ရခိုင်မှာ ကုန်ဈေးနှုန်းတွေမြင့်လို့ အခြေခံလူတန်းစားတွေအခက်တွေ့

စစ်တွေ၊ ဩဂုတ် ၇- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေမြင့်တက်နေလို့ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ အခြေခံလူတန်းစားတွေအတွက် ထိခိုက်မှုရှိနေပြီး နေစဉ်ဘဝအတွက် စားဝတ်နေရေးပိုင်းမှာ အခက်အခဲများရှိနေတယ်လို့ သိရပါတယ်။   လက်ရှိမှာ ပြည်နယ်တွင်း ကုန်ဈေးနှုန်းတွေဟာ တည်ငြိမ်မှုမရှိဘဲ ကုန်စည်အများစုမှာ ဈေးနှုန်းတက်လာတယ်လို့ ရခိုင်ပြည်နယ် စီးပွားရေးဦးဆောင် အများပိုင်ကုမ္မဏီလီမိတက်က မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကြီးက ပြောပါတယ်။   “ အခြေခံလူတန်းစားတွေကတော့ စားဝတ်နေရေးအခြေအနေတွေမှာ ဝင်ငွေမရှိတဲ့လူတွေဆိုရင် အငတ်ပြဿနာတွေနဲ့ ရင်ဆိုင်လာရတယ်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အငတ်ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမယ့် အနေထားတွေကို မြင်နေရတယ်။ လူတွေက အလုပ်အကိုင်အခွင့်အလမ်းကမရှိ။ ကုန်ဈေးနှုန်းတွေတက်တာတွေကြောင့် လူတွေက တော်တော်ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။   အဲ့ဒီလိုမျိုး အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို တာဝန်ရှိသူတွေနဲ့…

Read More

ကျောက်ဆည် ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးနေချိန် သေနတ်နဲ့ ပစ်ခံရ

သြဂုတ် ၊ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့ နေ့လယ်ပိုင်းက လမ်းပြကြယ်ကျောင်းရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ကျောက်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ပြည်လုံးနိုင် ရပ်ကွက်အုပ်ကြီး ဦးကျော်ထင်အောင်က ရပ်ကွက်ထဲ ဆိုင်ကယ်စီးပြီး ပတ်သွားနေတဲ့အချိန် သူ့နောက်ကနေ သေနတ်နဲ့ လိုက်ပစ်တာ ဒီနေ့ ၁၁ နာရီကျော် ၁၂ နာရီဝန်းကျင်က ဖြစ်တာ ” လို့ ပြည်လုံနိုင် ရပ်ကွက်နေ ဒေသခံ လူတစ်ယောက်က ပြောပါတယ် ။   ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျည်ဆံထိမှန် ဒဏ်ရာရ အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ကို ဆေးရုံပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။   ” ရရှိဒဏ်ရာက စိုးရိမ်ရတယ် ၊ သေဆုံး…

Read More

ဒေါက်တာဇော်မြင့်မောင် အိုးဘိုထောင်မှာ ရောဂါမသက်သာလို့ မန္တလေးဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသနေရ

မန္တလေး၊ ဩဂုတ် ၇-၂၀၂၁ HlK (VOM)   မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်းထောင်အတွင်း ကင်ဆာရောဂါနဲ့ ဆေးကုသနေရာ ရောဂါမသက်သာတာကြောင့် မနေ့ ဩဂုတ်လ ၆ရက်နေ့ ည၈နာရီခန့်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းကနေ သိရပါတယ်။   ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ” ဇူလှိုင်လ၂၉ ရက်နေ့ကတည်းက သွေးကင်ဆာရောဂါနဲ့ အကျဉ်းထောင်ဆေးရုံမှာ ဆေးကုနေရတာ၊ မသက်သာလို့ အခုလို့ စီစဉ်လိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။   ​မန္တလေးဆေးရုံကြီးအနီး နေထိုက်သူတစ်ဦးကလည်း “မနေ့ညကတော့ ယာဉ်တန်းတွေနဲ့ ဆေးရုံထဲဝင်သွားတာတွေ့တယ်၊ ဘယ်သူလာတာလည်းတော့ မသိဘူး၊ မနေ့ကလည်း လိုင်းပေါ်မှာ ဒေါက်ဇော် ဆေးလာကုမယ်လို့တော့ ဖတ်လိုက်ရတယ်”လို့​ ပြောပါတယ်။   ဒေါက်တာဇော်မြင့်မောင်ဟာ ယခင်ကတည်းက ကင်ဆာဆေးပုံမှန်သွင်းနေရသူ ဖြစ်ပြီး အကျဉ်းထောင်ကျတဲ့အချိန် ဆေးကုသမှုခံယူနေရတာကလည်း ရောဂါအခြေအနေ သက်သာလာမှုမရှိတာကြောင့် မန္တလေးဆေးရုံကြီးက ပါမောက္ခဌာနမှူးတစ်ဦးရဲ့…

Read More

ချင်းတွင်းအထက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး ကားလမ်းတွေပျက်စီးကာ ယာဥ်ပိတ်ဆို့မှုဖြစ်နေ

သြဂုတ် ၊ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ သြဂုတ်လ ၂ ရက်နေ့ကစလို့ အဆက်မပြတ် မိုးရွာတာကြောင့် ဆက်သွယ်ထားတဲ့ ကားလမ်းတချို့ပျက်စီးပြီး ကားသွားလာလို့မရဘဲ ဒီကနေ့အချိန်ထိ ယာဥ်တွေပိတ်ဆို့မိနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်ရ သိရပါတယ် ။   ” မုံရွာ၊ ရေဦး၊ တန့်ဆည်၊ ကလေးဝလမ်းပိုင်းမှာ မဟာမြိုင်တောထဲက နေရာတော်တော်များများ လမ်ပျက်နေတယ် ၊ လမ်းပျက်တာက မြေပြိုတယ် ၊ လမ်းချော်တယ် ၊ မြေသားလမ်းနေရာတွေမှာ လမ်းပေါ်ရေတင်ပြီး ပေါင်လည်လောက် ဗွက်ထနေတာတွေဖြစ်တယ် ၊ အတက်ကားတွေရော အဆင်းကားတွေပါ ပိတ်မိနေတာ ၄ ရက်ရှိပြီ၊ နောက် ၂ ရက်ဆိုရင်တောင် လမ်းပွင့်ဖို့ မလွယ်သေးဘူး ” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ယာဥ်ပိုင်၊ယာဥ်မောင်း တစ်ယောက်ကပြောပါတယ်။…

Read More

ခင်ဦးနယ် မုံလှရွာ အုပ်ချုပ်ရေးမှူး အိမ်မှာအိပ်နေချိန် သေနတ်နဲ့ဝင်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြိူ့နယ် ၊ မုံလှကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ဒီကနေ့မနက် အစောပိုင်းက အမည်မသိသေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူဟာ နေရာမှာတင် သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်လောက်ကဖြစ်တာပါ ၊ လက်နက်တွေကိုင်ထားတဲ့ လူ ၁ ဒါဇင်လောက်ဟာ အုပ်ကြီး အိမ်ထဲကိုဝင်လာပြီး အုပ်ကြီးကို ပစ်သတ်တယ် ၊ အဲ့ဒီအချိန် အုပ်ကြီးက သူ့မိသားစုနဲ့အတူ ရှိနေတယ် ၊ အဲ့ဒီ လူတွေက အုပ်ကြီးမိန်းမနဲ့ ကလေးတွေကို ရန်မူတာတော့ မရှိဘူး ” လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ် ။  …

Read More

တရုတ်-မြန်မာနယ်စပ် ဗိုင်းရပ်စ် အနီရောင်ဇုံ သတ်မှတ်တဲ့နေရာက ဒေသခံမဟုတ်သူတွေ နေရပ်ပြန်ရမယ်

ဩဂုတ် ၇ -၂၀၂၁ Shy V (VOM)   တရုတ်-မြန်မာနယ်စပ် ဗိုင်းရပ်စ် ကူးစက်မှု အနီရောင်ဇုံ သတ်မှတ်ထားတဲ့နေရာက ဒေသခံမဟုတ်သူတွေအားလုံး နေရပ်ပြန်ရမယ်လို့ တရုတ်ဘက်ခြမ်းက မြန်မာ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။   ” COVID-19 ကူးစက်မှု အနီရောင်အဆင့် သတ်မှတ်ထားတဲ့‌ နေရာက နေထိုင်ခွင့် ထောက်အထား ရှိရှိ၊ မရှိရှိ၊ မြန်မာနိုင်ငံသားရော တရုတ်နိုင်ငံသားပါ မိမိဌာနေကို ပြန်ဖို့ သတ်မှတ်ထားတယ်၊ ရွှေလီက ဗိုင်းရပ်စ်ဇုံ သတ်မှတ်ထားတဲ့ တချို့နေရာ မနေ့က စပြီး အကုန်ပြန်လွှတ်တယ်။ ကျင်းခမ်း ရှမ်းရွာရယ်၊ နောင်ခမ်းရွာရယ်ကို။ သူတို့ ပြန်လွှတ်မှာ။ ဒီ ရွှေလီက နေထိုင်လို့ရတယ်။” လို့ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာ ရေး ကူညီမှုအသင်း(ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။   တရုတ်အစိုးရအနေနဲ့ ကျယ်ဂေါင်…

Read More

ယူနန်ပြည်နယ်မှာ မြန်မာပြန် တရုတ် ၃၀၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၅၀ ကျော်မှာ ကိုဗစ်ပိုးတွေ့

ဩဂုတ် ၆ -၂၀၂၁ Shy V   တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ COVID-19 တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံက ပြန်လာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၅၀ ကျော်မှာ ကိုဗစ်ပိုးတွေ့ရှိကြောင်း ယူနန် ကျန်းမာရေးဌာနရဲ့သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။   ယူနန်ပြည်နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၅ ရက်နေ့အထိ မြန်မာပြန် တရုတ်နိုင်ငံသား ၃၂၂ ဦး မှာပိုးတွေ့ရှိခဲ့ပြီး ဇွန်လက မြန်မာပြန် တရုတ်နိုင်ငံသား ၆၁ ဦးမှာ ပိုးတွေ့ခဲ့ကာ စုစုပေါင်း မြန်မာပြန် တရုတ် ၃၈၃ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။   ဇူလိုင်လ ၄ ရက်နေ့ကစ ဩဂုတ်လ ၅ ရက်နေ့အထိ…

Read More

MNDAA နဲ့ တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံတွေမြင်တွေ့

ဩဂုတ် ၆-၂၀၂၁ Shy V (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နဲ့ ၃ မိုင်ခန့်အကွာမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တပ်မတော်တို့ သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်က အကျအဆုံးရှိခဲ့တယ်လို့ ဒေသခံမျက်‌မြင်တွေက ပြောပါတယ်။   ရွာခံအမျိုးသမီးတစ်ဦးက ” သူတို့ထွက်ပြေးတိမ်းရှောင်နေတဲ့ လယ်ကွင်းနားကနေ သူတို့ရဲ့ ဗိုလ် အဆင့်လို့သိရတဲ့ အလောင်းကို သယ်ဆင်းလာတယ်။ ၅ ယောက်လောက်သေတယ်”လို့ ပြောပါတယ်။   နောက်ထပ် ရွာသားတစ်ဦးကလည်း “ဒု-ဗိုလ် အဆင့် တစ်ယောက်အပါအဝင် ၆ ယောက်လောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်”လို့ ပြောပါတယ်။   မုံးကိုးမြို့ဘက်ကို တပ်မတော်သားတွေ တင်လာတဲ့ ပြည်သူ့စစ်တစ်ဦး ကောင်းစထီးရွာနားမှာ သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက ပစ်သတ်ခံခဲ့ရတယ်လို့လည်း…

Read More

ရွှေလီအစိုးရက ပြည်ပအလုပ်သမားတွေကို ပေါက်ဖော်ကဒ်ထုတ်ပေးပြီး အလုပ်ခန့်ဖို့ စီစဉ်

သြဂုတ် ၊ ၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မြန်မာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ် ရွှေလီ အစိုးရဟာ ပြည်ပ အလုပ်သမားတွေကို ပေါက်ဖော်ကဒ် ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ စောင့်ရှောက်ရေး အခြေခံ မူ ၅ ရပ်နဲ့အညီ စက်မှုဇုံက စက်ရုံတွေမှာ အလုပ်ခန့်ထားပေးမှာဖြစ်တယ်လို့ အလုပ်ခန့်ထားရေး ပေါ်လစီဆိုင်ရာ ချမှတ်ရေး ရွှေလီ အစိုးရက မနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ် ။   အဲ့ဒီ အကြောင်းစုံနဲ့ ပတ်သက်ပြီး ရွှေလီမြို့က ပြည်ပ အလုပ်သမားရေး ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ ဦးစိုင်းငြိမ်းကျော် ပြောပြတာက   ” ရွှေလီဘက်က ပြည်ပ ရွေ့ပြောင်း အလုပ်သမားတွေကို အလုပ်လက်မဲ့ မဖြစ်စေဖို့ တရားဝင် အလုပ်သမား ခန့်ပြီး…

Read More

တောင်ဒဂုံ ၅၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူတစ်စုက သေနတ်နဲ့လာပစ်

ရန်ကုန်၊သြဂုတ် ၅-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ မနက် ၁၁နာရီခွဲက အမည်မသိလူတစ်စုမှ သေနတ်နဲ့လာပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့မနက်ပိုင်း အောက်ဆီဂျင်ပေးဖို့ အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူးတွေ ၊ ရပ်မိရပ်ဖတစ်ဦးတို့ ရှိနေချိန် ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သီရီမြိုင်လမ်းမှပြည်သူ တစ်ဦးက ပြောပါတယ်။ “ဆိုင်ကယ်နဲ့လာပစ်တယ်လို့ပြောတယ်၊ သေနတ်သံတွေကြားရတာ ဆက်တိုက်ပဲ၊ အုပ်ကြီးကမသေဘူး၊ ထိခိုက်ဒဏ်ရာရတယ်လို့ပဲကြားတယ်”လို့ သူကရှင်းပြပါတယ်။ အခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတွေက လိုက်လံရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ၅၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့ပေမယ့် သေဆုံးသူမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးပိုင်းက လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုံးအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ရက်ကလည်း တောင်ဒဂုံ၊ ၅၃ရပ်ကွက်၊ သုခမြိုင်လမ်းမှာ စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူ ဦးတင်ထွန်း ဆိုသူကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ #voiceofmyanmar…

Read More
✕
VOM News

FREE
VIEW