ကလေးမြို့နယ်က ကျူရှင်ဆရာ ၂ ယောက် လက်နက်နဲ့ ဖမ်းခံရ

သြဂုတ် ၊ ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ နတ်ချောင်းကျေးရွာမှာ မနေ့ သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက ကျူရှင် ကျောင်းဆရာ ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့ခံ ပညာရေး အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” နေသာပညာရေးဒါနကျောင်းက ကျူရှင်ဆရာ ၊ ဆရာကျော်ကျော်နဲ့ ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျူရှင်ဆရာ ဆရာ ညီညီလွင်တို့ ၂ ယောက် လက်နက်တွေနဲ့အတူ အဖမ်းခံရတာဖြစ်တယ် ” လို့ ကလေးမြို့ခံ ကျူရှင်ဆရာ တစ်ယောက်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ကို ဆက်သွယ်ရာမှာတော့ ‌” နတ်ချောင်းရွာဘက်ကို နယ်မြေရှင်းလင်းရေး နဲ့ တရားဥပဒေစိုးမိုးရေးလုပ်တာရှိတယ် ၊ ပွိုင့် 22 သေနတ် ၁ လက် ၊ ကျည်ဆံ အတောင့် ၂ ရာ ၊ Zoraki 38 ပစ္စတို သေနတ် ၁ လက် ၊ ပွိုင့် 38 ACP ကျည်ဆံ ၂၉ တောင့် ၊ ၁၂ ဗို့ကျည်ဆံ ၂၀၇၀ တောင့် ၊ ၅ ဒသမ ၅၆ ကျည်ဆံ ၅ တောင့် ၊ ဘာဂျယ်ယမ်းတောင့် ၂၂၀၀ တောင့် နဲ့ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့ တရားခံ ၂ ယောက် ဖမ်းမိတာ ရှိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖမ်းဆီးရမိတဲ့ ကျူရှင်ဆရာ ၂ ယောက်ဟာ ကလေးမြို့မရဲစခန်းရဲ့ မှုခင်းမှတ်တမ်းတွေထဲမှာ ဖမ်းဆီးဖို့ အလိုရှိနေတဲ့သူတွေဖြစ်တယ်လို့ ရဲဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
ကလေးမြို့နယ်ရဲ့တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းဘက်က နေရာတချို့မှာ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် လတွေက မိုင်းကွဲတာနဲ့ ပစ်ခတ်တာတွေရှိလို့ ဒဏ်ရာရ သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW