သြဂုတ် ၊ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ရေဦး – ကလေးဝ ကားလမ်း ဝါးရငယ် မူးဘောင်တံတားရဲ့ တောင်ဘက်အောက်ခြေအနီးမှာ သြဂုတ် ၄ ရက် ဒီမနက် ၁၀ ဝန်းကျင်က သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ သေဆုံးနေတဲ့ ရုပ်အလောင်းတွေတွေ့ရတာနဲ့ ပတ်သက်လို့ ” အလောင်းတွေ့ရတာက ၂ လောင်းဖြစ်တယ် ၊ မူးမြောင်းရေစပ်ထဲမှာ တွေ့ရတာက ခန့်မှန်း အသက် ၂၅ နှစ်ဝန်းကျင် ၊ အသားဖြူ ၊ ကိုယ်ခန္ဓာ ပိန်ပါး ၊ ဘယ်ဘက် လက်ကောက်ဝတ်နေရာမှ…
Read MoreMonth: August 2021
အာဖဂန် ကာကွယ်ရေး၀န်ကြီးရဲ့အိမ်ကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်
ကဘူး၊ သြဂုတ်-၄-၂၀၂၁ မျိုးဆက် (VOM အာဖဂန်ကာကွယ်ရေးဝန်ကြီးရဲ့ နေအိမ်ကို သေနတ်သမားတွေ၀င်ရာက် တိုက်ခိုက်ပြီးနောက် လူလေးဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ သေနတ်သမားတွေက ကားဗုံးဖောက်ခွဲပြီး ကဘူးမြို့ရဲ့လုံခြုံရေးအခိုင်အမာယူထားတဲ့ နေရာအနီး ပစ်ခတ်မှုတွေပြုလုပ်ချိန် သြဂုတ်၃ရက်မှာ ကာကွယ်ရေးဝန်ကြီး ဘစ်မေးလက်ခန်မိုဟမ်မာဒီဟာ နေအိမ်မှာ ရှိမနေခဲ့ပါဘူး။ သူ့ရဲ့မိသားစုကိုလည်း အန္တရာယ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးထားကြပြီး တိုက်ခိုက်တဲ့ သေနတ်သမားတွေကတော့ သေဆုံးသွားတယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိထားတဲ့ လူ၁၁ဦးကို သေဆုံးသူလေးဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ကဘူးမြို့ရှိ အရေးပေါ်ဌာနကို ပို့ဆောင်လိုက်တယ်လို့ ဆေးဘက်ဆိုင်ရာအဖွဲ့က အတည်ပြုထားပါတယ်။ အခြားသော အာဖဂန် အထင်ကရမြို့ကြီးတွေမှာလည်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့နေအိမ်ကိုလည်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ တာလီဘန်အဖွဲ့ရဲ့ ခြေရာလက်ရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ အာဖဂန် နိုင်ငံတွင်း အကြမ်းဖက်မှုကို ချက်ချင်းအဆုံးသတ်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။…
Read Moreဖယ်ခုံမြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနေချိန် ဗုံးပေါက်လို့ ရဲနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ
ဩဂုတ် ၄-၂၀၂၁ KK(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၄)ရပ်ကွက်ရှိ၊ မြို့တော်ခန်းမမှာ မနေ့ ဩဂုတ်လ ၃ရက်နေ့ နေ့လယ်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေချိန် ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ ရဲတစ်ဦးနဲ့ စေတနာ့ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဝင်ပေါက်နားမှာပေါက်တာ ရဲတစ်ယောက်က ပွဲချင်းပြီးသေတယ်၊ တစ်ယောက်ကဆေးရုံမှာသေတာ ရဲတစ်ယောက်နဲ့ ဗော်လန်တီယာနှစ်ယောက်ကတော့ ဆေးရုံမှာပဲ”လို့ ညောင်ကုန်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားထွန်းလင်းဇော်နဲ့ ရဲတပ်သားအောင်လွင်ဖြိုးတို့ သေဆုံးခဲ့ပြီး ဗုံးစထိမှန်လို့ ဒုတပ်ကြပ်အောင်မျိုးနဲ့ စေတနာ့ဝန်ထမ်းဒေါ်မူရိန်း၊ဦးနန္ဒဝေယံတို့မှာ ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ ဖယ်ခုံမြို့နယ်၊ မြို့တော် ခန်းမဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအင်းအားတိုးမြှင့်ကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ #voiceofmyanamr #VOM #ဖယ်ခုံ
Read Moreတရုတ်နယ်စပ်မှာ ကွာရန်တင်းဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဩဂုတ် ၁ရက်စပြီး ထမင်းလာမပို့တာကြောင့် ဒုက္ခရောက်နေ
ဩဂုတ် ၄၊ ၂၀၂၁ Shy V(VOM) တရုတ်နိုင်ငံနဲ့ မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ဖြစ်တဲ့ ရွှေလီက ကွာရန်တင်းစင်တာတစ်ခုမှာ ကွာရန်တင်း ဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဩဂုတ်လ ၁ ရက်နေ့ကစ ထမင်းလာမပို့တော့တာကြောင့် ဒုက္ခရောက်နေကြောင်း လူမှုကွန်ယက်ကတဆင့် အကူအညီတောင်းထားပါတယ်။ “စားသောက်စရိတ် မပေးနိုင်လို့ တစ်နေ့ကို ခေါက်ဆွဲ ၂ ဗူးနဲ့ ရေသန့် ၃ ဗူး ပေးပေမယ့် ပုံမှန် လာမပို့ပေးတဲ့အပြင် အကုန်လုံး မရကြဘူး။ ရေဘူးတွေလည်း မရတဲ့သူတွေက အိမ်သာ ရေချိုးခန်းက ရေကို သောက်နေရတယ်။ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်တွေပါ တစ်ခန်းနဲ့ တစ်ခန်း ကူညီလို့လည်းမရဘူး၊ အမျိုးသမီးရော အမျိုးသားပါ အဲ့ဒီ ကွာရန်တင်းစင်တာမှာ မြန်မာနိုင်ငံသား အယောက် ၁၅၀ ခန့် ဒုက္ခရောက်နေကြရတယ်”လို့ Q ဝင်နေသူ…
Read MoreKNU/KNLA PCရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကိုဗစ်နဲ့ ကွယ်လွန်
ရန်ကုန်၊သြဂုတ် ၄၊၂၀၂၁ KK(VOM) ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PCရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြဟာ ထိုင်းနိူင်ငံ၊မဲဆောက်မြို့နယ်မှာ မနေ့ည ၁၀ နာရီခွဲက ကွယ်လွန်သွားတယ်လို့ KNU /KNLA PCအသိုင်းအဝိုင်းကနေ သိရပါတယ်။ “ကွယ်လွန်သွားတာကတော့မှန်ပါတယ်။စျာပန အစီအစဥ်တော့မသိရသေးဘူး ဆွေးနွေးနေဆဲပါပဲ”လို့ KNU/KNLA PCမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ KNU/KNLA PCရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနေစိုးမြဟာ KNU-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြ(ကွယ်လွန်)နဲ့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုးတို့ ရဲ့သားအငယ်ဆုံးလည်းဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၆နှစ်သာရှိသေးတဲ့ ဗိုလ်ချုပ်စောနေစိုးမြမှာ ဇနီးနဲ့သားသမီး(၄)ဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanamr #VOM #KNU/KNLA PCစစ်ဦးစီးချုပ် #ဗိုလ်ချုပ်စောနေစိုးမြ #ကွယ်လွန်
Read Moreစစ်ကိုင်းတိုင်းထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ တာဝန်က အနားယူဖို့ ထွက်စာတင်
သြဂုတ် ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အခုရက်ပိုင်းအတွင်း တာဝန်ကနေ နှုတ်ထွက် အနားယူခွင့် ပေးဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ လိပ်မူပြီး တင်ပြစာတွေ နေ့တိုင်းလိုလို ပေးပို့နေကြတယ်လို့ သိရပါတယ်။ အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ခွင့် တင်ပြကြတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” စစ်ကိုင်းခရိုင်ထဲက မြောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့နဲ့ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ၊ဆားလင်းကြီးမြို့နယ် ၊ မုံရွာခရိုင် ဘုတလင်မြို့နယ် အရာတော်နဲ့ မုံရွာမြို့ပေါ် ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကောလင်းခရိုင် ကောလင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူး တချို့ အနားယူခွင့် တင်ပြကြတာ ” လို့ ဖြစ်ပါတယ်…
Read Moreလစာထုတ်ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လမ်းမှာ ဓားခုတ်ခံရလို့ သေဆုံး
သြဂုတ် ၊ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဗြဲတရော်ကျေးရွာ ၊ ကန်တလူဘုရားအနီး သံလမ်းကူးနေရာမှာ မနေ့ သြဂုတ် ၃ ရက် ညနေပိုင်းက ဆင်တပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဓားခုတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ယောက်က ” အုပ်ကြီး ဦးအောင်သောင်းက ကိုမောင်ညွှန့် မောင်းတဲ့ ဆိုင်ကယ်နောက်က ထိုင်လိုက်ပြီး စစ်ကိုင်း ထွေအုပ်ရုံးကနေ လစာထုတ်ပြီးရွာကို ပြန်လာတယ် ၊ သူတို့ ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ် ၁ စီး လူ ၂ ယောက် လိုက်လာတယ် ၊ အုပ်ကြီးတို့ ဆိုင်ကယ်ဘေးကပ်လာပြီး မင့်လားကွ ဒလန် လို့ပြောပြော…
Read Moreကျောက်ဆည်နယ် ဗလီကွင်းရွာက ပျူစောထီးလို့ အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ
သြဂုတ် ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ၊ ဗလီကွင်းကျေးရွာနဲ့ ထုံးဘိုကျေးရွာကြားမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပျူစောထီးလို့ အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ကျောက်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဗလီကွင်းရွာခံ တစ်ယောက်က ” ဖြစ်တာက ဒီနေ့ ၁၁ နာရီဝန်းကျင်က ဖြစ်တယ် ၊ ဦးမျိုးခိုင်ရဲ့ ရင်ဘတ်ကို ကျည်ဆံ ဖောက်ဝင်ပြီး သေဆုံးသွားတာ ” လို့ ပြောပါတယ် ။ အဲ့ဒီ သေဆုံးသူ ဦးမျိုးခိုင်ဟာ ဗလီကွင်းရွာဘက်ကို သက်ဆိုင်ရာအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလာတဲ့အခါ လက်ခံ ဧည့်ဝတ်ပြုတာတွေရှိပြီး သူကိုယ်တိုင်က ပျူစောထီး လှုပ်ရှားသူတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ဗလီကွင်းရွာခံတချို့က…
Read Moreမြန်မာ့ရွေးကောက်ပွဲအစီအစဉ် အချိန်ဆွဲတာလို့ အမေရိကန်ဝေဖန်၊ အာဆီယံပိုမိုအားထုတ်ရန် တိုက်တွန်း
၀ါရှင်တန်၊ သြဂုတ်-၃-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူသံတစ်မန်တစ်ဦးခန့်အပ်ရေးကို တွန်းအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံမှာ လာမယ့်နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အစီအစဉ်ဟာ အချိန်ဆွဲတာသာဖြစ်တယ်လို့ အမေရိကန်က သြဂုတ် ၂ ရက်မှာပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီ ဘလင်ကင်ဟာ အာဆီယံအဖွဲ့ နိုင်ငံခြားရေး၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်က အခုလိုဝေဖန်လိုက်တာဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာတာ၀န်ရှိသူတွေက အချိန်ဆွဲနေတာဖြစ်ပြီး ဒီိလိုကာလကြာရှည်လုပ်ဖို့ ဆန္ဒရှိနေတဲ့အတွက် အာဆီယံအနေနဲ့ အဖွဲ့ရဲ့အားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက တိုက်တွန်းလိုက်ပါတယ်။ ဒါကြောင့်အာဆီယံအနေနဲ့ ဒီကိစ္စတွေအပေါ်မှာ ပါ၀င်လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ထိန်းသိမ်းလိုက်နာစေဖို့ အားထုတ်ရမယ်လို့ သူကဆိုပါတယ်။ မြန်မာအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲအစီအစဉ်ဟာ စစ်မှန်တဲ့လမ်းကြောင်းနဲ့ သွေဖယ်နေတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်းပြောဆိုထားပါတယ်။ ဒါဟာ…
Read Moreဒေသတွင်းတင်းမာနေချိန် တောင်တရုတ်ပင်လယ်သို့ ဂျာမနီက စစ်သင်္ဘောစေလွှတ်
ဘာလင်၊ သြဂုတ်-၃-၂၀၂၁ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုရည်မှန်းချက်တွေအပေါ် ဒေသတွင်းတင်မားနေချိန်မှာ ဂျာမနီဟာ ဒေသတွင်းမှာ သူ့ရဲ့ စစ်ရေးတည်ရှိမှုကိုချဲ့ထွင်မှုအဖြစ် အခြားသောအနောက်နိုင်ငံတွေနဲ့ပူးပေါင်းဖို့ တောင်တရုတ်ပင်လယ်သို့ စစ်သင်္ဘောတစ်စင်းကို သြဂုတ် ၂ ရက်မှာ စေလွှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ဒေသအများစုကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး သဘာ၀ဓါတ်ငွေ့နဲ့ ပင်လယ်သယံဇာတတွေပေါကြွယ်၀ရာ လယ်ပြင်မှာ ကျွန်းတုတွေဖန်တီးပြီး စစ်အခြေစိုက်စခန်းတွေတည်တောက်ထားပါတယ်။ ဂျာမနီစစ်သင်္ဘောဟာ ဘုံကုန်သွယ်ရေးလမ်းကြောင်းအတိုင်းခုတ်မောင်းသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကပြစ်တင်ဝေဖန်လေ့ရှိပြီး အမေရိကန်ရေတပ်ကလှုပ်ရှားနေကြအတိုင်း ထိုင်၀မ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းဖွယ်မရှိဘူးလို့ ဂျာမနီတာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီသင်္ဘောပေါ်မှာ အမှုထမ်း ၂၀၀ ကျော်ပါ၀င်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထိ ဒေသတွင်းမှာ တာ၀န်ထမ်းဆောင်မယ်လို့ဆိုပါတယ်။ အမေရိကန်ရေတပ်ဟာ တရုတ်နိုင်ငံရဲ့နယ်မြေတောင်းဆိုမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လွတ်လပ်စွာခုတ်မောင်းသွားလာခွင့်ရှိတယ်ဆိုကာ အငြင်းပွားဖွယ်ကျွန်းတွေအနီးသူ့ရဲ့ စစ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းမှု ပုံမှန်လုပ်လေ့ရှိပါတယ်။ အမေရိကန်ရဲ့ အဲဒီလုပ်ရပ်တွေကို တရုတ်နိုင်ငံက…
Read More