ကျောက်တော်မှာ နွားကျောင်းနေသူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ကျောက်တော်၊ ဩဂုတ် ၁၇- ၂၀၂၁ HAS(VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့ နေ့လယ် ၁ နာရီကျော်ခန့်က နွားကျောင်းနေသူတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။   မိုင်းနင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားသူဟာ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာက အသက် (၃၇) နှစ်အရွယ် ဦးအောင်သိန်းဆန်းဖြစ်ကြောင်းသိရပြီး ဘယ်ဘက်ခြေထောက် ခြေဖဝါးနဲ့ ခြေသလုံး ပွတ်သွားကာ ဖြတ်ရမယ့် အနေအထားရှိတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိသွားတဲ့ ဦးအောင်သိန်းဆန်းရဲ့ မိသားစုဝင် ကိုအောင်ဆန်းဦးက “ဖြစ်စဉ်ကတော့ သူ့တို့က ပုံမှန်နွားကျောင်းနေကျနေရာပါ။ အဲ့ဒီနေရာက ရွာနဲ့နည်းနည်းအလှမ်းဝေးပါတယ်။ တောင်ကုန်းလေးတွေ ကျော်ပြီးသွားရပါတယ်။ မိုင်းထိတဲ့နေရာနဲ့ မနီးမဝေးမှာတော့ (၃၇၇) အမြောက်တပ် ရှိပါတယ်။ နွားကျောင်းနေရင်းနဲ့ အဲ့ဒီလိုဖြစ်သွားတာပါပဲ။” လို့ ပြောပါတယ်။   ဒဏ်ရာရရှိသူကို ကျောက်တော်မြို့နယ်၊…

Read More

ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်စစ်ဘက် အကြီးစား စစ်ရေးလေ့ကျင့်

ပေကျင်း၊ သြဂုတ်-၁၇-၂၀၂၁ မျိုးဆက် (VOM)   တရုတ်စစ်ဘက်ဟာ ထိုင်၀မ်ကျွန်းအနီး အနောက်တောင်ဘက်နဲ့အရှေ့တောင်ဘက်ရေပြင်မှာ စစ်သင်္ဘောတွ တိုက်လေယာဉ်တွေနဲ့ သြဂုတ် ၁၇ ရက်မှာ အကြီးစားစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။   ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်အရေးနဲ့ ပတ်သက်ပြီး ပြည်ပ၀င်ရောက်စွက်ဖက်မှုနဲ့ ရန်စမှုတွေကို တုံ့ပြန်မှုအဖြစ် လုပ်ဆောင်တာလို့ တရုတ်စစ်ဘက်ကဆိုပါတယ်။ ထိုင်၀မ်ကျွန်းဟာ သူ့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားပါတယ်။   တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လက်ခံဖို့ အင်အားသုံးဖိအားပေးမှုအဖြစ် ကျွန်းအနီးမှာ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်၀မ်က ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။   စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကို ပူးပေါင်းစစ်ဆင်ရေးနဲ့ အခြားလေ့ကျင့်ရေးတွေပြုလုပ်ဖို့အတွက် ထိုင်၀မ်ကျွန်းအနီးသို့ စေလွှတ်ခဲ့ကြောင်း တရုတ်စစ်ဘက် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။   မကြာသေးမီအချိန်က အမေရိကန်နဲ့ထိုင်၀မ်တို့ဟာ ရန်စမှုတွေကို အကြိမ်ကြိမ်ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဒါဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြား…

Read More

ပုဏ္ဏားကျွန်း တောဖျားချောင်းကနေ မျှစ်ချိုးပြီးပြန်လာသူ (၄)ဦးရေနစ်ပျောက်ဆုံး

ပုဏ္ဏားကျွန်း၊ ဩဂုတ် ၁၇- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ဘူးကျေးရွာကနေ တောဖျားချောင်းဒေသကို မျှစ်ချိုးသွားသူ (၄) ဦးဟာ အပြန်လမ်းမှာ လှေတိမ်းမှောက်ပြီး မနေ့ ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရေးနစ်ပျောက်ဆုံးသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။   လှေတိမ်းမှောက်သွားတဲ့နေရာဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားတဲ့လမ်း(စေတီပြင်တံတား) အောက်မှာ နစ်မြုပ်သွားတာဖြစ်ပြီး လှေနစ်မြုပ်သွားပြီးပျောက်ဆုံးနေတဲ့ (၄) ဦးထဲမှာ အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသားတစ်ဦး ပါဝင်ကြောင်း သိရပါတယ်။   လှေတိမ်းမှောက်ပြီးနောက် ရေနစ်ပျောက်ဆုံးနေသူတွေဟာ ကန်ဘူးကျေးရွာက ဦးခင်သန်းမောင် (၄၅) နှစ်နဲ့ ဇနီး ဒေါ်မပုယေ (၄၁)၊ ဒေါ်ဦးဆန်းရီ (၄၇) နှစ်၊ မဖြူဖြူသန်း (၂၂) တို့ဖြစ်ကြောင်းသိရပြီး အဲဒီ (၄)…

Read More

ကျောက်မဲမြို့နယ် ပန်လင်ရွာဘက်မှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ဩဂုတ် ၁၇၊ ၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်လင်ရွာဘက်မှာ RCSS (သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ)/SSA-S နဲ့ TNLA (တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်)၊ SSPP/ SSA-N (ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း)ပူးပေါင်းတပ်တို့အကြား ဒီကနေ့မနက် ၅ နာရီ ခန့်ကစ တကြော့ပြန် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တိုက်ပွဲပိတ်မိနေသူတွေ ဆေးဝါးနဲ့ အစားအသောက်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   တိုက်ပွဲဖြစ်တဲ့နေရာက ပန်လင်ရွာခံတစ်ဦးက ” ကျောက်မဲနဲ့ ၂၃ မိုင် ခန့်ဝေးတဲ့ ပန်လင်ရွာမှာ ရွာထိပ်မှာတင် တိုက်ပွဲ ပြင်းထန်လာတာကြောင့် ကတုတ်ကျင်းမှာ ပုန်းအောင်း နေကြရတဲ့အပြင် ဩဂုတ်လ ၁၃ ရက်နေ့က မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိုး သမီး…

Read More

တတိယမြောက် ကိုဗစ်-၁၉ ထပ်တိုးကာကွယ်ဆေးအမေရိကန်မှာ စထိုးတော့မယ်

၀ါရှင်တန်၊ သြဂုတ်-၁၇-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်မှာ တတိယမြောက် ကိုဗစ်-၁၉ ထပ်တိုး ကာကွယ်ဆေးထိုးနှံတာကို စက်တင်ဘာလလယ် သို့မဟုတ် စက်တင်ဘာနှောင်းပိုင်းမှာ စတင်သွားဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။   ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူတွေအနေနဲ့ ရှစ်လအကြာမှာ တတိယမြောက် ကာကွယ်ဆေးထိုးနှံသင့်တယ်လို့ အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူတွေက ဆိုပါတယ်။   သက်ကြီးရွယ်အိုတွေ၊ ဘိုးဘွားရိပ်သာမှယ နေထိုင်သူတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို နောက်ထပ်ကာကွယ်ဆေး ဦးစွာထိုးနှံပေးမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ယခုသီတင်းပတ်အတွင်းမှာ တာ၀န်ရှိသူတွေက ကြေညာဖို့ စီစဉ်ထားပါတယ်။   Pfizer သို့မဟုတ် Moderna ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပေမယ့်လည်း ကိုယ်ခံအားစနစ် ချို့ယွင်းသူတွေအတွက် တတိယမြောက် ကာကွယ်ဆေးထိုးနှံခြင်းကို အမေရိကန် ကျန်းမာရေးတာ၀န်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ခွင့်ပြုခဲ့ပါတယ်။   အမေရိကန်အစိုးရရဲ့ ရည်မှန်းချက်ကတော့ အဲဒီကာကွယ်ဆေးတွေ ထိုးနှံပြီးနောက် တတိယမြောက်ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ် ကူးစက်မှုကို…

Read More

တောင်ဒဂုံ ၅၇ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး၊ ရာအိမ်မှူးဆေးရုံတင်ရ

ရန်ကုန်၊ သြဂုတ် ၁၇၊၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၇ ရက်ကွက်၊ နှောင်ရိုးလမ်းထိပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရုံးကိစွအတွက် ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေရှိနေချိန် ဒီကနေ့နေ့လယ် ၁၂နာရီက အမည်မသိအဖွဲ့ သေနတ်နဲ့လာပစ်လို့ အုပ်ချုပ်ရေးမှူးသေဆုံးခဲ့ပြီး ရာအိမ်မှူးကို ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ရုံးအနီးနေထိုင်သူတစ်ဦးက “နေ့လည်ပိုင်းက ဖြစ်တာပါ၊ ရုံးမှာအစည်းအဝေးရှိတယ်နဲ့တူတယ်၊ လူကြီးတွေအများကြီးပဲ အဲ့ဒီအချိန်ဝင်ပစ်သွားတာ၊ သေနတ်သံတွေကြားတယ်”လို့ ပြောပါတယ်။   သေနတ်ဒဏ်ရာတွေကြောင့် အုပ်ချုပ်ရေးမှူး ဦးဉာဏ်ထွန်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရာအိမ်မှူးကို ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း နောင်ရိုး လမ်း၊လှော်ကားလမ်း၊ဇေယျာမြိုင်လမ်းတွေကို စစ်တပ်နဲ့ရဲတွေက စစ်ဆေးခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   ၅၇ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်ညနေပိုင်းက NLDရပ်ကျေးအလုပ်မှုဆောင် ဦးခင်ကျော်ကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။   #voiceofmyanmar…

Read More

မုံရွာ အလုံရဲစခန်းရှေ့မှာ ဗုံး ၁ လုံးတွေ့ပြီး အားကစားကွင်းထဲမှာ ဗုံး ၁ လုံးပေါက်

သြဂုတ် ၊ ၁၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းက အလုံရဲစခန်းရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးထောင်ထားတာကို တွေ့ရပြီး ၊ ပြည်သူ့အားကစားကွင်းထဲမှာလဲ အသံအလွန်ပြင်းတဲ့ ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။   ” အလုံ ရဲစခန်းရှေ့က တွေ့ရတဲ့ ဗုံးဟာ စတီးသံပိုက်နဲ့ လုပ်ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်းဖြစ်တယ် ၊ ပေါက်ကွဲမှု မဖြစ်ခင် ကြိုတင်တွေ့ရတဲ့ အတွက် သက်မဲ့လုပ်ပြီး ရှင်းလင်းနိုင်ခဲ့တယ် ” လို့ အလုံ စစ်ပင်ရပ်က ဒေသခံ တစ်ဦးက ပြောပါတယ်။   ဒါ့အပြင် မနက်ပိုင်းမှာ ပုံမှန် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ မုံရွာ ပြည်သူ့အားကစားကွင်းထဲမှာ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ် ။…

Read More

ကြံဖိုးငွေတွေကို အပြီးရှင်းမပေးတဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီကို ကြံတောင်သူတွေကတရားစွဲဆိုထား

သြဂုတ် ၁၇-၂၀၂၁ ရွှေမန်း(VOM)   စစ်ကိုင်းတိုင်း၊ မောင်းကုန်းဒေသက ကြံစိုက်တောင်သူတွေဟာ ကြံရာသီကုန်ဆုံးသော်လည်း သုံးလကျော်နောက်ကျတဲ့ ကြံဖိုးငွေတွေကို အပြီးရှင်းမပေးတဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီကို တရားစွဲဆိုထားတယ်လို့ ​တောင်သူတွေပြောပြချက်အရ သိရပါတယ်။   လက်ရှိမှာ တာဝန်ရှိသူတွေက စက်ရုံပိတ်​ပြီး ထွက်ပြေးနေတယ်လို့ သိရပါတယ်။   ၂၀၂၀ခုနှစ်က ကြံဖိုးငွေတွေကို စင်္ကာပူနိုင်ငံအခြေစိုက် ဝေမာကုမ္ပဏီက ၂၀၂၁ခုနှစ် ကြံစိုက်ရာသီဖြစ်တဲ့ သြဂုတ်လအထိ ငွေပေးချေခြင်းမရှိတဲ့အတွက် ကြံစိုက်တောင်သူ ငါးထောင်ကျော်ဟာ လာမည့်ကြံရာသီအတွက် ကြံစိုက်ခင်းအသစ်တွေ ထပ်မံမစိုက်ပျိုးနိုင်ခြင်း၊ လမိုင်းကွင်းတွေကို မြေဆီထည့်ခြင်း၊ ပေါင်းရှင်းလင်းခြင်းများကို မလုပ်ဆောင်နိုင်တာကြောင့် နစ်နာမှုများဖြင့်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။   ဇူလိုင်လအတွင်း ကြံဖိုးငွေအချို့ ရှင်းပေးပေမယ်လည်း ထပ်မံကျန်ရှိနေသေးကြောင်း တကောင်းမြို့နယ် ကြံစိုက်တောင်သူတွေရဲ့ကိုယ်စားလှယ် ဦးဖြူတင်ပြောပြချက်အရ သိရပါတယ်။   ” သကြားစျေးကို စျေးမြင့်တက်တာနဲ့အတူ ကြံစျေးနှုန်းတိုးပေးဖို့တောင်းဆိုခဲ့တယ်၊ မပေးဘူး။ စက်ရုံရပ်ပြီးကာလ ဘဏ်ထုတ်ဖို့အခက်အခဲရှိတယ်ဆိုပြီးတော့ ကြံဖိုး၊…

Read More

မင်းကင်းရပ်ကွက်ရုံးရှေ့မှာ ရဲက ပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး

သြဂုတ် ၊ ၁၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့ ၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရဲကပစ်ခတ်လို့ အရပ်သား(၂)ဦးသေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ပစ်ခတ်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ မင်းကင်းမြို့ခံ တစ်ယောက်က ” အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ယောကျ်ား ၁ ယောက်နဲ့ မိန်းမ ၁ ယောက်ရောက်လာတယ် ၊ အဲ့ဒီ ယောကျ်ား ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကင်းစောင့်နေတဲ့ ရဲနဲ့စကားများတယ် အဲ့အချိန်မှာ စဖြစ်တာ ” လို့ ပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲအရာရှိဝန်ထမ်းတစ်ယောက်က ”…

Read More

စမ်းချောင်းတရားရုံးဗုံးပေါက်ပြီးနောက်ပိုင်း လူငယ်(၄)ဦး ဖမ်းခံရ

ရန်ကုန်၊သြဂုတ် ၁၇၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တရားရုံးမှာ မနေ့ ဩဂုတ်လ ၁၆ရင်နေ့ ညနေပိုင်းက ဗုံးပေါက်ခဲ့ပြီးနောက် ညပိုင်းမှာ စစ်တပ်နဲ့ရဲတွေက လူငယ်တွေကိုလိုက်လံဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါ တယ်။   စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဝါးခယ်မလမ်းမှာ မနေ့ညက သတင်းပေးသူတစ်ဦးကြောင့် လူငယ်(၄)ဦးကို စစ်တပ်နဲ့ရဲတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဝါးခယ်မလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   “ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်ဖမ်းတာ၊ ပြောရရင် ဒလန်ကိုယ်တိုင် အိမ်တွေကိုလိုက်ပြတာ၊ ကျနော်သိသလောက် သုံးယောက်ပါတယ် မိန်းခလေးတစ်ယောက်လည်း အဖမ်းခံရတယ်လို့တော့ ကြားတယ်”လို့ သူ ပြောပါတယ်။   လင်းလွန်းတောင်ရပ်ကွက်က ဖမ်းဆီးခံရသူတွေဟာ ကိုမင်း၊ကိုကျော်ဇင်ထက်၊ကိုအောင်ပြည်ဖြိုးနဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။   စမ်းချောင်းမြို့နယ်မှာ ၂ရက်အတွင်း သီရီခေမာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်တရားရုံးမှာ ဗုံးပေါက်ခဲ့ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ လူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးလာတာဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေး ပြောပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်လ…

Read More
VOM News

FREE
VIEW