တောင်ဒဂုံ ၅၇ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး၊ ရာအိမ်မှူးဆေးရုံတင်ရ

ရန်ကုန်၊ သြဂုတ် ၁၇၊၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၇ ရက်ကွက်၊ နှောင်ရိုးလမ်းထိပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရုံးကိစွအတွက် ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေရှိနေချိန် ဒီကနေ့နေ့လယ် ၁၂နာရီက အမည်မသိအဖွဲ့ သေနတ်နဲ့လာပစ်လို့ အုပ်ချုပ်ရေးမှူးသေဆုံးခဲ့ပြီး ရာအိမ်မှူးကို ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ရုံးအနီးနေထိုင်သူတစ်ဦးက “နေ့လည်ပိုင်းက ဖြစ်တာပါ၊ ရုံးမှာအစည်းအဝေးရှိတယ်နဲ့တူတယ်၊ လူကြီးတွေအများကြီးပဲ အဲ့ဒီအချိန်ဝင်ပစ်သွားတာ၊ သေနတ်သံတွေကြားတယ်”လို့ ပြောပါတယ်။
 
သေနတ်ဒဏ်ရာတွေကြောင့် အုပ်ချုပ်ရေးမှူး ဦးဉာဏ်ထွန်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရာအိမ်မှူးကို ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း နောင်ရိုး
လမ်း၊လှော်ကားလမ်း၊ဇေယျာမြိုင်လမ်းတွေကို စစ်တပ်နဲ့ရဲတွေက စစ်ဆေးခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
၅၇ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်ညနေပိုင်းက NLDရပ်ကျေးအလုပ်မှုဆောင် ဦးခင်ကျော်ကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW