ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်ဟောင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၅ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) ရန်ကုန်တိုင်း ၊ ခရမ်းမြို့နဲ့ ကမာကလူးကျေးရွာသွားတဲ့ လမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ခရမ်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” သေဆုံးသူက ဦးဝင်းခိုင် အသက် ၄၇ နှစ်ဖြစ်တယ် ၊ သူက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမတ်တစ်ယောက်ပါ၊ သူ့ရဲ့ ဇာတိရွာကို သွားရင်း သေနတ် ၂ ချက်ပစ်ခံရလို့ သေဆုံးတာ ဟုတ်တယ် ” လို့ ပြောပါတယ်။ ဦးဝင်ခိုင် သေဆုံးရခြင်းနဲ့ ပတ်သက်လို့ သေနတ်နဲ့ ပစ်ခတ်သွားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ခရမ်းမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ သေဆုံးသူ…

Read More

အမေရိကန်နဲ့ အင်ဒိုနီးရှား အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

ဂျကာတာ၊ သြဂုတ်-၅-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ရဲ့ အကြီးအစားစစ်ရေးပူးတွဲလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ် ၄ ရက်က စတင်လိုက်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို ကာလီမန်တန်အပါအဝင် အင်ဒိုနီးရှားရှိအဓိကကျွန်းသုံးကျွန်းပေါ်မှာ သီတင်း နှစ်ပတ်ကြာပြုလုပ်မှာဖြစ်ပြီး အမေရိကန်နဲ့ အင်ဒိုနီးရှားတို့အကြား ဆက်ဆံရေးခိုင်မာအားကောင်းမှုကို အလေးပေးဖော်ပြဖို့ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင် ၃၇၀၀ ကျော်ပါဝင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်တောင်ပိုင်းရှိ နာတူနာကျွန်းစုရေပြင်ကို သူ့ရဲ့အထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ဒေသအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုထားပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ရဲ့လက်ထက်မှာတော့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်နဲ့ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အရှေ့တောင်အာရှမှာ သူ့ရဲ့ပါဝင်မှုကို မြှင့်တင်လို့နေပါတယ်။ ယခုနှစ်အတွင်း ရေကြောင်းလေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ဖို့ အမေရိကန်ဟာ အင်ဒိုနီးရှားနိုင်ငံကို ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဆောင်းဦးရာသီရောက်ရင်လည်း နှစ်နိုင်ငံရေတပ်ပူးတွဲလေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ Ref:…

Read More

ဘင်္ဂလားဒေ့ရှ်မှာ မင်္ဂလာဆောင်ဖို့စီစဉ်နေသူ သတို့သားနဲ့အဖွဲ့ မိုးကြိုးပစ်ခံရ ၁၇ ဦးသေဆုံး

ဒါကာ၊ သြဂုတ်-၅-၂၀၂၁ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မင်္ဂလာဆောင်ဖို့စီစဉ်နေတဲ့ သတို့သားနဲ့အဖွဲ့ကို မိုးကြိုးပစ်မှုကြောင့် အဲ့ဒီအဖွဲ့ထဲက လူ ၁၇ ဦးသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် သတို့သားအပါအဝင် အခြား ၁၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး သတို့သမီးကတော့ မိုးကြိုးပစ်ချိန်မှာ အခင်းဖြစ်ရာနေရာမှာ မရှိဘူးလို့ဆိုပါတယ်။ မိုကြိုးပစ်ချိန်မှာ သတို့သားနဲ့အဖွဲ့ဟာ မြစ်ကမ်းဘေးမှာရှိတဲ့ Shibganj မြို့ကနေ သင်္ဘောနဲ့ သတို့သမီးနေအိမ်ကို သွားရောက်နေတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ မိုးကြိုးတွေဆက်တိုက်ပစ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။တောင်အာရှဒေသမှတော့ နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်မှုတွေကြောင့် လူရာပေါင်းများစွာ သေဆုံးလေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ မေလတစ်လတည်းမှာဘဲ မိုးကြိုးပစ်မှုကြောင့် လူ ၂၀၀ေ ကျာ်သေဆုံးခဲ့ပြီး တစ်နေ့တည်း ၈၂ ဦးသေဆုံးတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ ဒီလိုလူသေဆုံးစေတဲ့ မိုးကြိုးပစ်မှုတွေဖြစ်ပွားမှုမြင့်တက်လာတာဟာ သစ်တောတွေပြုန်းတီးလာမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။ Ref : BBC Photo: AP #voiceofmyanmar…

Read More

ရခိုင်မှာ သုံးလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ (၂၄၀) ကျော်ထိရှိလာ

စစ်တွေ၊ ဩဂုတ် ၅ – ၂၀၂၁ HAS (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူ (၂၄၂) ဦးရှိရှိလာပြီး ကိုဗစ်ကူးစက်ခံရသူ (၃၀၆၈) ဦးအထိ ရှိလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြည်နယ်တွင်း ပြီးခဲ့တဲ့ မေလ ဒုတိယပတ်ကစပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေမှာ ကိုဗစ်- ၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ကုန်းတွင်း ပိုးတွေ့အတည်ပြုလူနာလည်း များလာကာ သေဆုံးသူဦးရေလည်း တဖြည်းဖြည်း များလာပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေထဲမှာ အဓိကအားဖြင့် သက်ကြီးပိုင်းအရွယ် (ဥပမာ- ဆီးချို၊ သွေးတိုး) ရောဂါအခံရှိသူတွေဖြစ်ကြောင်း သိရပြီး လူငယ်လူလတ်ပိုင်းတွေလည်း သေဆုံးမှုရှိတာကို တွေ့ရပါတယ်။ ပြည်နယ်တွင်း ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးဟာ စစ်တွေမြို့နယ်ဖြစ်ပြီး သေဆုံးသူ (၅၉) ဦးနဲ့ ပိုးတွေ့အတည်ပြုလူနာ (၅၈၆)…

Read More

ကမ္ဘာမှာ ကိုဗစ်ကူးစက်ခံရသူ သန်း ၂၀၀ ကျော်ရှိလာ၊ ၄ ဒသမ ၄ သန်းသေဆုံး

ဂျီနီဗာ၊ သြဂုတ် ၅-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သြဂုတ် ၄ ရက်ထိ သန်း ၂၀၀ ကျော်ရှိလာပြီဖြစ်ဖြစ်ပါတယ်။ လက်ရှိချိန်မှာ ဒယ်လ်တာ သန္ဓေပြောင်းဗိုင်ရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ပိုမိုများပြားလာနေပြီး ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွေ နှောင့်နှေးနေတာတွေကလည်း ကျန်းမာရေးစနစ်အပေါ် ဖိအားတွေရှိနေပါတယ်။ ဒီလိုကူးစက်မှုနှုန်းမြင့်တက်လာဟာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံများအကြား ကာကွယ်ဆေးထိုးနှံမှု ကွာဟချက်ကြီးကြီးမားမားရှိနေတာကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ သုံးပုံတစ်ပုံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေပြီး အဲဒီနိုင်ငံတွေထဲက နိုင်ငံအများအပြားမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ခန့်ကိုပင် ပထမအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံမှုပြီးချိန်ထိ တတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာတွေကို ရပ်ဆိုင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပထမဆုံးသန်း ၁၀၀ ပြည့်ဖို့ တစ်နှစ်ကြာမြင့်ခဲ့ပြီးနောက် ခြောက်လအတွင်း…

Read More

ကနီနယ် တောထဲမှာတွေ့ရတဲ့ ရုပ်အလောင်းတွေထဲမှာ CDM ဝန်ထမ်းတချို့ပါနေတယ်လို့ နယ်ခံတွေယူဆထား

သြဂုတ် ၊ ၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ တောင်ပေါက်ရွာနဲ့ ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာ အနီးဝန်းကျင် တောထဲနေရာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက တွေ့ရတယ်ဆိုတဲ့ ရုပ်အလောင်းတွေထဲမှာ CDM ရဲတချို့ပါဝင်နေတယ်လို့ အဲ့ဒီနယ်ခံတွေက ယူဆထားကြတယ်လို့ သူတို့ရဲ့ ပြောပြချက်အရ သိရပါတယ်။ ” တစ်ရက်ကို ဖုန်း သုံး၊လေးကြိမ် ဆက်နေကြလေ ၊ ဇူလိုင် ၂၅ ရက်ကစလို့ အကြောင်းမဲ့အဆက်အသွယ်ပြတ်သွားတယ် ၊ ၂၆ ရက်ကနေ ၂၉ ရက်အထိ တောထဲမှာ ဟိုနေရာတွေ့ ဒီနေရာတွေ့နဲ့ အလောင်းတွေ တွေ့ရတယ်လို့ အသိမိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြောတယ် ၊ သူသေသွားပြီဆိုတာ အတည်ပြုလို့ရတယ် ၊အဆက်အသွယ် လုံးဝမရတာ ၁၀ ရက်ကျော်သွားပြီ၊ ဘာကြောင့် ပြောနိုင်တာလဲဆိုရင် သူက ဘယ်လိုအခက်အခဲရှိရှိ…

Read More

ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ကိုဗစ်ကာကွယ်ဆေးထိုးပြီး အပြန်လမ်းမှာ မီးရှို့သတ်ခံရ

သြဂုတ် ၊ ၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊မန်ကျည်းကုန်းကျေးရွာနဲ့ အုတ်ဖိုကျေးရွာ အကြား မန်ကျည်းကုန်းတံတားအကျော်နေရာမှာ ဒီနေ့ သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး တစ်ယောက် မီးရှို့သတ်ခံရတယ်လို့ ရေဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးမြို့ခံ တစ်ယောက်က ” ဒီကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဲ့ဒီကိစ္စသိရတာပါ၊ သူက ညောင်နီကန်ကျေးရွာ အုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပြီး ၊ ဝက်ဖြူရွာမှာနေတယ် ၊ ကိုဗစ်ကာကွယ်ဆေးထိုး အပြန်မှာဖြစ်တာပါ ၊ ဆိုင်ကယ်ရော လူပါ မီးရှို့ထားခဲ့တာဖြစ်တယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာ မသိဘူး ၊…

Read More

ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအခြေခံကိစ္စတွေကြောင့် အမှုဖွင့်ခံရသူတွေကို ရုတ်သိမ်းပေးဖို့ လုပ်ပေးမယ့်အကြောင်း န.စ.က ကနေ အိမ်စောင့်အစိုးရ အမည်ပြောင်းပြီးနောက် သတင်းစာကနေ အသိပေးကြေညာ

ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ဆက်သွယ်သတင်းပို့နိုင်ရန် အသိပေးကြေညာခြင်း   နေပြည်တော်၊ ဩဂုတ် ၃ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်းများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ မှုများကြောင့် အရေးယူခံရမည်ကို စိုးရိမ်ခဲ့ပြီး တိမ်းရှောင်နေကြကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ၎င်းတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏…

Read More

ရန်ကုန်မြို့က စက်ရုံမီးလောင်မှုမှာ တိုင်းမီးသတ်က ဒု-ညွန်မှူး နဲ့ ဒု-တပ်ကြပ်တစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်၊သြဂုတ် ၄၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ရွာသာကြီးစက်မှုဇုန်ရှိ ရွှေလှေမုန့်စက်ရုံ မီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ရင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးနဲ့ဒု-တပ်ကြပ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။   ” ဒီကနေ့မနက် ၄နာရီခွဲက မီးစတင်လောင်ကျွမ်းခဲ့တယ်၊ မီးလောင်မှုအဆင့် Level 3နဲ့ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့တယ်၊ မနက်၅နာရီ၅၀မှာ မီးငြိမ်းခဲ့တယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။   မီးငြိမ်းသတ်ရာမှာ ရန်ကုန်တိုင်းဒေသကြီး၊မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသိန်းမြင့်ဟာ ၁၅ပေအမြင့်ကနေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒု-တပ်ကြပ်တစ်ဦးကလည်း ပေါင်ကိုသွပ်ပြားထိကာ ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ သူကရှင်းပြပါတယ်။   အဲ့ဒီမီးလောင်မှုကြောင့် ရွာသာကြီးစက်မှုဇုန်၊ရာဇသင်္ကြန်လမ်းနဲ့ဝက်မစွပ်ဝန်ထောက်လမ်းထောင့်ရှိ ရွှေရွက်လှေမုန့်တိုက်နဲ့ တံဆပ်ရိုက်လုပ်ငန်းမှာရှိတဲ့ အဆောက်ဦးသုံးလုံးနဲ့ အတွင်းရှိပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။   လက်တလောမှာတော့ ရွှေလှေမုန့်တိုက်က မန်နေဂျာဖြစ်သူကို တောင်ဒဂုံမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။  …

Read More

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံဒုနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်

ဗန်ကောက်၊ သြဂုတ်-၄-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof ကိုအာဆီယံအဖွဲ့က ခန့်အပ်လိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။   ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ အထူးသံတမန်အဖြစ် ထိုင်းလက်ထောက်နိုင်ငံခြားရေး၀န်ကြီးဟောင်း Virasakdi Futrakul ကိုခန့်အပ်ဖို့လိုလားနေတာကြောင့် Erywan Yusof ကိုခန့်အပ်ရေး နှောင့်နှေးနေတာဖြစ်ပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာလည်း မတူကွဲပြားမှုတွေ လအတန်ကြာဖြစ်ပေါ်ခဲ့ပါတယ်။   အထူးသံတမန်ဟာ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံတွေကြားမှာ အကြမ်းဖက်မှုတွေလျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ပေးဖို့ အားထုတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိဖို့အတွက် အဖွဲ့၀င် ၁၀ နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့က သံတမန်ရေးရာအားထုတ်မှုတွေကို ဦးဆောင်မှုပြုဖို့ တရုတ်၊ အမေရိကန်အပါအ၀င် ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။   Ref : Reuters Photo:…

Read More
✕
VOM News

FREE
VIEW