အမေရိကန်နဲ့ အင်ဒိုနီးရှား အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

ဂျကာတာ၊ သြဂုတ်-၅-၂၀၂၁
မျိုးဆက် (VOM)

အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ရဲ့ အကြီးအစားစစ်ရေးပူးတွဲလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံမှာ သြဂုတ် ၄ ရက်က စတင်လိုက်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို ကာလီမန်တန်အပါအဝင် အင်ဒိုနီးရှားရှိအဓိကကျွန်းသုံးကျွန်းပေါ်မှာ သီတင်း နှစ်ပတ်ကြာပြုလုပ်မှာဖြစ်ပြီး အမေရိကန်နဲ့ အင်ဒိုနီးရှားတို့အကြား ဆက်ဆံရေးခိုင်မာအားကောင်းမှုကို အလေးပေးဖော်ပြဖို့ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင် ၃၇၀၀ ကျော်ပါဝင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်တောင်ပိုင်းရှိ နာတူနာကျွန်းစုရေပြင်ကို သူ့ရဲ့အထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ဒေသအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုထားပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့လက်ထက်မှာတော့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်နဲ့ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အရှေ့တောင်အာရှမှာ သူ့ရဲ့ပါဝင်မှုကို မြှင့်တင်လို့နေပါတယ်။

ယခုနှစ်အတွင်း ရေကြောင်းလေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ဖို့ အမေရိကန်ဟာ အင်ဒိုနီးရှားနိုင်ငံကို ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဆောင်းဦးရာသီရောက်ရင်လည်း နှစ်နိုင်ငံရေတပ်ပူးတွဲလေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

Ref: NHK
Photo: Anadolu
#voiceofmyanmar #VOM #ဂျာကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW