တောင်ဒဂုံ ၅၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူတစ်စုက သေနတ်နဲ့လာပစ်

ရန်ကုန်၊သြဂုတ် ၅-၂၀၂၁
KK(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ မနက် ၁၁နာရီခွဲက အမည်မသိလူတစ်စုမှ သေနတ်နဲ့လာပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့မနက်ပိုင်း အောက်ဆီဂျင်ပေးဖို့ အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူးတွေ ၊ ရပ်မိရပ်ဖတစ်ဦးတို့ ရှိနေချိန် ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သီရီမြိုင်လမ်းမှပြည်သူ
တစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်နဲ့လာပစ်တယ်လို့ပြောတယ်၊ သေနတ်သံတွေကြားရတာ ဆက်တိုက်ပဲ၊ အုပ်ကြီးကမသေဘူး၊ ထိခိုက်ဒဏ်ရာရတယ်လို့ပဲကြားတယ်”လို့ သူကရှင်းပြပါတယ်။

အခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတွေက လိုက်လံရှာဖွေနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။

၅၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့ပေမယ့် သေဆုံးသူမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးပိုင်းက လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုံးအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ရက်ကလည်း တောင်ဒဂုံ၊ ၅၃ရပ်ကွက်၊ သုခမြိုင်လမ်းမှာ စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူ ဦးတင်ထွန်း ဆိုသူကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW