မုံရွာ အလုံရဲစခန်းရှေ့မှာ ဗုံး ၁ လုံးတွေ့ပြီး အားကစားကွင်းထဲမှာ ဗုံး ၁ လုံးပေါက်

သြဂုတ် ၊ ၁၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းက အလုံရဲစခန်းရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးထောင်ထားတာကို တွေ့ရပြီး ၊ ပြည်သူ့အားကစားကွင်းထဲမှာလဲ အသံအလွန်ပြင်းတဲ့ ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။
 
” အလုံ ရဲစခန်းရှေ့က တွေ့ရတဲ့ ဗုံးဟာ စတီးသံပိုက်နဲ့ လုပ်ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်းဖြစ်တယ် ၊ ပေါက်ကွဲမှု မဖြစ်ခင် ကြိုတင်တွေ့ရတဲ့ အတွက် သက်မဲ့လုပ်ပြီး ရှင်းလင်းနိုင်ခဲ့တယ် ” လို့ အလုံ စစ်ပင်ရပ်က ဒေသခံ တစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် မနက်ပိုင်းမှာ ပုံမှန် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ မုံရွာ ပြည်သူ့အားကစားကွင်းထဲမှာ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ် ။ အဲ့ဒီ ဗုံးဟာ လူငယ် ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး အုတ်တံတိုင်း ကျော်ပစ်ပြီး ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေအပြောအရသိရပါတယ် ။
 
#voiceofmyanmar #vom #အလုံရဲစခန်း #မုံရွာ
 
ပုံစာ ၊ အလုံရဲစခန်းရှေ့က မိုင်း ၁ လုံး ရှင်းလင်းဖယ်ရှားနေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW