မုန်လိုင်ခချောင်းရေကြီးပြီး မြေပြိုကျတာကြောင့် တိုက်ပွဲရှောင်စခန်းက လူ ၂ ဦး ရေမျှောလို့ သေဆုံး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကချင်ပြည်နယ် အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာပြီး မုန်လိုင်ခချောင်းကနေ ရေကြီး၊ရေလျှံ၊မြေပြိုမှုတွေ ဖြစ်တဲ့အတွက် လိုင်ဇာမြို့အနီး တိုက်ပွဲရှောင်စခန်းက လူ(၂)ဦး ရေထဲမျှောပါကာ သေဆုံးသွားတယ်လို့ သိရပါတယ်။
 
” မိုးအဆက်မပြတ်ရွာနေတာ ကြာပြီ ၊ ရေကြီးမြေပြိုပြီး လူ ၂ ယောက်ပါသွားတယ် ၊ ဒီမနက်မှာ ၁ ယောက် အလောင်းပြန်ရတယ် ၊ကျန် ၁ ယောက်ကိုတော့ ရှာဖွေနေတုန်း ” လို့ တိုက်ပွဲရှောင် ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ တိုက်ပွဲရှောင်စခန်းက နေအိမ်တချို့ မြေပြိုပြီး ရေတိုက်စားခံရတဲ့အတွက် အခုလို လူသေဆုံးတာတွေ ဖြစ်ခဲ့ရတယ်လို့ ဂျေယာန်တိုက်ပွဲရှောင်စခန်းမှာ ခိုလှုံနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဒေသမှာ ဂျေယာန်စခန်း နဲ့ ဖွန်လွန်ယာန် ၊ မဂါယာန် စခန်း စတဲ့ တိုက်ပွဲရှောင်စခန်းတွေဟာ လိုင်ဇာမြို့ရဲ့ မုန်လိုင်ခချောင်း တဖက်ကမ်းမှာရှိတာဖြစ်ပါတယ်။
 
ဒီကနေ့မနက်မှာ ချောင်းရေကြီးပြီး တံတားဟာ ရေနစ်မြုတ်နေတဲ့အတွက် လိုင်ဇာမြို့ခံတွေဟာ တဖက်ကမ်းက တိုက်ပွဲရှောင်ပြည်သူတွေဆီကို သွားရောက်ကူညီပေးဖို့ အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
 
ပုံစာ -မုန်လိုင်ခချောင်း ရေကြီးရေလျှံနေတာ မြင်ရပုံ
Photo-တိုက်ပွဲရှောင် ဒေသခံ တစ်ဦး
#voiceofmyanmar #VOM #လိုင်ဇာ

Related posts

Leave a Comment

VOM News

FREE
VIEW