မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်လမ်းတံတားတချို့ ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်ပြီးသွားလာနေရ

သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပေါ်က တံတားတချို့ဟာ ကြမ်းခင်းတွေ ပျက်စီးပေါက်ပြဲနေပြီး ယာဥ်သွားလာဖို့ ခက်ခဲနေတဲ့အတွက် ဒေသခံရွာတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ စုပေါင်း ပြင်ဆင်နေရတယ်လို့ အောင်သပြေကျေးရွာက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” တံတားကြမ်းခင်းတွေ ပေါက်ပြဲပျက်စီးနေတာကြာပြီ လူနာတင်ယာဥ်နဲ့ ကားငယ်လေးတွေ သွားလာဖို့ အဆင်မပြေဘူး ၊ ပြင်ဆင်ထိန်းသိမ်းပေးမယ့်သူ မရှိလို့ ရွာက ငွေအား လူအား စုပေါင်းပြီး သွားလာရေး အဆင်ပြေဖို့ အခုလို ပြင်ဆင်နေရတာဖြစ်တယ် ” လို့ အဲ့ဒီဒေသခံ ရွာသားတစ်ယောက်ကပြောပါတယ်။   ကိုဗစ်ကာလမှာ အရေးပေါ်လူနာတွေ နဲ့ လူနာတင်ယာဥ်တွေ လွယ်လင့်တကူ သွားလာနိုင်ဖို့အတွက် အောင်သပြေရွာမှာ သီတင်းသုံးနေတဲ့…

Read More

ကိုဗစ်အတည်ပြု မွေးလူနာ ကလေး ၃ မွှာပူး မွေးဖွား

သြဂုတ် ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြု မွေးလူနာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဒီကနေ့ မနက်ပိုင်းက ကလေး ၃ မွှာပူးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ရွှေလီကျန်းမာရေးဌာနရဲ့ ဒေသတွင်းထူခြားဖြစ်စဥ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   “မွေးလူနာရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုရော ကျန်းမာရေးဌာနရဲ့ ကျွမ်းကျင်တွေကြောင့် အခုလို ၃ မွှာပူး မွေးနိုင်ခဲ့တာဖြစ်တယ်”လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။   ဒါ့အပြင် မွေးလူနာ မကျီး (လူအမည်)ဟာ သားယောင်္ကျားလေး ၃ ယောက်ကို ကိုဗစ်ရောဂါ ကုသမှုခံယူနေစဥ် မွေးဖွားပေးနိုင်ခဲ့တာဖြစ်ပြီး မွေးကင်းစ ကလေး ၃ ယောက်ကို နူးကလိတ် အက်စစ် ဓာတ်ခွဲစစ်ဆေးတဲ့အခါ ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။…

Read More

မိုးကုတ်အနောက်ပိုင်းမှာ မြေပြိုကျပြီး လူ ၃ ဦး သေဆုံး

သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင် အင်းခေါင်းရပ်ကွက် မိုးကုတ်-မန္တလေး ကားလမ်းအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက မြေပြိုကျတာတွေ ဖြစ်တဲ့အတွက် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ထွေ / အုပ်ရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒီမနက် ၇ နာရီနောက်ပိုင်းကစလို့ မိုးရွာသွန်းမှုများတယ် ၊ အဆင်မပြတ်ရွာနေတာဖြစ်တယ် ၊ BOC အုတ်တံတိုင်းပြိုကျပြီး အနီးက လျှပ်စစ် ထရမ်စဖော်မာ အပေါ်ကျတယ် ၊ အဲ့ဒီအခါမှာ ဓာတ်တိုင်၂ တိုင်နဲ့ လျှပ်စစ် ထရမ်စဖော်မာ ထပ်လဲပြီး လူနေအိမ် တလုံးပေါ်ထပ်ကျလို့ အိမ်ထဲမှာ ရှိနေတဲ့ လူ ၃ ယောက် မြေ ပိပြီး သေဆုံးတာပါ…

Read More

အာဖဂန်နစ္စတန်မြို့တော်ကို ရက် ၉၀ အတွင်း တာလီဘန်တို့ သိမ်းပိုက်နိုင်ဖွယ်ရှိ

၀ါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၁ မျိုးဆက် (VOM)   တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန် မြို့တော်ကဘူးကို ရက် ၉၀ အတွင်းသိမ်းပိုက်နိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။   ယခုလကုန်မှာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့၀င်တွေ အပြီးသတ်ဆုတ်ခွာမှုမတိုင်မီမှာ တာလီဘန်တွေက ထိုးစစ်ဆင်နွှဲမှုတွေကို အရှိန်မြင့်နေပြီး နယ်မြေသိမ်းပိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။   လက်ရှိအချိန်ထိ ပြည်နယ်တွေရဲ့ မြို့တော်အတော်များများကိုလည်းသူတို့က ထိန်းချုပ်ထားပါတယ်။ တာလီဘန်တွေဟာ ရက်ပေါင်း ၃၀ အတွင်း မြို့တော်ကဘူးကို ပိတ်ဆို့ထားပြီး ရက် ၉၀ အတွင်း သိမ်းပိုက်နိုင်တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကားပြီး အမေရိကန်အစိုးရတာ၀န်ရှိသူတွေက ပြောပါတယ်။   ကဘူးကျဆုံးမှုအပါအ၀င် ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေကို ရှောင်လွှဲလို့မရဘူးလို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက သြဂုတ် ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။  …

Read More

တောင်ဒဂုံ ၅၄ရပ်ကွက်က ရာအိမ်မှူးလင်မယားကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်

ရန်ကုန်၊သြဂုတ် ၁၂-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၄ရပ်ကွက်၊ ပုဂံလမ်း အိမ်အမှတ် ၁၇၇မှာနေထိုင်တဲ့ ရာအိမ်မှူးလင်မယား ကို မနေ့ ဩဂုတ်လ ၁၁ရက် မနက်ပိုင်းက အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။   ပုဂံလမ်းတွင် နေထိုင်သူတစ်ဦးက “ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့ ည၉နာရီဝန်းကျင်က ၅၄ရပ်ကွက် ဇေယျာမြိုင်လမ်းက ယာယီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲတဲ့ကိစွနဲ့ပတ်သက်ပြီး သတင်းပေးခဲ့လို့ ဒလန်နှိမ်နင်းရေးအဖွဲ့သတ်တာလို့ ထင်ကြေးပေးကြတာရှိတယ်၊ သေနတ်နဲ့ပစ်ခံရသူက ကိုလှမျိုးအောင်တို့မိသားစုဖြစ်တယ်၊ ဖခင်ဖြစ်သူဖွင့်ထားတဲ့ ဦးကျားကြီးလ္ဘက်ရည်ဆိုင်ထိုင်မှာ နေထိုင်ကြတယ်”လို့ ပုဂံလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   န.စ.ကကောင်စီလက်ထက်မှာ ကိုလှမျိုးအောင်က ရာအိမ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရပ်ကွက်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရမှုကြောင့် မုန်းတီသူများပြားနေတယ်လို့ ရပ်ကွက်နေသူတွေပြောပြချက်အရ သိရပါတယ်။   အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ကိုလှမျိုးအောင်ကို သေနတ်နဲ့သုံးချက်ပစ်ခဲ့ပြီး မိန်းမဖြစ်သူကို…

Read More

မုန်လိုင်ခချောင်းရေကြီးပြီး မြေပြိုကျတာကြောင့် တိုက်ပွဲရှောင်စခန်းက လူ ၂ ဦး ရေမျှောလို့ သေဆုံး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ကချင်ပြည်နယ် အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာပြီး မုန်လိုင်ခချောင်းကနေ ရေကြီး၊ရေလျှံ၊မြေပြိုမှုတွေ ဖြစ်တဲ့အတွက် လိုင်ဇာမြို့အနီး တိုက်ပွဲရှောင်စခန်းက လူ(၂)ဦး ရေထဲမျှောပါကာ သေဆုံးသွားတယ်လို့ သိရပါတယ်။   ” မိုးအဆက်မပြတ်ရွာနေတာ ကြာပြီ ၊ ရေကြီးမြေပြိုပြီး လူ ၂ ယောက်ပါသွားတယ် ၊ ဒီမနက်မှာ ၁ ယောက် အလောင်းပြန်ရတယ် ၊ကျန် ၁ ယောက်ကိုတော့ ရှာဖွေနေတုန်း ” လို့ တိုက်ပွဲရှောင် ဒေသခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ တိုက်ပွဲရှောင်စခန်းက နေအိမ်တချို့ မြေပြိုပြီး ရေတိုက်စားခံရတဲ့အတွက် အခုလို လူသေဆုံးတာတွေ ဖြစ်ခဲ့ရတယ်လို့ ဂျေယာန်တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ…

Read More

အိန္ဒိယနိုင်ငံမြောက်ပိုင်း မြေပြိုမှု လူ ၁၃ ဦးသေဆုံး ၃၀ ကျော်ပိတ်မိနေ

ဒေလီ၊ သြဂုတ်-၁၂-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သြဂုတ် ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၃ ဦးသေဆုံးသွားပြီး ဒါဇင်များစွာဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။   ပြိုကျလာတဲ့ မြေသားနဲ့ကျောက်တုံးတွေဟာ ဟီမာချယ်ပရာဒေ့ရ်ှပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်က ထရပ်ကားတစ်စီး၊ ဘတ်စ်ကားတစ်စီးနဲ့ အခြားယာဉ်တွေအပေါ်ကို ကျရောက်ခဲ့ပါတယ်။   မြေပြိုမှုတွေ ဆက်လက်ဖြစ်နေပြီး ကျောက်တုံးကျောက်ခဲတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတားအဆီးဖြစ်နေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   လက်ရှိအချိန်ထိ လူ ၁၀ ဦးကိုကယ်တင်ထားပြီး အခြား ၃၀ ဦးဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။   လွန်ခဲ့တဲ့လတွေအတွင်းကလည်း ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် နိုင်ငံတစ်၀န်းမှာ လူသေဆုံးစေတဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။   ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နယ်စပ်ဒေသက ရဲတပ်ဖွဲ့၀င်တွေလည်းပါ၀င်လုပ်ဆောင်နေပြီး မြေပြိုမှုနဲ့ပတ်သက်ပြီး အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။  …

Read More

မြင်းခြံမှာ မုန့်ဟင်းခါးလာဝယ်တဲ့သူက ဆိုင်ရှင်ကို သေနတ်နဲ့ပစ်လို့ ၈ လအရွယ် ကလေးငယ် သေဆုံး

သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်ထဲမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မုန့်ဟင်းခါးလာဝယ်သူက ဆိုင်ရှင်ကို သေနတ်နဲ့ပစ်လို့ ၈လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ဆံ ထိမှန်သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ကိုငြိမ်းချမ်းရဲ့ မုန့်ဟင်းခါးဆိုင်ကို ဆိုင်ကယ် ၁ စီး နဲ့ လူ ၂ ယောက်ရောက်လာပြီး မုန့်ဟင်းခါး ရလားလို့မေးတယ် ၊ ဆိုင်ရှင် ကိုငြိမ်းချမ်းက မုန့်ဟင်းခါးရတယ်လို့ ပြန်ပြောတယ် ၊ အဲ့ဒီ လူ ၂ ယောက်က ရတယ်ဆိုရင် ပစ်ကွာလို့ ပြောပြီး သေနတ်နဲ့ပစ်သွားတာဖြစ်တယ် ” လို့ မုန့်ဟင်းခါးဆိုင်ရှင်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က VOM ကို ပြောပါတယ်…

Read More

ထားဝယ်မြို့မရဲစခန်းက ရဲတပ်ကြပ် သေနတ်နဲ့ပစ်ခံရပြီးနောက် လူငယ်(၅)ဦးဖမ်းဆီးခံရ

သြဂုတ် ၁၂-၂၀၂၁ KK(VOM)   ထားဝယ်မြို့နယ်၊ ဒေါင်းငူရပ်ကွက်၊ ထက်လင်းဗီဒီယိုရုံဟောင်းအနီးမှာ မနေ့ ဩဂုတ်လ ၁၁ရက် ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းက ရဲတပ်ကြပ်အောင်ဇင်ဌေးကို အမည်မသိ လက်နက်ကိုင်ဆောင်သူတွေက သေနတ်နဲ့ပစ်ခတ်သွားတဲ့ဖြစ်ပွားခဲ့ပါတယ်။   အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီး ညပိုင်းမှာပဲ လူငယ်(၅)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေါင်းငူရပ်ကွက်ကနေ သိရပါတယ်။   “သေနတ်နဲ့ သုံးချက်ပစ်ခံရတာတောင် အဲ့ဒီရဲက မသေဘူး၊ ပြီးတော့လည်း ရဲကိုပစ်တာ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei)က သူတို့ပါလို့လည်း ထုတ်ပြန်ထားတယ်၊ အဲ့ဒါကို လူငယ်တွေကို ညဘက်ဝင်ဖမ်းတာ”လို့ ဒေါင်းငူရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ထက်လင်းဗီဒိုယိုရုံဟောင်းလမ်းအနီးတစ်ဝိုက်ရှိ နေအိမ်တချို့ကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး ညဘက်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သ်ိရပါတယ်။   စစ်ဆေးခံရတဲ့လမ်းက ပြည်သူတစ်ဦးက” ရဲတပ်ကြပ်သေနတ်နဲ့ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး မနေ့ညပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက ဒေါင်းငူရပ်ကွက်က ကိုဇော်ထူး၊ကိုလင်းကိုကို၊ကိုစိုးသူလွင်ပါ၅ဦးကို ဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။   ထားဝယ်မြို့နယ်မှာ…

Read More

ကလေးမြို့နယ်က ကျူရှင်ဆရာ ၂ ယောက် လက်နက်နဲ့ ဖမ်းခံရ

သြဂုတ် ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ နတ်ချောင်းကျေးရွာမှာ မနေ့ သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက ကျူရှင် ကျောင်းဆရာ ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့ခံ ပညာရေး အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။   ” နေသာပညာရေးဒါနကျောင်းက ကျူရှင်ဆရာ ၊ ဆရာကျော်ကျော်နဲ့ ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျူရှင်ဆရာ ဆရာ ညီညီလွင်တို့ ၂ ယောက် လက်နက်တွေနဲ့အတူ အဖမ်းခံရတာဖြစ်တယ် ” လို့ ကလေးမြို့ခံ ကျူရှင်ဆရာ တစ်ယောက်က ပြောပါတယ်။   စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ကို ဆက်သွယ်ရာမှာတော့ ‌” နတ်ချောင်းရွာဘက်ကို နယ်မြေရှင်းလင်းရေး…

Read More
VOM News

FREE
VIEW