ပေါက်မြို့က NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်း ဖမ်းခံရ

ဩဂုတ် ၁၃-၂၀၂၁
(VOM)
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်မြင့်စန်းဟာ ဩဂုတ်၁၁ရက် ညက ပဲခူးတိုင်း၊ နတ်တလင်းမြို့ မှာ ဒေသခံရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။
 
ဒေါ်မြင့်စန်းနဲ့ နီးစပ်သူတဦးပြောပြတာက   ” ပြောရရင် မမြင့်စန်းက နတ္တလင်းက သူ့ညီမအိမ်ရောက်နေချိန် သူ့အမေက ပေါက်မြို့နယ် သမားတော်ရွာမှာဆုံးတယ်၊ ဒါကို ရဲကသိတော့သူ့ညီမကို ဆွေမျိုးတွေက သွားခေါ်ချိန် ညီမ ၂ ယောက်လုံးကို နတ္တလင်းရဲကဖမ်းတယ်။ နောက်နေ့ သူ့ညီမလွှတ်ပေးပြီး အိမ်ထောင်ဦးစီး ညီမယောင်္ကျားကို ထပ်ဖမ်းတယ်၊ ခု ပခုက္ကူထောင် ပို့ထားတယ်” လို့ ပြောပြပါတယ်။
 
ဒေါ်မြင့်စန်းဟာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) အဖွဲ့ဝင် ၁၅ ဦး ရှိတဲ့ထဲက တစ်ဦးဖြစ်ပြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။
 
ဒေါ်မြင့်စန်းဟာ ရူပဗေဒဘွဲ့နဲ့အထက်တန်းပြဆရာမလုပ်နေရာက အငြိမ်းစားယူပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NLD ပါတီကနေ ဝင်ရောက် ယှဥ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပါတယ်။
 
#voiceofmyanmar #vom #ပေါက် #ဒေါ်မြင့်စန်းဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW