ကန့်ဘလူမြို့နယ် ဇင်းရဲစခန်းက အဆောက်အဦးအားလုံး မီးလောင်

သြဂုတ် ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇင်းကျေးရွာ ၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းဘေးမှာရှိတဲ့ ဇင်းနယ်မြေရဲကင်းစခန်းဟာ သြဂုတ် ၁၀ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်ခန့်က မီးလောင်ခဲ့တယ်လို့ ဇင်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူ ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ” ဒီမနက် အစောပိုင်းက လောင်တာ ဟုတ်တယ် ၊ အဲ့ဒီ ရဲကင်းစခန်းမှာက တပ်ဖွဲ့ဝင်ချထားတာ မရှိဘူး ၊ စခန်းရုတ်ထားတာကြာပြီ ၊ စခန်းအဆောက်အဦး ဆုံးရှုံးသွားတယ် ” လို့ ပြောပါတယ်။   အဲ့ဒီ မီးလောင်သွားတဲ့ ရဲကင်းစခန်းဟာ ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ်…

Read More

မုံရွာ -ဂန့်ဂေါ ကလေးကားလမ်းမှာ ခရီးသည်တချို့ ဖမ်းဆီးခံရတာတွေဖြစ်ပြီးနောက် ပြောင်းရွှေ့ဝန်ထမ်းတွေ သွားလာရေး အဆင်မပြေ ဖြစ်နေ

သြဂုတ် ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မုံရွာ ဂန့်ဂေါ ကလေးကားလမ်း နဂါးမတောင်နဲ့ ပုံတောင်အကြား ၅၂ မိုင်အနီးဝန်းကျင်မှာ ခရီးသည်တချို့ဖမ်းဆီးခံရတာတွေဖြစ်ပေါ်ပြီးနောက် ပြောင်းရွှေ့ ဝန်ထမ်းတွေ သွားလာရေးအတွက် အဆင်မပြေ ဖြစ်နေကြတယ်လို့ ပြောင်းရွှေ့ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းကိုဖြတ်ပြီး ချင်းပြည်နယ်ကို ပြောင်းရွေ့တာဝန် သွားရောက် ထမ်းဆောင်ရမယ့် ဝန်ထမ်း တစ်ဦးက ” ချင်းပြည်နယ် ဟားခါးကိုသွားမယ်ဆိုရင် မုံရွာ ဂန့်ဂေါ ဟားခါး ကုန်လမ်းကြောင်းတခုပဲရှိတယ် ၊ ဒီလ ( သြဂုတ်) ၅ ရက်နေ့က မန္တလေးကနေ ကလေးမြို့သွားတဲ့ ခရီးသည်တင်ကား ၁ စီးကို ပုလဲမြို့ အနောက်ဘက် နဂါးမတောင်နဲ့ ပုံတောင်အကြား ၅၂…

Read More

လာအိုဘက်က ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၆၀၀ ကျော် ထိရှိလာပြီး ၁၀၀ ကျော်မှာ ပိုးတွေ့

ဩဂုတ် ၁၀-၂၀၂၁ Shy V(VOM)   လာအိုဘက်က ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀ ကျော်ထိရှိလာပြီး ၁၀၀ ကျော်မှာ ပိုးတွေ့ကြောင်း တာချီလိတ်မြို့က လူမှုကူညီရေးအသင်းတွေနဲ့ ပြန်လာသူတွေဆီကနေ သိရပါတယ်။   COVID-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ ၃၀ ရက်နေ့၊ ဩဂုတ်လ ၁ ရက်နေ့၊ ၃ ရက်နေ့၊ ၈ရက်နေ့ တို့မှာ လာအိုဘက်က ပြည်တော်ပြန် ၆၉၇ ဦးထိ ဝင်ရောက်လာပြီး သူတို့ထဲက ၁၀၀ ကျော်ကို ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   “ဟုတ်တယ်။ ဟုတ်တယ်။ ကွာရန်တင်းဝင်မယ့်သူတွေ ထပ်စစ်တယ်။ လာအိုဘက်က နေ့တိုင်းတော့ မပို့ပေးဘူး။ မနေ့ကလည်း ဝင်လာတယ်။ ကျား ၈၀ ကျော်၊ မ ၅၀ ကျော်။” လို့ တာချီလိတ် မေတ္တာရှင် လူမှုကူညီရေး…

Read More
VOM News

FREE
VIEW