ဒေလီ၊ သြဂုတ်-၁၂-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သြဂုတ် ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၃ ဦးသေဆုံးသွားပြီး ဒါဇင်များစွာဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။ ပြိုကျလာတဲ့ မြေသားနဲ့ကျောက်တုံးတွေဟာ ဟီမာချယ်ပရာဒေ့ရ်ှပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်က ထရပ်ကားတစ်စီး၊ ဘတ်စ်ကားတစ်စီးနဲ့ အခြားယာဉ်တွေအပေါ်ကို ကျရောက်ခဲ့ပါတယ်။ မြေပြိုမှုတွေ ဆက်လက်ဖြစ်နေပြီး ကျောက်တုံးကျောက်ခဲတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတားအဆီးဖြစ်နေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိအချိန်ထိ လူ ၁၀ ဦးကိုကယ်တင်ထားပြီး အခြား ၃၀ ဦးဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ လွန်ခဲ့တဲ့လတွေအတွင်းကလည်း ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် နိုင်ငံတစ်၀န်းမှာ လူသေဆုံးစေတဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နယ်စပ်ဒေသက ရဲတပ်ဖွဲ့၀င်တွေလည်းပါ၀င်လုပ်ဆောင်နေပြီး မြေပြိုမှုနဲ့ပတ်သက်ပြီး အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။ …
Read MoreMonth: August 2021
မြင်းခြံမှာ မုန့်ဟင်းခါးလာဝယ်တဲ့သူက ဆိုင်ရှင်ကို သေနတ်နဲ့ပစ်လို့ ၈ လအရွယ် ကလေးငယ် သေဆုံး
သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်ထဲမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မုန့်ဟင်းခါးလာဝယ်သူက ဆိုင်ရှင်ကို သေနတ်နဲ့ပစ်လို့ ၈လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ဆံ ထိမှန်သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” ကိုငြိမ်းချမ်းရဲ့ မုန့်ဟင်းခါးဆိုင်ကို ဆိုင်ကယ် ၁ စီး နဲ့ လူ ၂ ယောက်ရောက်လာပြီး မုန့်ဟင်းခါး ရလားလို့မေးတယ် ၊ ဆိုင်ရှင် ကိုငြိမ်းချမ်းက မုန့်ဟင်းခါးရတယ်လို့ ပြန်ပြောတယ် ၊ အဲ့ဒီ လူ ၂ ယောက်က ရတယ်ဆိုရင် ပစ်ကွာလို့ ပြောပြီး သေနတ်နဲ့ပစ်သွားတာဖြစ်တယ် ” လို့ မုန့်ဟင်းခါးဆိုင်ရှင်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က VOM ကို ပြောပါတယ်…
Read Moreထားဝယ်မြို့မရဲစခန်းက ရဲတပ်ကြပ် သေနတ်နဲ့ပစ်ခံရပြီးနောက် လူငယ်(၅)ဦးဖမ်းဆီးခံရ
သြဂုတ် ၁၂-၂၀၂၁ KK(VOM) ထားဝယ်မြို့နယ်၊ ဒေါင်းငူရပ်ကွက်၊ ထက်လင်းဗီဒီယိုရုံဟောင်းအနီးမှာ မနေ့ ဩဂုတ်လ ၁၁ရက် ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းက ရဲတပ်ကြပ်အောင်ဇင်ဌေးကို အမည်မသိ လက်နက်ကိုင်ဆောင်သူတွေက သေနတ်နဲ့ပစ်ခတ်သွားတဲ့ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီး ညပိုင်းမှာပဲ လူငယ်(၅)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေါင်းငူရပ်ကွက်ကနေ သိရပါတယ်။ “သေနတ်နဲ့ သုံးချက်ပစ်ခံရတာတောင် အဲ့ဒီရဲက မသေဘူး၊ ပြီးတော့လည်း ရဲကိုပစ်တာ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei)က သူတို့ပါလို့လည်း ထုတ်ပြန်ထားတယ်၊ အဲ့ဒါကို လူငယ်တွေကို ညဘက်ဝင်ဖမ်းတာ”လို့ ဒေါင်းငူရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ထက်လင်းဗီဒိုယိုရုံဟောင်းလမ်းအနီးတစ်ဝိုက်ရှိ နေအိမ်တချို့ကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး ညဘက်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သ်ိရပါတယ်။ စစ်ဆေးခံရတဲ့လမ်းက ပြည်သူတစ်ဦးက” ရဲတပ်ကြပ်သေနတ်နဲ့ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး မနေ့ညပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက ဒေါင်းငူရပ်ကွက်က ကိုဇော်ထူး၊ကိုလင်းကိုကို၊ကိုစိုးသူလွင်ပါ၅ဦးကို ဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။ ထားဝယ်မြို့နယ်မှာ…
Read Moreကလေးမြို့နယ်က ကျူရှင်ဆရာ ၂ ယောက် လက်နက်နဲ့ ဖမ်းခံရ
သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ နတ်ချောင်းကျေးရွာမှာ မနေ့ သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက ကျူရှင် ကျောင်းဆရာ ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့ခံ ပညာရေး အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။ ” နေသာပညာရေးဒါနကျောင်းက ကျူရှင်ဆရာ ၊ ဆရာကျော်ကျော်နဲ့ ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျူရှင်ဆရာ ဆရာ ညီညီလွင်တို့ ၂ ယောက် လက်နက်တွေနဲ့အတူ အဖမ်းခံရတာဖြစ်တယ် ” လို့ ကလေးမြို့ခံ ကျူရှင်ဆရာ တစ်ယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ကို ဆက်သွယ်ရာမှာတော့ ” နတ်ချောင်းရွာဘက်ကို နယ်မြေရှင်းလင်းရေး…
Read Moreချောက်မြို့က ဌာနဆိုင်ရာ ဝန်ထမ်းအများစု စားသောက်နေကြ ထမင်းဆိုင်ပိုင်ရှင်အိမ် ဗုံး ၁ လုံးပေါက်
သြဂုတ် ၊ ၁၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မကွေးတိုင်း ချောက်မြို့ အမှတ် ၁၂၊ ရွှေတွင်းကုန်းရပ် ၊ အနော်ရထာ ဧရာဝတီ မြစ်ကူးတံတား ချဥ်းကပ်လမ်းဘေးက ဦးချစ် ထမင်းဆိုင်ပိုင်ရှင်ရဲ့ အိမ်ကို မနေ့ သြဂုတ် ၁၁ ရက် ညနေပိုင်းက လက်လုပ်ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ချောက်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” ဦးချစ် ထမင်းဆိုင်ဆိုတာ ချောက်မြို့ရဲ့ နာမည်ကြီး မြန်မာထမင်းဆိုင်ဖြစ်တယ် ၊ မနက်စာ ထမင်းစားချိန်ဆို ဆိပ်ဖြူဘက်ကလည်း လာစားကြတယ် ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အဓိကထား စားသောက်ကြတဲ့ဆိုင်ဖြစ်တယ် ၊ ဆိုင်ရှင်က ဦးချစ်မင်းစံ ဖြစ်တယ် ၊ သူ့ရဲ့အိမ်ကို ဗုံးလာထုသွားတာ ” လို့ ချောက်မြို့ခံ…
Read Moreမြန်မာနဲ့ မန္တလေးဘီယာ ဖက်စပ်ထုတ်တဲ့ ဂျပန်ကုမ္ပဏီ ခြောက်လအတွင်း ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်
တိုကျို၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာ့စီးပွားရေးဦးပိုင်နဲ့အတူ ပူးပေါင်းပြီး ဘီယာထုတ်လုပ်မှုဟာ ဇွန်လအထိ ခြောက်လတာကာလအတွင်း အတွင်း ဒေါ်လာ ၁၉၃ သန်းအရှုံးပေါ်ခဲ့တယ်လို့ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ ဂျပန်အခြေစိုက် Kirin Holdings က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီဆုံးရှုံးမှုဟာ စံချိန်တင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေတွေ မရေရာမသေချာဆက်လက်ဖြစ်ပေါ်နေတဲ့ အလားအလာကို ပြန်လည်သုံးသပ်နေပြီး ဖေဖော်ဝါရီလအတွင်းမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် မြန်မာ့နိုင်ငံအခြေအနေဟာ ဘေးအန္တရာယ်မြင့်တက်နေတယ်လို့ဆိုပါတယ်။ Kirin Holdingsဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့အတူ မြန်မာနဲ့မန္တလေးဘီယာတို့ကို ပူးပေါင်းထုတ်လုပ်နေပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံရေးအပြောင်း အလဲဖြစ်ပွားပြီးနောက် မြန်မာပြည်သူတွေဟာ အဲ့ဒီဘီယာကုမ္ပဏီတွေကို သပိတ်မှောက်တာမျိုးလုပ်ခဲ့သလို စားသောက်ဆိုင် အများအပြားကလည်း အဲ့ဒီဘီယာတွေရောင်းချတာတွေကို ရပ်ဆိုင်းခဲ့ကြပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံကထွက်ခွာဖို့ မစဉ်းစားထားသေးကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်နဲ့…
Read Moreမြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ အမေရိကန်လှူဒါန်းမယ်
၀ါရှင်တန်၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတွေမြင့်တက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ဖြစ်ပေါ်နေတာကြောင့် ကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ သန်း ၅၀ လှူဒါန်းမယ်လို့ အမေရိကန်က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာငါးသန်း ပေးအပ်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ပြောပါတယ်။ မြန်မာနိုင်ငံအတွက်ရန်ပုံငွေတွေကတော့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရသူတွေအပြင် အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာကဲ့သို့ မရှိမဖြစ်လိုအပ်တာတွေကို လုပ်ဆောင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကို ကူညီသွားမှာဖြစ်တယ်လို့ နက်ဒ်ပရိုက်ကပြောပါတယ်။ ရန်ပုံငွေတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေပိုမိုပြည့်မှီလာဖို့ အရေးပါပြီး ထိုင်းနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရဲ့သက်ရောက်မှုတွေကို လျော့ပါးသက်သာစေလိမ့်မယ်လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါစတင်ပြီးနောက်…
Read Moreထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်နေ
ဘန်ကောက်၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကပ်ရောဂါအပေါ် အစိုးရရဲ့ကိုင်တွယ်ဆောင်ရွက်မှုတွေကို အများပြည်သူမကျေ နပ်ဖြစ်နေချိန်မှာဘဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်း တကျော့ပြန်အရှိန်မြင့်နေပါတယ်။ သြဂုတ်၁၀ ရက်မှာတော့ မြို့တော်ဘန်ကောက်နဲ့ အခြားနေရာတွေမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ သြဂုတ် ၇ ရက်မှာ ဘန်ကောက်မှာ လူတစ်ထောင်ကျော်ပါ၀င်တဲ့ ဆန္ဒပြပွဲပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုက်ထွက်ရေးအတွက် တောင်းဆိုနေကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ၀ယ်ယူမှုနှောင့်နှေးနေတဲ့အပေါ်လည်း အစိုးကို အပြစ်တင်နေကြပါတယ်။ ဆန္ဒပြသူအချို့ဟာ လမ်းပိတ်ထားတဲ့ ရဲတွေကို ကျောက်ခဲတွေနဲ့ပစ်ပေါက်ခဲ့ကြပြီး အချို့ကကတော့ ရဲကင်းတွေကို မီးရှို့ခဲ့ကြလို့ ရဲအချို့ ဒဏ်ရာရခဲ့ပါတယ်။ ရဲတွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ခရီးသွားမှုနဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ကာလကြာရှည်ကန့်သတ်ချက်တွေနဲ့အတူ…
Read Moreတရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေတဲ့ဆင်အုပ်ကြောင့် လူတစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း
ပေကျင်း၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေကြတဲ့ ဆင်အုပ်စုကြောင့် ဆင်တွေဦးတည်ရာလမ်းကြောင်းမှာရှိတဲ့ ဒေသခံ တစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ်တာ၀န်ရှိသူတွေက သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။ လပေါင်းများစွာ လှည့်လည်သွားလာနေတဲ့ အဲဒီအာရှဆင် ၁၄ ကောင်နဲ့ဒေသခံတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်လာမှာကို ယူနန်ပြည်နယ်တာ၀န်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ ရဲတပ်ဖွဲ့၀င် နှစ်သောင်းငါးထောင်ကျော်ဟာ မော်တော်ယာဉ်တွေ ဒရုန်းတွေကိုအသုံးပြုပြီး အဲဒီဆင်အုပ်ကို စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဆင်အုပ်ဟာ လူတွေအခြေချနေထိုင်ရာနေရာသို့ချဉ်းကပ်လာချိန်မှာ ဒေသခံတွေက သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ နေအိမ်တွေကို ကာကွယ်ဖို့ကြိုးရင် ပဋိပက္ခတွေဖြစ်လာမှာကို ကာကွယ်တာဆီးဖို့ ရွှေ့ပြောင်းမှုများပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဇွန်လအတွင်းကလည်း ယူနန်ပြည်နယ် မြို့တော်ကူမင်းရဲ့ ဆင်ခြေဖုန်းဒေသထိ အဲဒီဆင်အုပ်စု ရောက်ရှိခဲ့ပါသေးတယ်။ Ref : BBC…
Read Moreဘုတလင်မြို့ပေါ်က အဆောက်အဦးနဲ့ နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ပြီး လူ ၁ ဦး ဒဏ်ရာရ
သြဂုတ် ၊ ၁၁ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှာရှိတဲ့ အရေးကြီး အဆောက်အဦးနဲ့ နေရာတချို့မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပြီး လူ ၁ ဦး ဒဏ်ရာရထားတယ်လို့ ဘုတလင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” ဒီမနက် ၈ နာရီထိုးပြီးတော့ ဆက်သွယ်ရေးရုံး (MPT) ဘက်မှာ အရင်ပေါက်ကွဲတယ် ၊ အဲ့ဒီနောက် မိနစ်အနည်းငယ်ခြားပြီး ရဲစခန်းဘက်မှာ ဆက်ပေါက်တယ် ” လို့ ဘုတလင်မြို့ခံတစ်ယောက်က ပြောပါတယ် ။ ဒီမနက် ၈ နာရီ ၇ မိနစ်အချိန်မှာ ဘုတလင်မြို့၊ မြဝတီရပ်ကွက်၊ ဘုတလင်-ကနီကားလမ်းအနီးက မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဗုံးပေါက်ကွဲမှု…
Read More