စမ်းချောင်းတရားရုံးဗုံးပေါက်ပြီးနောက်ပိုင်း လူငယ်(၄)ဦး ဖမ်းခံရ

ရန်ကုန်၊သြဂုတ် ၁၇၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တရားရုံးမှာ မနေ့ ဩဂုတ်လ ၁၆ရင်နေ့ ညနေပိုင်းက ဗုံးပေါက်ခဲ့ပြီးနောက် ညပိုင်းမှာ စစ်တပ်နဲ့ရဲတွေက လူငယ်တွေကိုလိုက်လံဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါ
တယ်။
 
စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဝါးခယ်မလမ်းမှာ မနေ့ညက သတင်းပေးသူတစ်ဦးကြောင့် လူငယ်(၄)ဦးကို စစ်တပ်နဲ့ရဲတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဝါးခယ်မလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
“ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်ဖမ်းတာ၊ ပြောရရင် ဒလန်ကိုယ်တိုင် အိမ်တွေကိုလိုက်ပြတာ၊ ကျနော်သိသလောက် သုံးယောက်ပါတယ် မိန်းခလေးတစ်ယောက်လည်း အဖမ်းခံရတယ်လို့တော့ ကြားတယ်”လို့ သူ ပြောပါတယ်။
 
လင်းလွန်းတောင်ရပ်ကွက်က ဖမ်းဆီးခံရသူတွေဟာ ကိုမင်း၊ကိုကျော်ဇင်ထက်၊ကိုအောင်ပြည်ဖြိုးနဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
 
စမ်းချောင်းမြို့နယ်မှာ ၂ရက်အတွင်း သီရီခေမာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်တရားရုံးမှာ ဗုံးပေါက်ခဲ့ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ လူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးလာတာဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေး ပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့ ညပိုင်းကလည်း လင်းလွန်းမြောက်ရပ်ကွက်မှာ လူငယ်၁၅ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် မနက်ပိုင်းမှာ ၁၁ ဦးကိုပြန်လွှတ်ပေးကာ (၄)ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW