ကိုဗစ်အတည်ပြု မွေးလူနာ ကလေး ၃ မွှာပူး မွေးဖွား

သြဂုတ် ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြု မွေးလူနာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဒီကနေ့ မနက်ပိုင်းက ကလေး ၃ မွှာပူးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ရွှေလီကျန်းမာရေးဌာနရဲ့ ဒေသတွင်းထူခြားဖြစ်စဥ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
“မွေးလူနာရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုရော ကျန်းမာရေးဌာနရဲ့ ကျွမ်းကျင်တွေကြောင့် အခုလို ၃ မွှာပူး မွေးနိုင်ခဲ့တာဖြစ်တယ်”လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။
 
ဒါ့အပြင် မွေးလူနာ မကျီး (လူအမည်)ဟာ သားယောင်္ကျားလေး ၃ ယောက်ကို ကိုဗစ်ရောဂါ ကုသမှုခံယူနေစဥ် မွေးဖွားပေးနိုင်ခဲ့တာဖြစ်ပြီး မွေးကင်းစ ကလေး ၃ ယောက်ကို နူးကလိတ် အက်စစ် ဓာတ်ခွဲစစ်ဆေးတဲ့အခါ ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
 
တရုတ်ရိုးရာ ဓလေ့အရ သားယောကျ်ားလေး မွေးဖွားခြင်းဟာ အောင်မြင်ကြီးပွားခြင်း အတိတ်နိမိတ်ကို ဖြစ်စေတယ်လို့ ယူဆထားကြပြီး ယောကျ်ားလေး ၃ မွှာပူး မွေးဖွားခြင်းဟာ တရုတ်ရိုးရာ ဓလေ့အရ ကြီးမားသော ထူးခြားဖြစ်စဥ် တစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။
 
ပုံစာ – ၃ မွှာပူး မီးဖွားနေတဲ့မြင်ကွင်း
Photo-ရွှေလီ ကျန်းမာရေးဌာန
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW