ချောက်မြို့က ဌာနဆိုင်ရာ ဝန်ထမ်းအများစု စားသောက်နေကြ ထမင်းဆိုင်ပိုင်ရှင်အိမ် ဗုံး ၁ လုံးပေါက်

သြဂုတ် ၊ ၁၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ချောက်မြို့ အမှတ် ၁၂၊ ရွှေတွင်းကုန်းရပ် ၊ အနော်ရထာ ဧရာဝတီ မြစ်ကူးတံတား ချဥ်းကပ်လမ်းဘေးက ဦးချစ် ထမင်းဆိုင်ပိုင်ရှင်ရဲ့ အိမ်ကို မနေ့ သြဂုတ် ၁၁ ရက် ညနေပိုင်းက လက်လုပ်ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ချောက်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ဦးချစ် ထမင်းဆိုင်ဆိုတာ ချောက်မြို့ရဲ့ နာမည်ကြီး မြန်မာထမင်းဆိုင်ဖြစ်တယ် ၊ မနက်စာ ထမင်းစားချိန်ဆို ဆိပ်ဖြူဘက်ကလည်း လာစားကြတယ် ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အဓိကထား စားသောက်ကြတဲ့ဆိုင်ဖြစ်တယ် ၊ ဆိုင်ရှင်က ဦးချစ်မင်းစံ ဖြစ်တယ် ၊ သူ့ရဲ့အိမ်ကို ဗုံးလာထုသွားတာ ” လို့ ချောက်မြို့ခံ တစ်ယောက်က ပြောပါတယ် ။
 
” ဦးချစ် ထမင်းဆိုင် ပိုင်ရှင်ရဲ့အိမ်ကို ညနေပိုင်း ၃ နာရီဝန်ကျင်က လက်လုပ်ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲတာပါ ၊ နေအိမ် မီးဖိုဆောင်ဘက်မှာ ပေါက်ကွဲတာဖြစ်တယ် ၊ ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရ သေဆုံးတာ မရှိဘူး ” လို့ ချောက်မြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ပြောပါတယ် ။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်မှာ ဆိုင်ကယ် ၁ စီးနဲ့ အနက်ရောင်တွေ ဝတ်ဆင်ထားတဲ့ လူ ၂ ယောက်က လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ပေါက်သွားတာဖြစ်တယ်လို့ မျက်မြင်တွေ့လိုက်ရသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ လက်ရှိအချိန်ထိ ဗုံးခွဲသူကို ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
 
#voiceofmyanmar #vom #ချောက်
 
ပုံစာ ၊ လက်လုပ်ဗုံးကျရောက် ပေါက်ကွဲထားတဲ့ မြင်ကွင်း
 
ဓာတ်ပုံ ၊ ချောက်မြို့ခံ ၁ ဦး

Related posts

Leave a Comment

VOM News

FREE
VIEW