ထားဝယ်မြို့မရဲစခန်းက ရဲတပ်ကြပ် သေနတ်နဲ့ပစ်ခံရပြီးနောက် လူငယ်(၅)ဦးဖမ်းဆီးခံရ

သြဂုတ် ၁၂-၂၀၂၁
KK(VOM)
 
ထားဝယ်မြို့နယ်၊ ဒေါင်းငူရပ်ကွက်၊ ထက်လင်းဗီဒီယိုရုံဟောင်းအနီးမှာ မနေ့ ဩဂုတ်လ ၁၁ရက် ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းက ရဲတပ်ကြပ်အောင်ဇင်ဌေးကို အမည်မသိ လက်နက်ကိုင်ဆောင်သူတွေက သေနတ်နဲ့ပစ်ခတ်သွားတဲ့ဖြစ်ပွားခဲ့ပါတယ်။
 
အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီး ညပိုင်းမှာပဲ လူငယ်(၅)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေါင်းငူရပ်ကွက်ကနေ သိရပါတယ်။
 
“သေနတ်နဲ့ သုံးချက်ပစ်ခံရတာတောင် အဲ့ဒီရဲက
မသေဘူး၊ ပြီးတော့လည်း ရဲကိုပစ်တာ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei)က သူတို့ပါလို့လည်း ထုတ်ပြန်ထားတယ်၊ အဲ့ဒါကို လူငယ်တွေကို ညဘက်ဝင်ဖမ်းတာ”လို့ ဒေါင်းငူရပ်ကွက်နေသူတစ်ဦးက
ပြောပါတယ်။
 
ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ထက်လင်းဗီဒိုယိုရုံဟောင်းလမ်းအနီးတစ်ဝိုက်ရှိ နေအိမ်တချို့ကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး ညဘက်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သ်ိရပါတယ်။
 
စစ်ဆေးခံရတဲ့လမ်းက ပြည်သူတစ်ဦးက” ရဲတပ်ကြပ်သေနတ်နဲ့ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး မနေ့ညပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက ဒေါင်းငူရပ်ကွက်က ကိုဇော်ထူး၊ကိုလင်းကိုကို၊ကိုစိုးသူလွင်ပါ၅ဦးကို ဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။
 
ထားဝယ်မြို့နယ်မှာ စစ်တပ်၊ရဲ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဆိုသူတွေကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၄ရက်က ဆန်းချီရပ်ကွက်မှာ သတင်းပေးလို့နာမည်ထွက်နေသူ ဦးအောင်မြင့် သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိခဲ့ပြီး ၊ဇူလိုင်၅ရက်နေ့ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်ရောက်ရွေးချယ်ရာမှာ အမည်စာရင်းပေးတဲ့ ဒေါင်းငူရပ်ကွက်က ဦးမောင်မြင့်သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရှိခဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ထားဝယ

Related posts

Leave a Comment

VOM News

FREE
VIEW