မုံရွာ – ဂန့်ဂေါကားလမ်းမှာ စစ်ယာဥ်တန်း ဖြတ်သန်းချိန် ရှော့ခ်တိုက်မိုင်း ၅ လုံး ဆက်တိုက်ပေါက်ကွဲ

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ – ပုလဲ – ဂန့်ဂေါ ကားလမ်း ၊ မိုင်တိုင်အမှတ် ၁၂ / ၅ နဲ့ ၆ အကြားနေရာမှာ မနေ့ သြဂုတ် ၁၂ ရက် ညနေပိုင်းက စစ်ယာဥ်တန်းတစ်ခု ဖြတ်သန်းသွားလာနေတဲ့အချိန်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ယင်းမာပင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ယင်းမာပင်မြို့ခံ တစ်ယောက် ” ကောင်းဆင့်ရွာ အနီးက မုံရွာ ဂန့်ဂေါ ကားလမ်းမှာဖြစ်တာပါ ၊ ပေါက်ကွဲသံ ၅ ချက်တော့ ကြားရတယ် ” လို့ ပြောပါတယ်။   အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့လိုက်သူ…

Read More

ကောလင်းနယ်ထဲက သတင်းပေးလို့အမည်ထွက်နေတဲ့အိမ်ကို သေနတ်နဲ့ ဝိုင်းပစ်လို့ အမျိုးသမီး ၁ ဦး သေဆုံး

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သပြေအိုင်ကျေးရွာအုပ်စု ၊ ချောင်းကွေ့ကျေးရွာမှာ ဒီကနေ့ မနက် အစောပိုင်း ၁ နာရီမထိုးခင် အချိန်ဝန်းကျင်က သတင်းပေးလို့ အမည်ထွက်နေတဲ့ နေအိမ် ၁ လုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်လို့ အဲ့ဒီအိမ်ထဲမှာ ရှိနေတဲ့ အမျိုးသမီးငယ် ၁ ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ညကဖြစ်တာပါ ၊ ရွာထဲကို လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး မောင်းပြန်သေနတ်တွေနဲ့ ဦးသစ်လွင်လေးရဲ့ အိမ်ကို ဆက်တိုက်ပစ်တယ် ၊ ဒီမနက်အစောပိုင်းမှာတော့ ဦးသစ်လွင်လေးရဲ့ သမီး အသက် ၂၀ အမျိုးသမီးဟာ ကျည်ဆံထိမှန်ပြီး သေဆုံးသွားတယ်…

Read More

ပေါက်မြို့က NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်း ဖမ်းခံရ

ဩဂုတ် ၁၃-၂၀၂၁ (VOM)   မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်မြင့်စန်းဟာ ဩဂုတ်၁၁ရက် ညက ပဲခူးတိုင်း၊ နတ်တလင်းမြို့ မှာ ဒေသခံရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။   ဒေါ်မြင့်စန်းနဲ့ နီးစပ်သူတဦးပြောပြတာက   ” ပြောရရင် မမြင့်စန်းက နတ္တလင်းက သူ့ညီမအိမ်ရောက်နေချိန် သူ့အမေက ပေါက်မြို့နယ် သမားတော်ရွာမှာဆုံးတယ်၊ ဒါကို ရဲကသိတော့သူ့ညီမကို ဆွေမျိုးတွေက သွားခေါ်ချိန် ညီမ ၂ ယောက်လုံးကို နတ္တလင်းရဲကဖမ်းတယ်။ နောက်နေ့ သူ့ညီမလွှတ်ပေးပြီး အိမ်ထောင်ဦးစီး ညီမယောင်္ကျားကို ထပ်ဖမ်းတယ်၊ ခု ပခုက္ကူထောင် ပို့ထားတယ်” လို့ ပြောပြပါတယ်။   ဒေါ်မြင့်စန်းဟာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) အဖွဲ့ဝင် ၁၅ ဦး ရှိတဲ့ထဲက တစ်ဦးဖြစ်ပြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။   ဒေါ်မြင့်စန်းဟာ…

Read More

ပုလောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်နဲ့ သတင်းပေးလို့ နာမည်ထွက်နေသူရဲ့ နေအိမ် ဗုံးပေါက်

ရန်ကုန်၊သြဂုတ် ၁၃-၂၀၂၁ KK(VOM)   ပုလောမြို့နယ် ၊ နန်းတောင်ကျေးရွာမှာ မနေ့ဩဂုတ်လ ၁၂ရက်နေ့ ည ၁၀ နာရီကျော်က နန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနေအိမ်နဲ့ သတင်းပေးလို့ နာမည်ထွက်နေသူ ဦးတင်ဦးနေအိမ်တို့ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   “ဗုံးပေါက်ကွဲတာက အသံနှစ်ခါကြားရတာ အုပ်ချုပ်ရေးမှူးအိမ်နဲ့ ရွာတံတားထိပ်က ဒလန်အိမ် လူတွေတော့ မထိခိုက်ဘူး၊ အိမ်ပဲပျက်စီးသွားတာ”လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင် တွေဟာ ရွာထဲကိုရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ ပုလောမြို့နယ်အတွင်းလှည့်လည်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   ပုလောမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးလို့ နာမည်ထွက်နေသူတွေကြောင့် ဖမ်းဆီးခံရသူတွေ ရှိလာပြီးနောက်ပိုင်း အမည်မသိအဖွဲ့က အခုလိုလုပ်ဆောင်လာတာဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးကမှတ်ချက်ပြု ပြောပါတယ်။   ပုလောမြို့နယ်မှာ ဇွန် ၂၄ရက်က အမှတ် ၃ရပ်ကွက်အုပ်ချုပ်ရေးမှူး သမီးရဲ့နေအိမ်မှာ ဗုံးပေါက်ခဲ့ပြီး ဇူလိုင်…

Read More

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်လမ်းတံတားတချို့ ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်ပြီးသွားလာနေရ

သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပေါ်က တံတားတချို့ဟာ ကြမ်းခင်းတွေ ပျက်စီးပေါက်ပြဲနေပြီး ယာဥ်သွားလာဖို့ ခက်ခဲနေတဲ့အတွက် ဒေသခံရွာတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ စုပေါင်း ပြင်ဆင်နေရတယ်လို့ အောင်သပြေကျေးရွာက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” တံတားကြမ်းခင်းတွေ ပေါက်ပြဲပျက်စီးနေတာကြာပြီ လူနာတင်ယာဥ်နဲ့ ကားငယ်လေးတွေ သွားလာဖို့ အဆင်မပြေဘူး ၊ ပြင်ဆင်ထိန်းသိမ်းပေးမယ့်သူ မရှိလို့ ရွာက ငွေအား လူအား စုပေါင်းပြီး သွားလာရေး အဆင်ပြေဖို့ အခုလို ပြင်ဆင်နေရတာဖြစ်တယ် ” လို့ အဲ့ဒီဒေသခံ ရွာသားတစ်ယောက်ကပြောပါတယ်။   ကိုဗစ်ကာလမှာ အရေးပေါ်လူနာတွေ နဲ့ လူနာတင်ယာဥ်တွေ လွယ်လင့်တကူ သွားလာနိုင်ဖို့အတွက် အောင်သပြေရွာမှာ သီတင်းသုံးနေတဲ့…

Read More

ကိုဗစ်အတည်ပြု မွေးလူနာ ကလေး ၃ မွှာပူး မွေးဖွား

သြဂုတ် ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြု မွေးလူနာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဒီကနေ့ မနက်ပိုင်းက ကလေး ၃ မွှာပူးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ရွှေလီကျန်းမာရေးဌာနရဲ့ ဒေသတွင်းထူခြားဖြစ်စဥ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   “မွေးလူနာရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုရော ကျန်းမာရေးဌာနရဲ့ ကျွမ်းကျင်တွေကြောင့် အခုလို ၃ မွှာပူး မွေးနိုင်ခဲ့တာဖြစ်တယ်”လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။   ဒါ့အပြင် မွေးလူနာ မကျီး (လူအမည်)ဟာ သားယောင်္ကျားလေး ၃ ယောက်ကို ကိုဗစ်ရောဂါ ကုသမှုခံယူနေစဥ် မွေးဖွားပေးနိုင်ခဲ့တာဖြစ်ပြီး မွေးကင်းစ ကလေး ၃ ယောက်ကို နူးကလိတ် အက်စစ် ဓာတ်ခွဲစစ်ဆေးတဲ့အခါ ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။…

Read More

မိုးကုတ်အနောက်ပိုင်းမှာ မြေပြိုကျပြီး လူ ၃ ဦး သေဆုံး

သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင် အင်းခေါင်းရပ်ကွက် မိုးကုတ်-မန္တလေး ကားလမ်းအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက မြေပြိုကျတာတွေ ဖြစ်တဲ့အတွက် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ထွေ / အုပ်ရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒီမနက် ၇ နာရီနောက်ပိုင်းကစလို့ မိုးရွာသွန်းမှုများတယ် ၊ အဆင်မပြတ်ရွာနေတာဖြစ်တယ် ၊ BOC အုတ်တံတိုင်းပြိုကျပြီး အနီးက လျှပ်စစ် ထရမ်စဖော်မာ အပေါ်ကျတယ် ၊ အဲ့ဒီအခါမှာ ဓာတ်တိုင်၂ တိုင်နဲ့ လျှပ်စစ် ထရမ်စဖော်မာ ထပ်လဲပြီး လူနေအိမ် တလုံးပေါ်ထပ်ကျလို့ အိမ်ထဲမှာ ရှိနေတဲ့ လူ ၃ ယောက် မြေ ပိပြီး သေဆုံးတာပါ…

Read More

အာဖဂန်နစ္စတန်မြို့တော်ကို ရက် ၉၀ အတွင်း တာလီဘန်တို့ သိမ်းပိုက်နိုင်ဖွယ်ရှိ

၀ါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၁ မျိုးဆက် (VOM)   တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန် မြို့တော်ကဘူးကို ရက် ၉၀ အတွင်းသိမ်းပိုက်နိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။   ယခုလကုန်မှာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့၀င်တွေ အပြီးသတ်ဆုတ်ခွာမှုမတိုင်မီမှာ တာလီဘန်တွေက ထိုးစစ်ဆင်နွှဲမှုတွေကို အရှိန်မြင့်နေပြီး နယ်မြေသိမ်းပိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။   လက်ရှိအချိန်ထိ ပြည်နယ်တွေရဲ့ မြို့တော်အတော်များများကိုလည်းသူတို့က ထိန်းချုပ်ထားပါတယ်။ တာလီဘန်တွေဟာ ရက်ပေါင်း ၃၀ အတွင်း မြို့တော်ကဘူးကို ပိတ်ဆို့ထားပြီး ရက် ၉၀ အတွင်း သိမ်းပိုက်နိုင်တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကားပြီး အမေရိကန်အစိုးရတာ၀န်ရှိသူတွေက ပြောပါတယ်။   ကဘူးကျဆုံးမှုအပါအ၀င် ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေကို ရှောင်လွှဲလို့မရဘူးလို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက သြဂုတ် ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။  …

Read More

တောင်ဒဂုံ ၅၄ရပ်ကွက်က ရာအိမ်မှူးလင်မယားကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်

ရန်ကုန်၊သြဂုတ် ၁၂-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၄ရပ်ကွက်၊ ပုဂံလမ်း အိမ်အမှတ် ၁၇၇မှာနေထိုင်တဲ့ ရာအိမ်မှူးလင်မယား ကို မနေ့ ဩဂုတ်လ ၁၁ရက် မနက်ပိုင်းက အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။   ပုဂံလမ်းတွင် နေထိုင်သူတစ်ဦးက “ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့ ည၉နာရီဝန်းကျင်က ၅၄ရပ်ကွက် ဇေယျာမြိုင်လမ်းက ယာယီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲတဲ့ကိစွနဲ့ပတ်သက်ပြီး သတင်းပေးခဲ့လို့ ဒလန်နှိမ်နင်းရေးအဖွဲ့သတ်တာလို့ ထင်ကြေးပေးကြတာရှိတယ်၊ သေနတ်နဲ့ပစ်ခံရသူက ကိုလှမျိုးအောင်တို့မိသားစုဖြစ်တယ်၊ ဖခင်ဖြစ်သူဖွင့်ထားတဲ့ ဦးကျားကြီးလ္ဘက်ရည်ဆိုင်ထိုင်မှာ နေထိုင်ကြတယ်”လို့ ပုဂံလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   န.စ.ကကောင်စီလက်ထက်မှာ ကိုလှမျိုးအောင်က ရာအိမ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရပ်ကွက်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရမှုကြောင့် မုန်းတီသူများပြားနေတယ်လို့ ရပ်ကွက်နေသူတွေပြောပြချက်အရ သိရပါတယ်။   အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ကိုလှမျိုးအောင်ကို သေနတ်နဲ့သုံးချက်ပစ်ခဲ့ပြီး မိန်းမဖြစ်သူကို…

Read More

မုန်လိုင်ခချောင်းရေကြီးပြီး မြေပြိုကျတာကြောင့် တိုက်ပွဲရှောင်စခန်းက လူ ၂ ဦး ရေမျှောလို့ သေဆုံး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ကချင်ပြည်နယ် အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာပြီး မုန်လိုင်ခချောင်းကနေ ရေကြီး၊ရေလျှံ၊မြေပြိုမှုတွေ ဖြစ်တဲ့အတွက် လိုင်ဇာမြို့အနီး တိုက်ပွဲရှောင်စခန်းက လူ(၂)ဦး ရေထဲမျှောပါကာ သေဆုံးသွားတယ်လို့ သိရပါတယ်။   ” မိုးအဆက်မပြတ်ရွာနေတာ ကြာပြီ ၊ ရေကြီးမြေပြိုပြီး လူ ၂ ယောက်ပါသွားတယ် ၊ ဒီမနက်မှာ ၁ ယောက် အလောင်းပြန်ရတယ် ၊ကျန် ၁ ယောက်ကိုတော့ ရှာဖွေနေတုန်း ” လို့ တိုက်ပွဲရှောင် ဒေသခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ တိုက်ပွဲရှောင်စခန်းက နေအိမ်တချို့ မြေပြိုပြီး ရေတိုက်စားခံရတဲ့အတွက် အခုလို လူသေဆုံးတာတွေ ဖြစ်ခဲ့ရတယ်လို့ ဂျေယာန်တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ…

Read More
VOM News

FREE
VIEW