တိုက်လေယာဉ်တွေနဲ့ သြဂုတ် ၁၇ ရက်မှာ အကြီးစားစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်အရေးနဲ့ ပတ်သက်ပြီး ပြည်ပ၀င်ရောက်စွက်ဖက်မှုနဲ့ ရန်စမှုတွေကို တုံ့ပြန်မှုအဖြစ် လုပ်ဆောင်တာလို့ တရုတ်စစ်ဘက်ကဆိုပါတယ်။ ထိုင်၀မ်ကျွန်းဟာ သူ့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားပါတယ်။ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လက်ခံဖို့ အင်အားသုံးဖိအားပေးမှုအဖြစ် ကျွန်းအနီးမှာ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်၀မ်က ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကို ပူးပေါင်းစစ်ဆင်ရေးနဲ့ အခြားလေ့ကျင့်ရေးတွေပြုလုပ်ဖို့အတွက် ထိုင်၀မ်ကျွန်းအနီးသို့ စေလွှတ်ခဲ့ကြောင်း တရုတ်စစ်ဘက် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ မကြာသေးမီအချိန်က အမေရိကန်နဲ့ထိုင်၀မ်တို့ဟာ ရန်စမှုတွေကို အကြိမ်ကြိမ်ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဒါဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြား…
Read Moreပုဏ္ဏားကျွန်း တောဖျားချောင်းကနေ မျှစ်ချိုးပြီးပြန်လာသူ (၄)ဦးရေနစ်ပျောက်ဆုံး
ပုဏ္ဏားကျွန်း၊ ဩဂုတ် ၁၇- ၂၀၂၁ HAS (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ဘူးကျေးရွာကနေ တောဖျားချောင်းဒေသကို မျှစ်ချိုးသွားသူ (၄) ဦးဟာ အပြန်လမ်းမှာ လှေတိမ်းမှောက်ပြီး မနေ့ ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရေးနစ်ပျောက်ဆုံးသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။ လှေတိမ်းမှောက်သွားတဲ့နေရာဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားတဲ့လမ်း(စေတီပြင်တံတား) အောက်မှာ နစ်မြုပ်သွားတာဖြစ်ပြီး လှေနစ်မြုပ်သွားပြီးပျောက်ဆုံးနေတဲ့ (၄) ဦးထဲမှာ အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသားတစ်ဦး ပါဝင်ကြောင်း သိရပါတယ်။ လှေတိမ်းမှောက်ပြီးနောက် ရေနစ်ပျောက်ဆုံးနေသူတွေဟာ ကန်ဘူးကျေးရွာက ဦးခင်သန်းမောင် (၄၅) နှစ်နဲ့ ဇနီး ဒေါ်မပုယေ (၄၁)၊ ဒေါ်ဦးဆန်းရီ (၄၇) နှစ်၊ မဖြူဖြူသန်း (၂၂) တို့ဖြစ်ကြောင်းသိရပြီး အဲဒီ (၄)…
Read Moreကျောက်မဲမြို့နယ် ပန်လင်ရွာဘက်မှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
ဩဂုတ် ၁၇၊ ၂၀၂၁ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်လင်ရွာဘက်မှာ RCSS (သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ)/SSA-S နဲ့ TNLA (တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်)၊ SSPP/ SSA-N (ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း)ပူးပေါင်းတပ်တို့အကြား ဒီကနေ့မနက် ၅ နာရီ ခန့်ကစ တကြော့ပြန် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တိုက်ပွဲပိတ်မိနေသူတွေ ဆေးဝါးနဲ့ အစားအသောက်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ပန်လင်ရွာခံတစ်ဦးက ” ကျောက်မဲနဲ့ ၂၃ မိုင် ခန့်ဝေးတဲ့ ပန်လင်ရွာမှာ ရွာထိပ်မှာတင် တိုက်ပွဲ ပြင်းထန်လာတာကြောင့် ကတုတ်ကျင်းမှာ ပုန်းအောင်း နေကြရတဲ့အပြင် ဩဂုတ်လ ၁၃ ရက်နေ့က မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိုး သမီး…
Read Moreတတိယမြောက် ကိုဗစ်-၁၉ ထပ်တိုးကာကွယ်ဆေးအမေရိကန်မှာ စထိုးတော့မယ်
၀ါရှင်တန်၊ သြဂုတ်-၁၇-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်မှာ တတိယမြောက် ကိုဗစ်-၁၉ ထပ်တိုး ကာကွယ်ဆေးထိုးနှံတာကို စက်တင်ဘာလလယ် သို့မဟုတ် စက်တင်ဘာနှောင်းပိုင်းမှာ စတင်သွားဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။ ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူတွေအနေနဲ့ ရှစ်လအကြာမှာ တတိယမြောက် ကာကွယ်ဆေးထိုးနှံသင့်တယ်လို့ အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူတွေက ဆိုပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ဘိုးဘွားရိပ်သာမှယ နေထိုင်သူတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို နောက်ထပ်ကာကွယ်ဆေး ဦးစွာထိုးနှံပေးမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ယခုသီတင်းပတ်အတွင်းမှာ တာ၀န်ရှိသူတွေက ကြေညာဖို့ စီစဉ်ထားပါတယ်။ Pfizer သို့မဟုတ် Moderna ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပေမယ့်လည်း ကိုယ်ခံအားစနစ် ချို့ယွင်းသူတွေအတွက် တတိယမြောက် ကာကွယ်ဆေးထိုးနှံခြင်းကို အမေရိကန် ကျန်းမာရေးတာ၀န်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ခွင့်ပြုခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ရည်မှန်းချက်ကတော့ အဲဒီကာကွယ်ဆေးတွေ ထိုးနှံပြီးနောက် တတိယမြောက်ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ် ကူးစက်မှုကို…
Read Moreတောင်ဒဂုံ ၅၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး၊ ရာအိမ်မှူးဆေးရုံတင်ရ
ရန်ကုန်၊ သြဂုတ် ၁၇၊၊၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၇ ရက်ကွက်၊ နှောင်ရိုးလမ်းထိပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရုံးကိစွအတွက် ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေရှိနေချိန် ဒီကနေ့နေ့လယ် ၁၂နာရီက အမည်မသိအဖွဲ့ သေနတ်နဲ့လာပစ်လို့ အုပ်ချုပ်ရေးမှူးသေဆုံးခဲ့ပြီး ရာအိမ်မှူးကို ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ ရုံးအနီးနေထိုင်သူတစ်ဦးက “နေ့လည်ပိုင်းက ဖြစ်တာပါ၊ ရုံးမှာအစည်းအဝေးရှိတယ်နဲ့တူတယ်၊ လူကြီးတွေအများကြီးပဲ အဲ့ဒီအချိန်ဝင်ပစ်သွားတာ၊ သေနတ်သံတွေကြားတယ်”လို့ ပြောပါတယ်။ သေနတ်ဒဏ်ရာတွေကြောင့် အုပ်ချုပ်ရေးမှူး ဦးဉာဏ်ထွန်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရာအိမ်မှူးကို ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း နောင်ရိုး လမ်း၊လှော်ကားလမ်း၊ဇေယျာမြိုင်လမ်းတွေကို စစ်တပ်နဲ့ရဲတွေက စစ်ဆေးခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ၅၇ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်ညနေပိုင်းက NLDရပ်ကျေးအလုပ်မှုဆောင် ဦးခင်ကျော်ကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။ #voiceofmyanmar…
Read Moreမုံရွာ အလုံရဲစခန်းရှေ့မှာ ဗုံး ၁ လုံးတွေ့ပြီး အားကစားကွင်းထဲမှာ ဗုံး ၁ လုံးပေါက်
သြဂုတ် ၊ ၁၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းက အလုံရဲစခန်းရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးထောင်ထားတာကို တွေ့ရပြီး ၊ ပြည်သူ့အားကစားကွင်းထဲမှာလဲ အသံအလွန်ပြင်းတဲ့ ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ” အလုံ ရဲစခန်းရှေ့က တွေ့ရတဲ့ ဗုံးဟာ စတီးသံပိုက်နဲ့ လုပ်ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်းဖြစ်တယ် ၊ ပေါက်ကွဲမှု မဖြစ်ခင် ကြိုတင်တွေ့ရတဲ့ အတွက် သက်မဲ့လုပ်ပြီး ရှင်းလင်းနိုင်ခဲ့တယ် ” လို့ အလုံ စစ်ပင်ရပ်က ဒေသခံ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မနက်ပိုင်းမှာ ပုံမှန် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ မုံရွာ ပြည်သူ့အားကစားကွင်းထဲမှာ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ် ။…
Read More