မြန်မာနိုင်ငံကို ဆေးဝါးတွေတင်သွင်းဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးမယ်

ဒေလီ၊ သြဂုတ်-၂-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယအစိုးရရဲ့ ညွှန်ကြားချက်အရ အိမ်နီးချင်းမြန်မာနိုင်ငံသို့ ဆေးပစ္စည်းတွေတင်သွင်းဖို့အတွက် မိုရေးရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ဖို့ မဏိပူရအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
 
အဲဒီလိုနယ်စပ်တွေကို ဖွင့်ပေးမှာဖြစ်ပေမယ့် အိန္ဒိယဘက်ကသာ မြန်မာဘက်ကို တင်သွင်းမှာဖြစ်ပြီး မြန်မာဘက်က တင်သွင်းမှုတွေကိုတော့ ကန့်သတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။
 
အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနဲ့ဆက်နွယ်တဲ့ ဆေးဝါးတွေတင်သွင်းပေးဖို့အတွက် မိုရေးရှိ နယ်စပ်ဂိတ် ၁ နဲ့ ၂ ကိုပြန်ဖွင့်ရေး လိုအပ်တာတွေလုပ်ဆောင်ဖို့ တာ၀န်ရှိသူတွေကို ပြည်နယ်အစိုးရက သြဂုတ် ၁ ရက်မှာ အသိပေးအကြောင်းကြားထားပါတယ်။
 
ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်ထဲမှာတော့ အိန္ဒိယမှ မြန်မာနိုင်ငံဘက်ကို ဆေးဝါးပစ္စည်းတွေ တင်သွင်းခြင်းကိုသာ ခွင့်ပြုသွားမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က တင်သွင်းတာတွေကိုတော့ ကန့်သတ်ထားတဲ့ တစ်လမ်းသွားစနစ်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
နယ်စပ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေမြင့်တက်လာတာတာကြောင့် မိုရေးမြို့နဲ့ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကို မဏိပူရအစိုးရက မတ်လအတွင်းမှာ ပိတ်ပစ်ခဲ့ပါတယ်။
 
Ref: Imphal Free Press
Photo: IFP
 
#voiceofmyanmar #vom #အိန္ဒိယမြန်မာကုန်သွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW