မီးသတ်ဦးစီးမှူးကို စစ်တပ်အရာရှိနဲ့အဖွဲ့က ဝိုင်းရိုက်မှုဖြစ်ပွား

ဩဂုတ် ၁၈-၂၀၂၁
Voice Of Myanmar
 
မကွေးတိုင်း၊ မင်းတုန်းမှာ တာဝန်ကျတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဦးစီးမှုးကို စစ်တပ်အရာရှိ(၁)ဦးနဲ့အဖွဲ့က ဝိုင်းဝန်ူ ရိုက်နှက်ပြီး ဆဲဆိုခြိမ်းခြောက်သေနတ်ပစ်ဖောက်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဩဂုတ် ၁၅ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
 
လက္ဘက်ရည်ဆိုင်ထိုင်နေတဲ့ မီးသတ်ဦးစီးမှူး Mask မတတ်တာကို စစ်ဗိုလ်က ပြောလို့ အပြန်အလှန်အချင်းများကြကာ အော်ဟစ်ကြပြီး လူစုခွဲပြီးနောက်ပိုင်း ဦးစီးမှူးဖြစ်သူ မီးသတ်စခန်းကို ပြန်ရောက်ပြီးချိန်မှာ စစ်သားတွေက ဆိုင်ကယ်၄စီးနဲ့လိုက်လာပြီး ထိုးကြိတ်ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
”သေနတ် သုံး၊လေးချက်လောက် ဖောက်ပြီး အနားမကပ်နဲ့ သေသွားမယ်ဆိုပြီး ဦးစီးကိုဝိုင်းထိုးတာမျက်နှာတစ်ခုလုံး ယောင်ကိုင်းနေတာမြင်မကောင်းဘူး”လို့ မီးသတ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
ဖေဖေါ်ဝါရီ၁ရက်ကစပြီး သရက်မြို့မှာ ကပစ-၁၂ က ဗိုလ်မှူးတစ်ဦး ဦးစီးတဲ့တပ်ခွဲတစ်ခွဲရောက်ရှိပြီး မြို့လုံခြုံရေးဆိုကာ နေရာယူထားတာရှိတယ်လို့လည်း သိရပါတယ်။
 
ဒေသခံတဦးကလည်း “၂ဘက်လုံးမူးနေတာ၊ ညနေကတည်းက ရန်စရန်ကြွင်း လို့ပြောတယ်၊ အတူသောက်တယ်လည်းပြောတယ်၊ ဦးစီးက မူးပြီး စစ်သားတယောက်ရဲ့ဂုတ်ကို တံဥ်နဲ့လှီးဖို့လုပ်ခဲ့တာ၊ ဟိုကညကြမှ ပြန်လာတီးတဲ့သဘော”လို့ သူသိတာကိုပြောပါတယ်။
 
မင်းတုန်းမြို့ဟာ သရက်ခရိုင်ထဲမှာရှိပြီး ရခိုင်ရိုးမအခြေမှာရှိတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မင်းတုန်း

Related posts

Leave a Comment

VOM News

FREE
VIEW