ဘင်္ဂလားဒေ့ရှ်မှာ မင်္ဂလာဆောင်ဖို့စီစဉ်နေသူ သတို့သားနဲ့အဖွဲ့ မိုးကြိုးပစ်ခံရ ၁၇ ဦးသေဆုံး

ဒါကာ၊ သြဂုတ်-၅-၂၀၂၁
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မင်္ဂလာဆောင်ဖို့စီစဉ်နေတဲ့ သတို့သားနဲ့အဖွဲ့ကို မိုးကြိုးပစ်မှုကြောင့် အဲ့ဒီအဖွဲ့ထဲက လူ ၁၇ ဦးသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် သတို့သားအပါအဝင် အခြား ၁၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး သတို့သမီးကတော့ မိုးကြိုးပစ်ချိန်မှာ အခင်းဖြစ်ရာနေရာမှာ မရှိဘူးလို့ဆိုပါတယ်။

မိုကြိုးပစ်ချိန်မှာ သတို့သားနဲ့အဖွဲ့ဟာ မြစ်ကမ်းဘေးမှာရှိတဲ့ Shibganj မြို့ကနေ သင်္ဘောနဲ့ သတို့သမီးနေအိမ်ကို သွားရောက်နေတာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ဟာ မိုးကြိုးတွေဆက်တိုက်ပစ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။တောင်အာရှဒေသမှတော့ နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်မှုတွေကြောင့် လူရာပေါင်းများစွာ သေဆုံးလေ့ရှိပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ မေလတစ်လတည်းမှာဘဲ မိုးကြိုးပစ်မှုကြောင့် လူ ၂၀၀ေ ကျာ်သေဆုံးခဲ့ပြီး တစ်နေ့တည်း ၈၂ ဦးသေဆုံးတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

ဒီလိုလူသေဆုံးစေတဲ့ မိုးကြိုးပစ်မှုတွေဖြစ်ပွားမှုမြင့်တက်လာတာဟာ သစ်တောတွေပြုန်းတီးလာမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။

Ref : BBC
Photo: AP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW