ကမ္ဘာတပတ်ပြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မွေးရပ်မြေဝူဟန်တစ်မြို့လုံး ဗိုင်းရပ်စ်စစ်ရတော့မယ်

ပေကျင်း၊ သြဂုတ်-၃-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တစ်နှစ်ကျော်ကာလအတွင်း ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးတွေ့ရှိပြီးနောက် မြို့မှာနေထိုင်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးသွားမယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၃ ရက်မှာပြောပါတယ်။   မြို့နေပြည်သူ ၁၁ သန်းကို ဗိုင်းရပ်စ်ရှိမရှိ အလျှင်အမြန်စစ်ဆေးမှုများပြုလုပ်သွားမယ်လို့ ဝူဟန်မြို့ထိပ်တန်းတာ၀န်ရှိသူ Li Tao က သြဂုတ် ၃ ရက်တွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   ၀ူဟန်မြို့မှာ ၂၀၂၀ ခုနှစ်အစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားပြီး မကြုံစဖူးလော့ခ်ဒေါင်းချတာတွေပြုလုပ်ခဲ့ရပြီး တစ်နှစ်ကြာချိန်ထိ ဗိုင်းရပ်စ်ကူးစက်မတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားများအကြား မြို့မှာကူးစက်မှု ခုနှစ်ခုတွေ့ရှိခဲ့တယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   ဒါ့ပြင် နန်ကျင်းလေဆိပ် သန့်ရှင်းရေးသမားတွေမှာ ဗိုင်းရပ်စ်စတင်ကူးစက်မှုကြောင့် နိုင်ငံအနှံ့မှာ ကူးစက်မှုတွေရှိခဲ့ပြီး မြို့ကြီးဒါဇင်များစွာမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကူးစက်မှုဟာ…

Read More

ခင်ဦးနယ် ရွာသန်းကျေးရွာမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ သားအဖ ၂ ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ရွာသန်းကျေးရွာက ဒလန်လို့ နာမည်ထွက်နေသူ သားအဖ ၂ ယောက် မနေ့သြဂုတ် ၂ ရက် ၊ ည ၁၁ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ခင်ဦးမြို့ခံတစ်ယောက်က ” ရွာသန်းကျေးရွာက ကိုဖိုးပြားနဲ့ သူ့သား မောင်ချစ်ဦး တို့ ၂ ယောက် သတ်ခံရတာလို့ ဒီမနက်မှာ ကြားရတယ် ၊ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ကိုဖိုးပြား မိန်းမ ခင်မိုးမြင့်လည်း ကျည်ဆံထိမှန် ဒဏ်ရာရထားတယ် ” လို့ ပြောပါတယ် ။  …

Read More

ပုလဲနယ် ကြောင်ဝင်းဒူးရွာက သတင်းပေးသူလို့ နာမည်ထွက်နေသူ ဓားခုတ်ခံရလို့ သေဆုံး

သြဂုတ် ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်၊ ကန်းဒေါင့်အုပ်စု ၊ ကြောင်ဝင်ဒူးရွာမှာ မနေ့ သြဂုတ် ၂ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က သတင်းပေးသူလို့ နာမည်ထွက်နေသူတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ကန်းဒေါင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဒေါင့်ရွာခံ တစ်ယောက်က ” ကြောင်ဝင်ဒူးရွာက ဦးမြင့်သန်း အသက် ၅၄ ဝန်းကျင်ဟာ ရွာဘေးက ချောင်းထဲမှာ ဓားခုတ်ခံရလို့ နေရာမှာတင် သေဆုံးသွားတယ် “လို့ ပြောပါတယ်။   သေဆုံးသူ ဦးမြင့်သန်း ဆိုသူဟာ ကန့်ဒေါင့်ရဲစခန်းက ရဲဝန်ထမ်းတချို့နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြောဆိုဆက်ဆံတာတွေရှိတဲ့အတွက် သတင်းပေးသူလို့ နာမည်ထွက်နေတာကြောင့် သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သေဆုံးသူရဲ့…

Read More

မန္တလေးမြို့က လမ်းအချို့ကို ဝါးလုံးတားပြီးပိတ်ထား

မန္တလေး၊ သြဂုတ် ၃ -၂၀၂၁ Voice Of Myanmar   မန္တလေးမြို့ရှိ နေရာအချို့က လမ်းတွေကို ဝါးလုံးတားတာနဲ့ ကြိုးတားပြီး ပိတ်ထားတာတွေကို ဒီကနေ့ မနက်ပိုင်းကစတင်ကာ တွေ့ရှိလာတယ်လို့ မန္တလေးမြို့ခံတွေကနေ သိရပါတယ်။   ” အရင်က ပစ္စည်းပို့ရင် အဲ့ဒီလောက်လမ်းအများကြီးကို မရှောင်ရဘူး ပိတ်မထားတာကိုပြောတာ၊ ဒီနေ့မှ ဘာတွေဘယ်လိုဖြစ်ပြီး ပိတ်လိုက်တယ်ဆိုတာတော့ မသိဘူး၊ စစ်ဆေးရေး(နယ်ကျော်ကဒ်)စစ်တာတွေလည်း နေရာတိုင်းလိုလိုတွေ့ရတယ် “လို့ မန္တလေးမြို့မှာ ပစ္စည်းပို့ဆောင်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။   ကိုဗစ်ရောဂါဖြစ်ပွားနေချိန် အိမ်အပြင်ကိုထွက်ပါက ဈေးဝယ်ခွင့်ကဒ်နဲ့ နယ်ကျော်ကဒ်ယူဆောင်သွားရမယ်လို့ ဒေသန္တရဥပဒေထုတ်ထားပြီး နယ်ကျော်ကဒ်စစ်ဆေးချိန် ကဒ်မပါခဲ့ရင် ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ကြေညာခဲ့တာလည်း ရှိပါတယ်။   အခုလို လမ်းပိတ်ထားတာတွေနဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းကို ဆက်သွယ်ကြည့်ရာမှာတော့ ” ဝင်/ထွက် ကဒ်စစ်ဖို့ ယာယီသဘောမျိုး ပိတ်ထားတာပါ၊…

Read More

ကျယ်ဂေါင်က မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေကို ပြန်ဖို့ ဖိအားပေးနေတာကြောင့် အခက်အခဲ ဖြစ်နေ

ဩဂုတ် ၃၊ ၂၀၂၁ Shy V(VOM)   တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေကို မြန်မာနိုင်ငံပြန်ဖို့ တရုတ်ဘက်က ဖိအားပေးနေတာကြောင့် အခက်အခဲ ဖြစ်နေတတယ်လို့ ကျယ်ဂေါင်၊ ရွှေလီရောက် မြန်မာကျောက်ကုန်သည်တွေက ပြောပါတယ်။   “ကျောက်ကုန်သည်တွေက အပြည့်အစုံရှိပါတယ်။ နေထိုင်ခွင့်တွေရော၊ လုပ်ငန်းလိုင်စင်တွေရော ရှိတယ်လေ။ ဒါပေမယ့် ခုလို့ ကိုယ့်ပစ္စည်းတွေ ရှိနေတဲ့အခါကတော့ မပြန်ချင်ဘူး။ Quarantine ဝင်ရမယ်ဆိုရင် လည်း ဝင်လိုက်မယ်။ ပစ္စည်းတွေကို နှမြောလို့။ Quarantine ထွက်ပြီးရင်တော့ အခန်းထဲက ပစ္စည်းယူခွင့်ရှိတယ်။ ဒါပေမယ့် ကျောက်တွေကတော့ အကုန် ပြန်သယ် နိုင်ဖို့ မလွယ်ဘူး။” လို့ ကျယ်ဂေါင်က ကျောက်ကုန်သည် တစ်ဦးကပြောပါတယ်။   ကျောက်ကုန်သည်တွေ ဝင်ငွေမရှိပဲ ဆိုင်တွေ ပြန်ဖွင့် ဖို့စောင့်ဆိုင်းရင်း ၄ လကျော်လာသလို…

Read More

အထူးသံတမန်ခန့်အပ်တာကို အတည်ပြုဖို့ အာဆီယံအစည်းအဝေးမှာ မြန်မာကို အင်ဒိုနီးရှားတိုက်တွန်း

ဂျကာတာ၊ သြဂုတ်-၂-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်တာကို အတည်ပြုဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆူဒီက အာဆီယံနိုင်ငံခြားရေး၀န်ကြီး အစည်းအဝေးစတင်တဲ့ သြဂုတ် ၂ ရက်မှာ မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့အစီအစဉ်ဟာ တိုးတက်မှုအနည်းငယ် သာရှိတယ်လို့ဆိုပါတယ်။   မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ခြောက်လအကြာမှာ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေဟာ သြဂုတ် ၂ ရက်မှအစည်းအဝေးစတင်ကျင်းပနေပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့နဲ့ အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်ရေး တို့ကိုဆွေးနွေးလျှက်ရှိပါတယ်။   လက်ရှိချိန်ထိ အာဆီယံအထူးသံတမန်အဖြစ် အဆိုပြုထားသူတွေထဲက ဘယ်သူကိုခန့်အပ်မယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပေမယ့် သံတမန်ခန့်အပ်တဲ့ကိစ္စကို ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ဘရူနိုင်းက တရား၀င်ကြေညာမှာဖြစ်ပါတယ်။   အထူးသံတမန်တစ်ဦးခန့်အပ်ဖို့ အာဆီယံရဲ့အဆိုပြုမှုကို မြန်မာဘက်က ချက်ချင်းအတည်ပြုလိမ့်မယ်လို့ အင်ဒိုနီးရှားက မျှော်လင့်ကြောင်း နိုင်ငံခြားရေး၀န်ကြီး မာဆူဒီကဆိုပါတယ်။   ယခင်ကျင်းပခဲ့တဲ့…

Read More

မြန်မာနိုင်ငံကို ဆေးဝါးတွေတင်သွင်းဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးမယ်

ဒေလီ၊ သြဂုတ်-၂-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယအစိုးရရဲ့ ညွှန်ကြားချက်အရ အိမ်နီးချင်းမြန်မာနိုင်ငံသို့ ဆေးပစ္စည်းတွေတင်သွင်းဖို့အတွက် မိုရေးရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ဖို့ မဏိပူရအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။   အဲဒီလိုနယ်စပ်တွေကို ဖွင့်ပေးမှာဖြစ်ပေမယ့် အိန္ဒိယဘက်ကသာ မြန်မာဘက်ကို တင်သွင်းမှာဖြစ်ပြီး မြန်မာဘက်က တင်သွင်းမှုတွေကိုတော့ ကန့်သတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။   အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနဲ့ဆက်နွယ်တဲ့ ဆေးဝါးတွေတင်သွင်းပေးဖို့အတွက် မိုရေးရှိ နယ်စပ်ဂိတ် ၁ နဲ့ ၂ ကိုပြန်ဖွင့်ရေး လိုအပ်တာတွေလုပ်ဆောင်ဖို့ တာ၀န်ရှိသူတွေကို ပြည်နယ်အစိုးရက သြဂုတ် ၁ ရက်မှာ အသိပေးအကြောင်းကြားထားပါတယ်။   ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်ထဲမှာတော့ အိန္ဒိယမှ မြန်မာနိုင်ငံဘက်ကို ဆေးဝါးပစ္စည်းတွေ တင်သွင်းခြင်းကိုသာ ခွင့်ပြုသွားမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က တင်သွင်းတာတွေကိုတော့ ကန့်သတ်ထားတဲ့ တစ်လမ်းသွားစနစ်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။   နယ်စပ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေမြင့်တက်လာတာတာကြောင့်…

Read More

မြိုင်မြို့နယ်က ဗဟင်းမှာ လုံခြုံရေးအဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တို့ ထိတွေ့မှုတွေဖြစ်

သြဂုတ် ၊ ၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ပခုက္ကူခရိူင် မြိင်မြို့နယ် ဗဟင်းနယ်မြေ ရဲစခန်းကို သြဂုတ် ၁ ရက် မနေ့ ညဦးပိုင်းက ဒေသခံ PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့တယ်လို့ ဗဟင်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဗဟင်းဒေသခံ တစ်ယောက်က ” မနေ့ ညဦးပိုင်း ၆ နာရီ ဝန်းကျင်မှာ ရဲစခန်းကို PDF အဖွဲ့က တိုက်တယ် ၊ ရဲစခန်းက ဘက်ကလဲ ပြန်တိုက်ဖို့ အသင့်ဖြစ်နေတော့ အော်တိုမစ်တစ် သေနတ်တွေနဲ့ ခံပစ် ပစ်တယ် ၊ လက်နက်အင်အားချင်းက မမျှဘူး ၊ PDF ဘက်က အဖွဲ့ ခေါင်ဆောင် ၁…

Read More

မနေ့က ဗဟိုလမ်းနဲ့လှည်းတန်းစင်တာတွင် ဗုံးတွေ့ရှိပြိးနောက် ပြည်သူ ၁၅ဦး ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၊၂၀၂၁ KK(VOM)   မနေ့က ကမာရွတ်မြို့နယ် ၃ရပ်ကွက် ဗဟိုလမ်းနဲ့လှည်းတန်းစင်တာမှာဗုံးတွေ့ရှိပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ညပိုင်းမှာ ပြည်သူ၁၅ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။   မနေ့နေ့လယ်ပိုင်းက ၃ရပ်ကွက် BRBမှတ်တိုင် သုစိတ္တာရုံကျောင်းတိုက်အနီးတွင် ဗုံးတစ်လုံးတွေ့ရှိခဲ့ရာက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များဟာ လုံခြုံရေးအင်အားတိုးမြှင့်၍ ညနေပိုင်းမှာ အမျိုးသားငါးဦးကို စတင်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။   “အဲ့လိုဖမ်းပြီးမကြာဘူး ည၇နာရီလောက်မှာ လှည်းတန်းစင်တာမှာဗုံးတွေ့တယ်ဆိုပြီး ပြောလို့အရင်ကထက်ပိုပြီး ရဲတွေစစ်သားတွေအင်အားများလာတယ် ​ပြီးတော့ရပ်ကွက်ထဲမွှေတော့တာပဲ”ဟု သူကရှင်းပြပါတယ်။   ရဲတပ်ဖွဲ့ဝင်များနဲ့စစ်တပ်မှကားများရောက်လာချိန်တွင် ဗဟိုလမ်းပေါ်ရှိ အမျိုးသားခြောက်ဦးနဲ့BRBဆိုက်ကားဂိတ်မှအမျိုးသားနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များဟာ ည၁၂နာရီချိန်တွင်ထပ်မံရောက်ရှိလာပြီး မြမာလာလမ်းမှ အမျိုးသားတစ်ဦးနဲ့ရတနာလမ်းမှ အမျိုးသားတစ်ဦးကိုထပ်မံလာရောက်ဖမ်းဆီးခဲ့တယ်လို့ မြမာလာလမ်းမှ ပြည်သူတစ်ဦးကပြောပါတယ်။   မနေ့က ကမာရွတ်မြို့နယ် ၃ရပ်ကွက်ဗဟိုလမ်းနဲ့လှည်းတန်းစင်တာမှာ ဗုံးတွေ့ရှိမှုပြီးနောက် စုစုပေါင်းဖမ်းဆီးခံရသူပြည်သူ၁၅ဦးရှိပြီး ဖမ်းဆီးခံရတဲ့အကြောင်းအရင်းမသိတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူပန်နေကြတယ်လို့ သိရပါတယ်။   #voiceofmyanmar #vom…

Read More

ပင်လည်ဘူး ကင်းပန်းအုပ်ချုပ်ရေးမှူး ၊မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့ ဥက္ကဋ္ဌ၊ သေနတ်သမားတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံး

သြဂုတ် ၊ ၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ တောင်ဖီရွာအနီးမှာ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဌ လည်းဖြစ် ၊ ကင်းပန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူဟာ သေနတ်သမားတွေရဲ့ လုပ်ကြံ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ပင်လည်ဘူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ကင်းပန်းရွာခံ တယောက်က ” တောင်ဖီရွာအနီးက တံတားကို ပြင်နေတဲ့အချိန် သေနတ်သမား လူ ၈ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ ရောက်လာပြီး အုပ်ကြီး ဦးခင်ဇော်ဝင်းကိုယ် သေနတ်နဲ့ ၄ ချက် ပစ်ခတ် လုပ်ကြံခဲ့တာပါ ၊ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ အဲ့ဒီနေရာမှာတင် အုပ်ကြီး အသက်ကုန်သွားတယ် ၊ တမြန်မနေ့ ဇူလိုင်…

Read More
✕
VOM News

FREE
VIEW