မန္တလေး၊ ဩဂုတ် ၁၁-၂၀၂၁ Ko Hik(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုမှာ ဒီကနေ့မနက် ၆နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အစောင့်ကျနေတဲ့ စစ်သား(၁)ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ” အဲ့ဒီရုံးရှေ့ လုပ်ထားတဲ့ သဲအိတ်ထဲမှာ အစောင့်ကျနေတဲ့ စစ်သားတစ်ဦးကို အမည်မသိလူ(၂)ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ (၃)ချက်ပစ်သွားတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ သေနတ်ပစ်ခံရတဲ့ စစ်သားရဲ့ ညာဖက်နံကြားဖောက်ဝင် ဒဏ်ရာရပြီး နာရီပိုင်းအကြာ ဆေးရုံကိုပို့ဆောင်အပြီးမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပစ်ခတ်မှုဖြစ်တဲ့အချိန် အခြား အစောင့်ကျနေတဲ့ စစ်သားတွေက သေနတ်နဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရဖို့ VOMအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး
Read MoreMonth: August 2021
မုံရွာ-ဂန့်ဂေါ ကားလမ်းမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ လူ(၂)ဦး အသတ်ခံရ
သြဂုတ် ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါကားလမ်း ၅၇ မိုင်မှာနေတဲ့ လူ ၂ ဦးဟာ မနေ့ သြဂုတ် ၁၀ ညပိုင်းက အသတ်ခံရတယ်လို့ ဝမ်းဘဲချိုင့်ကျေးရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” ၇ မိုင်စခန်းက ကိုပေသီနဲ့ ကိုနိုင်စိုးတို့ ၂ ယောက်ကို သတင်းပေး ဒလန်ဆိုပြီး ညက ၁၀ နာရီလောက်မှာ အသတ်ခံလိုက်ရတယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာတော့မသိဘူး ” လို့ ဝမ်းဘဲချိုင့်ရွာနေ ဒေသခံတစ်ယောက်ကပြောပါတယ် ။ ပုလဲမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာက လူတွေဟာ ပုံတောင်ရိုးမဘက်ကို တောင်ယာလုပ် ၊ ထင်းခုတ် ၊ မီးသွေးဖုတ် စတာတွေ သွားလုပ်တဲ့အခါ စခန်းချ…
Read Moreတရုတ်ဘက်က မြန်မာပြန်တွေကို နန်းတော်ပေါက်ကနေ တရားဝင် လွှဲပြောင်းထွက်ခွင့်ပြုခြင်း ယာယီရပ်နားမယ်
ဩဂုတ် ၁၁-၂၀၂၁ Shy V (VOM) တရုတ်ဘက်က မြန်မာပြည်တော်ပြန်တွေကိုနန်းတော်ပေါက်ကနေ တရားဝင်လွှဲပြောင်း ထွက်ခွင့်ပြုခြင်းကို ယာယီရပ်နားမှာဖြစ်ကြောင်း နီးစပ်သူတွေဆီကနေ သိရပါတယ်။ “ဩဂုတ်လ ၁၁ရက် ပြည်တော်ပြန် လွှဲပြောင်းတာပိတ်တယ်။ တရုတ်ဘက်က ပိတ်တာ။ ဘယ်နှရက်နားမှာလဲ မသိသေးဘူး။ မပြောသေးဘူး ငါတို့ကို။ ဘယ်နေ့ ပြန်ဖွင့်မှာ မသိသေးဘူး။” လို့ မြန်မာပြည်တော်ပြန်တွေကို လွှဲပြောင်းလက်ခံတဲ့ထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း(ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့ကို ဆက်သွယ်ရာမှာတော့ “တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင် လူ အဝင်/ အထွက်ဂိတ်ကို တရုတ်ဘက်က ရက်အတိအကျ မသိ ယာယီ ပိတ်ထားကြောင်း ဟုတ်ပါတယ်ခင်ဗျ။ ခဏ ယာယီထောက်ပံ့မှုတွေ လုပ်ပြီးတော့ သူတို့ နားတဲ့ သဘောပါ။ သူတို့ ဒီဘက်က ထောက်ပံ့မှုတွေ လိုက်လုပ်နေတယ်။…
Read Moreကန့်ဘလူမြို့နယ် ဇင်းရဲစခန်းက အဆောက်အဦးအားလုံး မီးလောင်
သြဂုတ် ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇင်းကျေးရွာ ၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းဘေးမှာရှိတဲ့ ဇင်းနယ်မြေရဲကင်းစခန်းဟာ သြဂုတ် ၁၀ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်ခန့်က မီးလောင်ခဲ့တယ်လို့ ဇင်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူ ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ” ဒီမနက် အစောပိုင်းက လောင်တာ ဟုတ်တယ် ၊ အဲ့ဒီ ရဲကင်းစခန်းမှာက တပ်ဖွဲ့ဝင်ချထားတာ မရှိဘူး ၊ စခန်းရုတ်ထားတာကြာပြီ ၊ စခန်းအဆောက်အဦး ဆုံးရှုံးသွားတယ် ” လို့ ပြောပါတယ်။ အဲ့ဒီ မီးလောင်သွားတဲ့ ရဲကင်းစခန်းဟာ ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ်…
Read Moreမုံရွာ -ဂန့်ဂေါ ကလေးကားလမ်းမှာ ခရီးသည်တချို့ ဖမ်းဆီးခံရတာတွေဖြစ်ပြီးနောက် ပြောင်းရွှေ့ဝန်ထမ်းတွေ သွားလာရေး အဆင်မပြေ ဖြစ်နေ
သြဂုတ် ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မုံရွာ ဂန့်ဂေါ ကလေးကားလမ်း နဂါးမတောင်နဲ့ ပုံတောင်အကြား ၅၂ မိုင်အနီးဝန်းကျင်မှာ ခရီးသည်တချို့ဖမ်းဆီးခံရတာတွေဖြစ်ပေါ်ပြီးနောက် ပြောင်းရွှေ့ ဝန်ထမ်းတွေ သွားလာရေးအတွက် အဆင်မပြေ ဖြစ်နေကြတယ်လို့ ပြောင်းရွှေ့ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းကိုဖြတ်ပြီး ချင်းပြည်နယ်ကို ပြောင်းရွေ့တာဝန် သွားရောက် ထမ်းဆောင်ရမယ့် ဝန်ထမ်း တစ်ဦးက ” ချင်းပြည်နယ် ဟားခါးကိုသွားမယ်ဆိုရင် မုံရွာ ဂန့်ဂေါ ဟားခါး ကုန်လမ်းကြောင်းတခုပဲရှိတယ် ၊ ဒီလ ( သြဂုတ်) ၅ ရက်နေ့က မန္တလေးကနေ ကလေးမြို့သွားတဲ့ ခရီးသည်တင်ကား ၁ စီးကို ပုလဲမြို့ အနောက်ဘက် နဂါးမတောင်နဲ့ ပုံတောင်အကြား ၅၂…
Read Moreလာအိုဘက်က ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၆၀၀ ကျော် ထိရှိလာပြီး ၁၀၀ ကျော်မှာ ပိုးတွေ့
ဩဂုတ် ၁၀-၂၀၂၁ Shy V(VOM) လာအိုဘက်က ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀ ကျော်ထိရှိလာပြီး ၁၀၀ ကျော်မှာ ပိုးတွေ့ကြောင်း တာချီလိတ်မြို့က လူမှုကူညီရေးအသင်းတွေနဲ့ ပြန်လာသူတွေဆီကနေ သိရပါတယ်။ COVID-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ ၃၀ ရက်နေ့၊ ဩဂုတ်လ ၁ ရက်နေ့၊ ၃ ရက်နေ့၊ ၈ရက်နေ့ တို့မှာ လာအိုဘက်က ပြည်တော်ပြန် ၆၉၇ ဦးထိ ဝင်ရောက်လာပြီး သူတို့ထဲက ၁၀၀ ကျော်ကို ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဟုတ်တယ်။ ဟုတ်တယ်။ ကွာရန်တင်းဝင်မယ့်သူတွေ ထပ်စစ်တယ်။ လာအိုဘက်က နေ့တိုင်းတော့ မပို့ပေးဘူး။ မနေ့ကလည်း ဝင်လာတယ်။ ကျား ၈၀ ကျော်၊ မ ၅၀ ကျော်။” လို့ တာချီလိတ် မေတ္တာရှင် လူမှုကူညီရေး…
Read Moreမူဆယ် သစ်သီဝလံ ကုန်စည်ဒိုင်က ဖရဲသခွားစိုက် ဒေသခံတွေကို ကိုဗစ် ကျန်းမာရေးသုံး ပစ္စည်းတွေ ပေးလှူဖို့ စီစဥ်နေ
သြဂုတ် ၊ ၉၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) ရှမ်းပြည်မြောက်ပိုင်း ၊ မူဆယ်မြို့ ၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်နဲ တရုတ်နိုင်ငံ ဝမ်တိန်ချန်ဟော့ ကုမ္မဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲက ဖရဲသခွားစိုက်ပျိုးရာဒေသတွေကို ကိုဗစ်ရောဂါ ကျန်းမာရေးသုံးပစ္စည်းတွေ ပေးအပ်လှူဒါန်းသွားဖို့ စီစဥ်နေတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် အမှုဆောင် ဦးစိုင်းခင်မောင် က ” ပြည်တွင်းက ဖရဲ သခွား အဓိကထား စိုက်ပျိုးတဲ့ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းမြောက်ပိုင်း ဒေသတွေက ကျန်းမာရေး ကိစ္စ အရေးပေါ်လိုအပ်တဲ့ နေရာတွေကို ပထမ ဦးစားပေး အနေနဲ့ ပေးလှူသွားမှာဖြစ်တယ် “လို့ ပြောပါတယ်။ …
Read Moreဒလမြို့နယ်မှာ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ရန်ကုန်၊သြဂုတ် ၉-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ ဒလမြို့နယ်၊ မြို့နယ်ခန်းမရှေ့မှာ မနေ့ ဩဂုတ်လ ၈ရက်နေ့ နေ့လယ်၂နာရီခွဲက အစောင့်ကျနေတဲ့ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ “ဘာကြောင့်ပစ်လဲတော့မသိဘူး သတင်းကိုဖုံးထားတာ၊ နှစ်ပွင့်နဲ့တစ်ယောက်သေတယ် တစ်ယောက်က ခုတင်၅၀၀ကို ပို့ထားတယ်၊ အဲ့တစ်ယောက်အခြေအနေတော့ မသိသေးဘူး”လို့ မြို့နယ်ခန်းမအနီးမှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။ လက်တလောမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဒလမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့ကလည်း ပုဇွန်တောင်မြို့နယ်၊ ၅ရပ်ကွက်၊ ပုဇွန်တောင်စျေးအနီး၊ ဆားလင်းဘုန်းကြီးကျောင်းရှေ့အနီးမှာ ဗုံးပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်
Read Moreအချုပ်ထောင်မှာ ပါဆယ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထောင်ဝင်စာတွေ လုံခြုံရေးတင်းကြပ်ထား
သြဂုတ် ၊ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အချုပ်ထောင်ဝင်စာ ပါဆယ်မိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၃ ယောက် ဒဏ်ရာရရှိတဲ့ဖြစ်စဥ် ပေါ်ပေါက်ပြီးနောက် ရဲအချုပ် ထောင်ဝင်စာတွေနဲ့ အကျဥ်းထောင် ထောင်ဝင်စာတွေကို မနေ့ သြဂုတ် ၈ ရက် မနက်ပိုင်းကစလို့ ပိုမိုတင်းကြပ်စွာ စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဒီလ ၇ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ မိုးကုတ် အချုပ်ထောင်ထဲကို ပေးသွင်းမယ့် ထောင်ဝင်စာ ထမင်းထုပ်တွေထဲက ပါဆယ်မိုင်း ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့တယ် ၊ အလားတူ ဖြစ်စဥ်တွေ ထပ်မံမဖြစ်ဖို့ တစ်နိုင်ငံလုံးက ရဲ အချုပ်…
Read Moreရန်ကုန်မြို့က မရှိနွမ်းပါးအိမ်ထောင်စု ၁၀၀၀ကို ကြိုက်တာယူငွေ၅၀နဲ့ ဈေးရောင်းချ
ရန်ကုန်၊သြဂုတ် ၇-၂၀၂၁ KK(VOM) ရန်ကုန်မြို့က၊ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ထဲက မရှိနွမ်းပါးတဲ့ အိမ်ထောင်စု ၁၀၀၀ကို ဒီကနေ့မနက်ပိုင်းက အခြေခံစားသောက်ကုန်တွေကို ကြိုက်တာယူငွေ၅၀ နဲ့ ရောင်းချပေးခဲ့ပါတယ်။ အခြေခံလူတန်းစားအများစုနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ကို ဦးစားပေးသွားရောက်ပြီး ရောင်းချတာဖြစ်ပါတယ်လို့ i Flannelအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဆိုင်မှာရောင်းရင် လူဦးရေများလာတယ် အကုန် လုံးက အဆင်မပြေကြဘူးလေ လူစုလူဝေးဖြစ်မှာလည်းစိုးရိမ်ရတယ်၊ အဲ့ဒါကြောင့် အိမ်တိုင်ရာရောက်ရောင်းချပေးတာပါ”လို့ သူကရှင်းပြပါတယ်။ ဆန်တစ်ပြည်၊ကြက်ဥဆယ်လုံး၊ပန်းဂေါ်ဖီတစ်ထုပ်ကို မည့်သည့်စားသောက်ကုန်ယူယူ ငွေ၅၀ကျပ်နဲ့သာ ရောင်းချပေးပြီး အိမ်ထောင်စု၁၀၀၀ ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁ရက်ကလည်း စမ်းချောင်းမြို့နယ်ရှိ i Flanneဆိုင်မှာ ဆန်တစ်ပြည်၊ကြက်ဥဆယ်လုံး၊အာလူးတစ်အိုး ကြိုက်နှစ်သက်ရာယူ ငွေ၅၀ကျပ်နဲ့ အိမ်ထောင်စု ၆၀၀ ကိုရောင်းချပေးခဲ့ပါတာလည်း ဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းကာလအတွင်း စိပွားရေးသမားအချို့ရဲ့…
Read More