လာအိုဘက်က ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၆၀၀ ကျော် ထိရှိလာပြီး ၁၀၀ ကျော်မှာ ပိုးတွေ့

ဩဂုတ် ၁၀-၂၀၂၁
Shy V(VOM)
 
လာအိုဘက်က ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀ ကျော်ထိရှိလာပြီး ၁၀၀ ကျော်မှာ ပိုးတွေ့ကြောင်း တာချီလိတ်မြို့က လူမှုကူညီရေးအသင်းတွေနဲ့ ပြန်လာသူတွေဆီကနေ သိရပါတယ်။
 
COVID-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ ၃၀ ရက်နေ့၊ ဩဂုတ်လ ၁ ရက်နေ့၊ ၃ ရက်နေ့၊ ၈ရက်နေ့ တို့မှာ လာအိုဘက်က ပြည်တော်ပြန် ၆၉၇ ဦးထိ ဝင်ရောက်လာပြီး သူတို့ထဲက ၁၀၀ ကျော်ကို ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ဟုတ်တယ်။ ဟုတ်တယ်။ ကွာရန်တင်းဝင်မယ့်သူတွေ ထပ်စစ်တယ်။ လာအိုဘက်က နေ့တိုင်းတော့ မပို့ပေးဘူး။ မနေ့ကလည်း ဝင်လာတယ်။ ကျား ၈၀ ကျော်၊ မ ၅၀ ကျော်။” လို့ တာချီလိတ် မေတ္တာရှင် လူမှုကူညီရေး အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
COVID-19 ကာလအတွင်း လာအိုနိုင်ငံ၊ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ဘက်မှာ အခက်အခဲဖြစ်နေပြီး မြန်မာနိုင်ငံ ပြန်ချင်သူတွေကို တသုတ်ပြီး တသုတ်စီ ခွဲပို့ပေးနေတယ်လို့လည်း သိရပါတယ်။
 
” ၇ လပိုင်း ၃၀ ရက်နေ့ကစ ပြန်ကြတာ။ ၈ လပိုင်း ၁ ရက်နေ့က ဒုတိယ။ ၈ လပိုင်း ၃ ရက်နေ့က တတိယ။ ၈ လပိုင်း ၈ စတုတ္ထမြောက်” လို့ ရခိုင်-မြန်မာရွာမှာ သွားရောက်နေထိုင် အလုပ်လုပ်ပြီးပြန်လာသူ မလီလီ က ပြောပါတယ်။
 
ပထမအသုတ် မှာ ပြည်တော်ပြန်လာသူတွေ ၃၃ ဦးထဲက ၁ ဦး ပိုးတွေ့ ပြီး ဒုတိယအသုတ်မှာ ၂၂၁ ဦးထဲက ၂၇ ဦး၊ တတိယအသုတ်မှာ ၁၆၇ ဦးထဲက ၈၃ ဦး နဲ့ စတုတ္ထအသုတ်မှာ ၂၇၆ ဦးထဲက ၃၇ ဦး စသဖြင့် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိ ပိုးတွေ့ လူနာတွေကို တာချီလိတ် Quarantine Center မှာပဲ ဆေးကုသပေးနေပြီး အောက်စီဂျင်ကျ၊အသက်ရှူကျပ်မှသာ ဆေးရုံကိုလွှဲပြောင်းပေးတယ်လို့ COVID-19 Operation Teamဆီကနေ သိရပါတယ်။
 
Photo – LL
#voiceofmyanmar #VOM #လာအို

Related posts

Leave a Comment

VOM News

FREE
VIEW