တတိယမြောက် ကိုဗစ်-၁၉ ထပ်တိုးကာကွယ်ဆေးအမေရိကန်မှာ စထိုးတော့မယ်

၀ါရှင်တန်၊ သြဂုတ်-၁၇-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်မှာ တတိယမြောက် ကိုဗစ်-၁၉ ထပ်တိုး ကာကွယ်ဆေးထိုးနှံတာကို စက်တင်ဘာလလယ် သို့မဟုတ် စက်တင်ဘာနှောင်းပိုင်းမှာ စတင်သွားဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။
 
ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူတွေအနေနဲ့ ရှစ်လအကြာမှာ တတိယမြောက် ကာကွယ်ဆေးထိုးနှံသင့်တယ်လို့ အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူတွေက ဆိုပါတယ်။
 
သက်ကြီးရွယ်အိုတွေ၊ ဘိုးဘွားရိပ်သာမှယ နေထိုင်သူတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို နောက်ထပ်ကာကွယ်ဆေး ဦးစွာထိုးနှံပေးမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ယခုသီတင်းပတ်အတွင်းမှာ တာ၀န်ရှိသူတွေက ကြေညာဖို့ စီစဉ်ထားပါတယ်။
 
Pfizer သို့မဟုတ် Moderna ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပေမယ့်လည်း ကိုယ်ခံအားစနစ် ချို့ယွင်းသူတွေအတွက် တတိယမြောက် ကာကွယ်ဆေးထိုးနှံခြင်းကို အမေရိကန် ကျန်းမာရေးတာ၀န်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ခွင့်ပြုခဲ့ပါတယ်။
 
အမေရိကန်အစိုးရရဲ့ ရည်မှန်းချက်ကတော့ အဲဒီကာကွယ်ဆေးတွေ ထိုးနှံပြီးနောက် တတိယမြောက်ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ် ကူးစက်မှုကို ခံနိုင်ရည်ရှိဖို့ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနကဖော်ပြထားပါတယ်။
 
Ref : CNA
Photo: Getty Images
 
#voiceofmyanmar #vom #တတိယမြောက်ကိုဗစ်ထပ်တိုးကာကွယ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW